ကျန်းမာသောအသားအရေအတွက် ကျွန်ုပ်တို့၏ကတိကဝတ်များ

Bioderma - healthy skin

BIODERMA သည် NAOS ၏ အမှတ်တံဆိပ်ဖြစ်ပြီး ကျန်းမာသောအသားအရေကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ရန်ဖြစ်သည်။

အရေပြား၏သဘာဝအတိုင်းတည်ရှိမှုကို အလွန်အလေးထားစွာဖြင့် ကျွန်ုပ်တို့၏ထုတ်ကုန်များကို အရေပြားအတွက် လုံခြုံစိတ်ချစွာဖြင့် ထိခိုက်စေခြင်းမရှိအောင် ကောင်းမွန်သောနည်းလမ်းများဖြင့် အသုံးပြုသည်။

ကျွန်ုပ်တို့၏ထုတ်ကုန်များအားလုံးသည် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများနှင့် အရေပြားနှင့်ပက်သက်သော အကြောင်း အရာများကို လေ့လာနေသော အဖွဲ့အစည်းများထံမှ တိကျသောအကြံဉာဏ်များကိုရယူပြိး စံချိန်စံညွှန်းအတိုင်း ပြည့်မှီ အောင်ထုတ်လုပ်ထားသည်။

ကျွန်ုပ်တို့၏ထုတ်ကုန်များသည် လုံခြုံစိတ်ချရမှုနှင့်ထိရောက်မှုရှိမရှိ စစ်ဆေးမှုများကိုခံကြရသည်။

ကျွန်ုပ်တို့၏ထုတ်ကုန်များအားလုံးသည် ကမ္ဘာတဝှမ်းရှိ လွတ်လပ်သောကျွမ်းကျင်သည့်အရေပြားအထူးကုဆရာဝန်များ၊ ဓာတ်မတည့်မှုဆိုင်ရာပညာရှင်များနှင့် အဆိပ်အတောက်ဖြစ်ပွားမှုကို လေ့လာသောပညာရှင်များ၏ ကြီးကြပ်မှုဖြင့် စမ်းသပ်မှုများကိုပြုလုပ်ပြီးဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နိုင်ငံပေါင်း၃၀ကျော်တွင် စမ်းသပ်မှုပေါင်း၁၀၀ကျော်ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့ကိုလည်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဂျာနယ်များတွင်လည်း ပုံမှန်ထုတ်ဝေဖြန့်ချိခဲ့ပြီးဖြစ်သည်။

Bioderma - dermatological safety

ဘေးကင်းမှုနှင့် အမျိုးမျိုးသောဓာတ်မတည့်မှုတို့ကို အလေးထားခြင်းသည် ကျွန်ုပ်တို့၏ ဦးစားပေးဆောင်ရွက်ချက်ပင် ဖြစ်သည်။ ပါဝင်ပစ္စည်းများရွေးချယ်ရာတွင် ကျွန်ုပ်တို့၏ ဂေဟဗေဒဆိုင်ရာအခြေခံမှုများနှင့် ကျွန်ုပ်တို့၏ တင်းကျပ်သော အတည်ပြုမှု လုပ်ငန်းစဉ်များအတွက် ကျွန်ုပ်တို့တွင် စောင့်ကြည့်လေ့လာနေသော တင်းကြပ်သည့် အလှအပရေးရာ သတိဝီရိယရှိမှုများကိုအကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ပြီး ဆိုးကျိုးသက်ရောက်မှု တစ်ခုစီနှင့် ခံနိုင်ရည်ကို ဆန်းစစ်စေနိုင်သည်။

ယနေ့အထိ ရောင်းချသော ထုတ်ကုန် ၁,၀၀၀,၀၀၀ တွင် အမှုတခုထက်မနည်းကို ကျွန်ုပ်တို့အားတင်ပြခဲ့သည်။

