အဆီ၊ အညစ်အကြေးနဲ့ ဆားဝက်ခြံတွေကို သေချာမသန့်စင်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ ❓🤔
အဆီ၊ အညစ်အကြေးနဲ့ ဆားဝက်ခြံတွေကို သေချာမသန့်စင်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ
လူတွေရဲ့ အရေပြားမှာ ချွေးထွက်ဖို့၊ အဆီတွေထုတ်ဖို့ သဘာဝအရ ချွေးပေါက်တွေက ရှိပြီးသားပါ။ ဒါပေမယ့် ဒီချွေးပေါက်တွေက ဆဲလ်သေတွေ၊ အဆီနဲ့ အညစ်အကြေးတွေ ပိတ်ဆို့လွယ်တာကြောင့် ပုံမှန်သန့်စင်ဖို့ လိုပါတယ်။
အဆီနဲ့ အညစ်အကြေးတွေကို ပုံမှန် မသန့်စင်တဲ့အခါ ချွေးပေါက်ထဲမှာ ပိတ်ဆို့ပြီး ချွေးပေါက်ကျယ်တာ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။
· အဆီဖု (Whiteheads) ဆိုတာက ချွေးပေါက်ပိတ်တဲ့အခါ ဖြစ်လာတဲ့ အဖုလေးတွေကို ခေါ်တာပါ။
· ဆားဝက်ခြံ (Blackheads)ဆိုတာကတော့ ချွေးပေါက်ကျယ်ပြီး အတွင်းပိုင်းက contentတွေ အောက်ဆီဂျင်နဲ့ ထိတွေ့လို့ မည်းသွားတာပဲ ဖြစ်ပါတယ်။
· ဒီကနေမှ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးပါ ဝင်လာမယ်ဆိုရင်တော့ ဝက်ခြံတွေပါ ထွက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် မျက်နှာကို နေ့စဉ် သေချာသန့်စင်ဖို့ လိုပါတယ်။ အနည်းဆုံးတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။
မျက်နှာသစ်တဲ့အခါမှာလည်း သာမန် cleanser အစား ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးနိုင်တဲ့ cleanser မျိုးကို အသုံးပြုသင့်ပါတယ်။ ဥပမာ AHA (Glycolic acid)၊ BHA (Salicylic acid) ပါဝင်တဲ့ cleanserတွေဆိုရင် အရေပြားအပေါ်ယံအလွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးနိုင်တာကြောင့် အဆီနဲ့ အညစ်အကြေးများကို ရှင်းလင်းပြီး အဆီဖုနဲ့ ဆားဝက်ခြံကို သက်သာစေတဲ့အပြင် ဝက်ခြံမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။
ဒီလို cleanserမျိုးက ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေ၊ ပေါင်းစပ်အသားအရေပိုင်ရှင်နဲ့ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်အတွက် အထူးသင့်တော်ပါတယ်။
Sébium Gel Moussant Actif မှာ Glycolic acidနဲ့ Salicylic acid ပါဝင်ပြီး ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးတဲ့အပြင် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ အရေပြားကို မထိခိုက်စေဘဲ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ skin friendly cleanser လည်း ဖြစ်ပါတယ်။
အဆီနဲ့ အညစ်အကြေးဆိုတာ မသန့်စင်ဘဲ ထားရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တဲ့အထိ ဖြစ်စေတာကြောင့် Sébium Gel Moussant Actifနဲ့ ပုံမှန်သန့်စင်ပေးဖို့ အကြံပြုချင်ပါတယ်။
Ref: https://www.frontrangedermatology.net/culprits-cause.../ https://my.clevelandclinic.org/.../22773-clogged-pores https://www.webmd.com/beauty/aha-bha-skin-exfoliate
ဆရာဝန်အကြံပြုချက်
Dr Thet Htar Swe Zin
M.B.,B.S (YGN)
Certified in Aesthetic Medicine (AAAM,USA)
Beauty Up Skin & Aesthetic Center
နေ့စဉ်နဲ့အမျှ သုံးနေတဲ့ထိတွေ့မှု ရှိနေတဲ့ skin care, cosmetic, chemical အညစ်အကြေးတွေ၊ မျက်နှာအရေပြားရဲ့ အဆီနဲ့ ဆဲလ်သေတွေက ရေနဲ့ မျက်နှာသစ်လိုက်ရုံနဲ့ အရှင်းမစင်သွားနိုင်ပါဘူး။ မျက်နှာသစ်ဆေးတော့သုံးလိုက်ပေမယ့်လဲ ကိုယ့်အရေပြားနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေးမရွေးချယ်မိတာ၊ တစ်နေ့၂ကြိမ် နည်းမှန်မှန်သေချာ မသစ်မိတာဆိုရင်လဲ မျက်နှာမွှေးညှင်းပေါက်လေးတွေမှာ အဆီအညစ်အကြေးတွေက ကပ်တင်ကျန်နေမှာပါပဲ။ ဒီလိုအညစ်ကြေးတွေ သေချာမသန့်စင်တဲ့အခါ နောက်ဆက်တွဲဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတော့
. မွှေးညှင်းပေါက်၊ချွေးပေါက်လေးတွေမှာ အဆီအညစ်ကြေးတွေ ပိတ်ကျန်ပြီး အရေပြားမှာ Bacteria ပိုးတွေတောင်ပွားများလာစေပါတယ်။
. ဒီလို ချွေးပေါက်ပိတ်တာ(clogged pores) ကနေ ဆားဝက်ခြံ၊ အဆီဖု၊ ယောင်ရမ်းဝက်ခြံ စတဲ့ ဝက်ခြံ အမျိုးမျိုး ပိုထွက်လာစေနိုင်ပါတယ်။
. မသန့်ရှင်းတဲ့အခါ အရေပြားနီတာ၊ ယားတာ စတဲ့ အရေပြားအခြေနေတွေလဲ ဖြစ်လာနိုင်ပါတယ်။
. Cleansing သေချာမလုပ်မိတာကြာလာရင် ဆဲလ်သေအညစ်ကြေးအလွှာလဲ ထူလာတာမို့ မျက်နှာ အသားရေက စိုပြေကြည်လင်မှုမရှိတော့ပဲ မှောင်ပြီးပိုညစ်ထေးလာပြီး အရေးအကြောင်း wrinkles တွေလဲ ပိုများလာစေနိုင်ပါတယ်။
ဒီလိုတွေ မဖြစ်အောင် မျက်နှာ အညစ်ကြေးတွေကို မွှေးညှင်းပေါက်တွေထဲထိ သန့်စင်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုး ရွေးချယ်သုံးဖို့ လိုပါတယ်။
အရေပြားရဲ့ အဆီ (sebum) ထုတ်လုပ်မှုကိုလဲ ထိန်းပေးပြီး အရေပြားကိုလဲ မထိခိုက်စေနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးဆိုရင် Salicylic acid cleanser အပျော့တွေ eg. Bioderma sebium gel moussant actif လိုမျိုးနဲ့ သစ်ပေးလို့ရပါတယ်။
#clenaser #Sebium #EmpoweSkinHealth #BiodermaMyanmar #SebiumGelMoussantActif #acne #blackhead