Bioderma - dermatological safety

ကျွန်ုပ်တို့၏ထုတ်ကုန်အားလုံးသည် လက်ရှိနိုင်ငံတကာစည်းမျဉ်းများနှင့်ကိုက်ညီသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ မည်သည့် နေရာတွင်မဆို စားသုံးသူအကာအကွယ်ပေးမှု အဆင့်အမြင့်ဆုံးသော EU စည်းမျဉ်းများပါဝင်သည်။

ဤစည်းမျဉ်းများအပြင်၊ စားသုံးသူဘေးကင်းရေးဆိုင်ရာ ဉရောပသိပ္ပံကော်မတီ၏ အထူးအကြံဉာဏ်များကိုလည်း အထူးဂရုပြုပါသည်။ (ဉပမာ - ပြန်ရည်ဂလင်းများကို ပျက်စီးစေ၊ နှောင့်ယှက်သည့်ပစ္စည်းများ သို့မဟုတ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေသည့်အရာများ) သိပ္ပံနည်းကျ သဘောတူခွင့်ပြုချက်ဖြင့် အတည်ပြုထားသည့် ပါဝင်ပစ္စည်းနှင့်ပက်သက်ပြီး သံသယဖြစ်စရာရှိရင် ထိုပါဝင်ပစ္စည်းများကို ဖယ်ရှားဖို့ သို့မဟုတ် အစားထိုးဖို့ လုပ်ရပါမည်။

Bioderma - dermatological safety

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကုန်ကြမ်းပစ္စည်းများ၏ဇစ်မြစ်နှင့် အလုံးစုံခြေရာခံနိုင်မှုကိုထိန်းချုပ်ရန် ကတိကဝတ်ပြုထား ပါသည်။ ပါဝင်ပစ္စည်းတစ်ခုခြင်းစီသည် တင်းကြပ်သောဇီဝဗေဒဆိုင်ရာထိရောက်မှုနှင့် အရေပြားဆိုင်ရာလုံခြုံမှုစံနှုန်း များကို အလေးထားသည်။

Bioderma - Ingredients selection process

ပါဝင်ပစ္စည်းအားလုံးသည် ပြည့်စုံကောင်းမွန်စွာသတ်မှတ်ထားပြီး တိကျသောလုပ်ငန်းစဉ်ကိုလိုက်နာသည်။

  1. ပါဝင်ပစ္စည်း၏မူလဇစ်မြစ်မှသည် မည်သို့မည်ပုံပြောင်းလဲသွားသည်အထိ အလုံးစုံခြေရာခံထိန်းချုပ်မှု
  2. မည်မျှသန့်စင်ကြောင်းတွက်ချက်ခြင်း
  3. အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများကိုသန့်စင်ခြင်းနှင့် သတ်မှတ်ထားသော ပမာဏထက် မကျော်လွန်အောင် ဆန်းစစ်ခြင်း
  4. လွတ်လပ်သော အဆိပ်အတောက်ဖြစ်ပွားမှုကို လေ့လာသောပညာရှင်များ၏အကူအညီဖြင့် ပါဝင်ပစ္စည်းများ၏ အဆိပ်အတောက်ဖြစ်စေသော အများဆုံးပမာဏကိုချင့်ချိန်ခြင်း

ကျွန်ုပ်တို့၏ရည်ရွယ်ချက်- လူအများနှင့်ချိတ်ဆက်ပြီး လူသားအားလုံးအတွက် အတူတကွ ထောက်ပံ ပေးနိုင်ရန်။

ကမ္ဘာတစ်ဝှမ်း အရေပြားရောဂါနှင့် ပက်သက်၍ အထောက်အကူပြုနိုင်ရေး

BIODERMA မှစီစဉ်သော ကမ္ဘာတစ်ဝှမ်းလုံးမှအရေပြားဆိုင်ရာဆုံရပ်

ကမ္ဘာတစ်ဝှမ်းမှအရေပြားဆိုင်ရာဆုံရပ်သည် ထူးခြားသောအစည်းအဝေးဖြစ်သည်။ ၎င်းသည် ၂ နှစ်တစ်ကြိမ် အတော်ဆုံး အရေပြားပညာရှင်များ၏ နောက်ဆုံးလေ့လာတွေ့ရှိမှုများကို ပေါင်းစပ်ဆွေးနွေးခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းမှဆရာဝန်များနှင့် အရေပြားဆိုင်ရာဗဟုသုတများကိုမျှဝေရန်နှင့် အခြေခံဇီဝဗေဒဆိုင်ရာ သုတေသနများကိုသိရှိစေရန် တက်ကြွစွာကူညီပေးနေသည်။

အရေပြားအကြောင်းကိုပိုမိုသိရှိစေရန်နှင့် အရေပြားကျန်းမာမှုအတွက် ပိုမိုကောင်းမွန်သောစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် ၄၂ နိုင်ငံမှ ၄၂၀ သော လူများဖြင့် အစည်းအဝေးများ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

NAOS World Rendez-Vous on Dermatology

လူနာများ၏ လူနေမှုအဆင့်အတန်းတိုးတက်စေရန်နှင့် အရေပြားထိန်းသိမ်းရေးအတွက် သုတေသနများ

BIODERMA နှင့် Institut Curie တို့မှ ကျွမ်းကျင်ပညာရှင်များမှဉီးဆောင်၍ ကင်ဆာရောဂါကုသနေသော လူနာများ၏ လူနေမှုအဆင့်အတန်းကို တိုးတက်အောင်ဆောင်ရွက်ပေးနေသည်။.

အရေပြားတွင်ဖြစ်ပေါ်နေသော ဘေးထွက်ဆိုးကျိုးများကိုကုသရန်နှင့် အရေပြားထိန်းသိမ်းမှုတို့ကို တိုးတက်ကောင်းမွန် စေရန် Space for the Care and Study of the Skin” စင်တာအသစ်ကို ဖွင့်လှစ်ထားသည်။

ထိုစင်တာတွင် အောက်ပါရည်ရွယ်ချက်များနှင့် ဆောင်ရွက်နေသည်။

  • လူနာများ၏ ကုသမှုဆိုင်ရာလမ်းစဉ်များတွင် ပိုမိုတိုးတက်စေရန်အတွက် လူနာများသက်တောင့်သက်သာ ဖြစ်စေပြီး သူတို့၏ပြောစကားများကိုနားထောင်ပေးသော နေရာတစ်ခုဖြစ်စေရန်
  • အရေပြားအတွက် အဆိပ်အတောက်ဖြစ်စေသောအရာများကို သုံးသပ်ပြီး ပိုမိုနားလည်စေပြီး ကာကွယ်ကုသ နိုင်သော နေရာတစ်ခုဖြစ်စေရန်။ ထိုလေ့လာတွေ့ရှိချက်များကို ပုံနှိပ်ထုတ်ဝေပြီး အစည်းအဝေးများတွင် တင်ပြခြင်းဖြင့် သိပ္ပံနည်းပညာဆိုင်ရာ အသိဉာဏ်များ တိုးပွားစေရန် ကူညီပေးနေသည်။

ထို့အပြင် BIODERMA သည် လူနာများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရန်အတွက် လူနာများကို ပြုစုစောင့်ရှောက်ရသော သူများအတွက် 1st Care Research Grant ဟုခေါ်သော အစီအစဉ်ဖြင့် တိုးတက်အောင် ထောက်ပံ့ပေးနေသည်။

company-institut curie

လူမှုရေးတာဝန်များအတွက် ရေရှည်တည်တံ့သော အဖြေများလဲပေးခြင်း

၂၀၀၉ ခုနှစ်မှ စတင်၍ BIODERMA သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် (Vietnam, Cambodia, Myanmar) တို့တွင် အရေပြားဆိုင်ရာဆရာဝန်များ၊ ဆေးဝါးကျွမ်းကျင်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း များ၏အကူအညီဖြင့် လူသားချင်းစာနာမှုဆိုင်ရာတာဝန်များကို ဦးဆောင်နေခဲ့သည်။ ၎င်းတို့တွင် ဆေးပညာဆိုင်ရာ အကူအညီများပေးခြင်း၊ IT နည်းပညာများနှင့် ဆက်စပ်ပစ္စည်းများကို ဒေသခံများသို့ပေးဝေခြင်းတို့ပါဝင်သည်။ တာဝန် တစ်ခုချင်းစီတွင် လူအယောက် ၂၀၀၀ နီးပါးအား ဆွေးနွေးပေးခြင်း၊ ကာကွယ်ရေးနည်းလမ်းများနှင့် (ဆေးပစ္စည်း သို့ မျက်မှန် စသည်ဖြင့်) လှူဒါန်းခြင်းတို့ပါဝင်သည်။

အရေပြားကျွမ်းကျင်ပညာရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ပူပြင်းခြောက်သွေ့သောနိုင်ငံများဖြစ်သည့် Tanzania သို့မဟုတ် Ecuador နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြို့တော်ခန်းမများတွင် နေရောင်ခြည် ကာကွယ် ခြင်းနှင့်ပက်သက်သော ပညာပေးခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာလှုပ်ရှားမှုများကိုလည်း လုပ်ဆောင်နေသည်။

လူနေမှုအဆင့်အတန်းမြင့်မားစေရန် လိုအပ်နေသည့်နေရာများတွင်လည်း ဒေသအလိုက် အတူတကွလက်တွဲလုပ်ဆောင် မှုများဖြင့် ကူညီပေးနေသည်။ အထူးသဖြင့် Bulgaria တွင် ကျွန်ုပ်တို့သည် ဝက်ခြံအကြောင်းနှင့် မည်သို့ဆောင်ရွက်ရမည် ကို ကျောင်းများနှင့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ကြားဝင်ဆောင်ရွက်ပေးသည်။ Lithuania နိုင်ငံတွင် ကျွန်ုပ်တို့၏ ငါးနှစ်သက်တမ်းရှိသော atopy ကျောင်းများသို့ မိဘနှင့်ကလေးများအား ဖိတ်ခေါ်ခဲ့သည်။ Peru နိုင်ငံတွင် ကျွန်ုပ်တို့သည် ဆေးရုံများရှိ ကင်ဆာရောဂါခံစားနေရသောကလေးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိနိုင်သော atopic ကလေးများနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ဤလုပ်ရပ်အားလုံးသည် ကျွန်ုပ်တို့၏ နက်ရှိုင်းစွာတည်ရှိနေသော လူ့စံနှုန်းများအတွက် ကျွန်ုပ်တို့၏ တက်ကြွသော စိတ်ဓာတ်ကို င်ဟပ်စေသည်။

responsible missions

ကျွန်ုပ်တို့၏တာဝန်မှာ အလုံးစုံဂရုစိုက်ခြင်းဖြစ်သည့် အရေပြားကိုဂရုစိုက်ခြင်း၊ လူကိုဂရုစိုက်ခြင်းနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကို ဂရုစိုက်ခြင်းစသည်တို့ ဖြစ်သည်။

respect for the environment

ကျွန်ုပ်တို့၏ ကတိကဝတ်များ

ပတ်ဝန်းကျင်ကိုကာကွယ်ခြင်းသည် ကျွန်ုပ်တို့နေ့စဉ်အလေးထားမှု၏ အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်း များစွာအချိန်ယူ၍ ကျွန်ုပ်တို့၏ထုတ်ကုန်များ၏ ဆက်စပ်ပစ္စည်းများမှတဆင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု များ အလျော့နည်းဆုံးဖြစ်အောင်ပြောင်းလဲပြီး စတင်လုပ်ဆောင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် NAOS တွင် ကျွန်ုပ်တို့ မည်သို့မည်ပုံလုပ်သည်က ကျွန်ုပ်တို့လုပ်သောအရာထက် အရေးကြီးသော ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျော့ချပြီး ပေါင်းစပ်ရန်ဖြစ်နိုင်ကြောင်း သက်သေပြရန် ကတိကဝတ်ပြုထားပါသည်။

  • strive for sustainability

    ထို့ကြောင့် ကျွန်ုပ်တို့၏ကတိကဝတ်များသည် အဓိက ၅ ရပ်အပေါ် အခြေခံသည်။:

    1.ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် ကျွန်ုပ်တို့၏ရေနှင့် စွမ်းအင်သုံးစွဲမှုကာဗွန်ဓာတ်များကို လျော့ချထားသည်။

    2.ကျွန်ုပ်တို့၏ထုတ်ပိုးမှုသည် ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုကို တိုးတက်စေသည်။

    3.ပါဝင်ပစ္စည်းများနှင့် ၎င်းတို့၏ဖော်မြူလာသည် သဘာဝပတ်ဝန်းကျင်နှင့်သင့်မြတ်အောင် ဆောင်ရွက်နိုင်ခြင်း

    4.ကုန်ပစ္စည်းများသုံးစွဲသူများအား ညွှန်ကြားချက်များနှင့် သင့်လျော်သောအသုံးပြုမှုကို သတိပြုမိစေရန်

    5.ကျွန်ုပ်တို့ထုတ်ကုန်များ၏ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများအတွက် အတူတကွပူးပေါင်းစည်းခြင်းနှင့် လျော်ကြေး ပေးခြင်းလုပ်ရပ်များ ပါဝင်သည်။

NAOS တွင် ပွင့်လင်းမြင်သာမှုသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်နှင့်အတူ ကုန်ပစ္စည်းများကို နားလည်သဘောပေါက်ပြီး ရွေးချယ်ပေးရန် နေ့စဉ် ကတိကဝတ်ဖြစ်သည်

ထို့ကြောင့် ကျွန်ုပ်တို့သည် Ask.NAOS platform ကို ဖန်တီးခဲ့သည်။ ၎င်းတွင် သတင်းအချက်အလက်များနှင့် NAOS အမှတ်တံဆိပ်ထုတ်ကုန်များ (BIODERMA, Institut Esthederm, Etat Pur) ၏ ပါဝင်ပစ္စည်းများအကြောင်းပါဝင်သည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များအသုံးပြုသူများနှင့် ညွှန်းဆိုပေးသူများအတွက် ကျွန်ုပ်တို့၏ ပါဝင်ပစ္စည်းများသဘောသဘာဝ၊ ဇစ်မြစ်နှင့်အခန်းကအပြင် ကျွန်ုပ်တို့၏မူပိုင်ခွင့်များနှင့်နည်းပညာများကို ပြည့်ပြည့်ဝဝပြည့်စုံစွာ ပြန်လည်ဖြည့်တင်း ထားသည်။

ကျွန်ုပ်တို့၏ ပါဝင်ပစ္စည်းများနှင့် ပက်သက်၍ တင်ကူးမှန်းဆထားသော အကြံဉာဏ်မရှိပါ။ အရေးကြီးသောအရာမှာ ချန်လှပ်ခြင်းမဟုတ်ဘဲ ၎င်းတို့တခုချင်းစီ၏ အသုံးဝင်မှုဖြစ်သည်။ ၎င်းသည် အရေပြား၏ ကျန်းမာရေးအတွက် အကောင်းဆုံးပေးဖို့ အပြုသဘောဆောင်တဲ့ ဖော်မြုလာရွေးချယ်မှုဖြစ်ပါသည်။

နောက်ထပ်စည်းမျဉ်းစည်းကမ်းများအပြင် ကျွန်ုပ်တို့သည် စားသုံးသူဘေးကင်းရေးဆိုင်ရာ ဉရောပသိပ္ပံဆိုင်ရာကော်မတီ မှထုတ်ပေးသည့် ထင်မြင်ချက်များကို အထူးဂရုပြုပါသည်။ အထူးသဖြင့် ပြန်ရည်ဂလင်းများကို ပျက်စီးစေ၊ နှောင့်ယှက်စေသည့် ပစ္စည်းများ (သို့မဟုတ်) ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့်အရာများ ပါဝင်သည်ဟု သံသယရှိပါက ဤအရာကို ဖျက်သိမ်းခြင်း သို့မဟုတ် အစားထိုးခြင်းလုပ်ငန်းစဉ်ကို စတင်သည်။

company- formulas laboratory

ကျွန်ုပ်တို့သည် အဓိကအားဖြင့် အဆီတွင်ပျော်ဝင်နိုင်သော နေရောင်ကာကွယ်ဆေး(ရေမကြိုက်သော)ကို အဓိက ရွေးချယ်ပြီး ၎င်းတို့ကို ကျွန်ုပ်တို့၏ထုတ်ကုန်များနှင့် ပေါင်းစပ်သောကြောင့် ရေတွင်ပျော်ဝင်ခြင်းကို အမြင့်ဆုံးအဆင့်ထိ ခုခံကာကွယ်နိုင်သည်။ ထိုနည်းလမ်းဖြင့် နေရောင်ခြည်ကာကွယ်မှုသည် အရေပြားပေါ်တွင် ကြာမြင့်စွာထိန်းသိမ်းနိုင်ပြီး အရေပြားပေါ်ရှိ ရေဓာတ်စနစ်ကိုအလေးထားကာ သက်ရောက်မှုကို လျော့နည်းထားသည်။ လွတ်လပ်သော အဖွဲ့အစည်း များ၏ စစ်ဆေးမှုများအရ ကျွန်ုပ်တို့၏ထုတ်ကုန်များသည် coral များအတွက် အဆိပ်အတောက်မဖြစ်ကြောင်း သက်သေ ပြခဲ့သည်။ ဤစမ်းသပ်ချက်များသည် အဏ္ဏဝါရေညှိများ၏ အစာချက်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုမရှိကြောင်း ပြသခဲ့သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် အရေပြားခံနိုင်ရည်မရှိသော အညစ်အကြေးမျိုးစုံအား ထိန်းချုပ်နိုင်ရန်ရည်ရွယ်သည်။

company- commitments marine ecosystem

နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့သည် အောက်ပါအချက်များကို တတ်နိုင်သမျှလုပ်ဆောင်ရန် ကတိပြုပါသည်။

  • ပိုမိုကြီမားတိုးတက်သော ပုံစံဖြင့်သွားခြင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စားသုံးသူများအတွက် ရှေ့ဆောင်များဖြစ်သည်။ ထိုနည်းလမ်းဖြင့် ပစ္စည်းများကို တတ်နိုင်သမျှလျှော့ကျနိုင်ရန် ရည်ရွယ်ထားသည်။
  • အလွန်အကျွံထုတ်ပိုးခြင်းကို ကန့်သတ်ခြင်- ထို့ကြောင့် ကျွန်ုတို့၏ ထုတ်ကုန်အများစုတွင် ဗူး သို့မဟုတ် အညွှန်း မပါဝင်ပါ။
  • FSC တံဆိပ်ပါသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော ကတ်ထူဘူးများကို ရယူအသုံးပြုထားခြင်း
  • ထုတ်လုပ်မှုတခုလုံးကိုခြေရာခံနိုင်ခြင်းနှင့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များသည် ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု များကို အာမခံနိုင်သည်။ ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာမှုကို အာမခံသောသူများနှင့်သာ အလုပ်လုပ်သည်။
  • ကုမ္ပဏီ၏နေရာများမှ စွန့်ပစ်ပစ္စည်းများကိုလျော့ချခြင်းနှင့် ပြန်လည်အသုံးပြနိုင်ရန် ဆောင်ရွက်သည်။
strive for sustainability