“ကျွန်ုပ်တို့လုပ်ဆောင်နေသော အလုပ်တိုင်းထက် ကျွန်ုပ်တို့ဆောင်ရွက်ပုံတိုင်းသည် ပို၍အရေးပါသည်။”

Bioderma - care for family skin

BIODERMA သည် NAOS ၏ တံဆိပ်တစ်ခုဖြစ်သည်၊ သက်ရှိဖြစ်စဉ်အကြောင်း ကောင်းစွာသိရှိသက်ဝင်ပြီး စိတ်ရင်းအမှန် ဖြင့် အထူးထုတ်လုပ်ပေးထားသည်။

BIODERMA တံဆိပ်နှင့် ဆက်နွယ်ခြင်းဆိုသည်မှာ NAOS ကုမ္ပဏီနှင့်ဆက်နွယ်လိုက်ခြင်းဖြစ်ပြီး ဂေဟစနစ်ကဲ့သို့ တစ်ခုနှင့်တစ်ခု နှီးနှောချိတ်ဆက်လုပ်ဆောင်ပြီး ထူးခြားဆန်းသစ်သော လူနေမှုကွန်ယက်၏ အဖွဲ့ဝင်အဖြစ် ပါဝင်လိုက်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့လုပ်သားအားလုံးတွင် တူညီသောအချက်ရှိသည်။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့၏ကုန်အမှတ်တံဆိပ်ကို လူသိများစေရန် အတူတကွကြိုးစားဆောင်ရွက်နေကြပြီး စိတ်ဝင်စားဖွယ်ရာ စိန်ခေါ်မှုအရပ်ရပ်တွင် ပူးပေါင်း ပါဝင် နေကြသည်။

ကျွန်ုပ်တို့အားလုံးတွင်ရှိသော အရည်အချင်းများကို ထုတ်ဖော်ပြသရန် ကျွန်ုပ်တို့အားလုံးကိုယ်တိုင် ယုံကြည်မှုရှိ ကြသည်။

သင်သည် ကမ္ဘာတစ်ဝှမ်း မည်သည့်အရပ်မှဖြစ်စေ၊ အရည်အချင်းရှိသူတိုင်းကို ကျွန်ုပ်တို့အမြဲရှာဖွေလျက်ရှိသည်။

နိုင်ငံပေါင်း ၁၀၀ တွင်တည်ရှိပြီး၊ သီးခြားအခိုင်အမာ ရပ်တည်ထားသည်၊ NAOS သည် နိုင်ငံတကာနှင့်ယှဉ်၍ skincare အသားအရေထိန်းသိမ်းမှုအခန်းကမှ ပါဝင်တည်ရှိသည်။ NAOS ၏ ကုန်အမှတ်တံဆိပ် ၃ မျိုးမှာ BIODERMA, Institut Esthederm နှင့် Etat Pur တို့ဖြစ်သည်။

လူသားနှင့်ပတ်ဝန်းကျင် တည်တံ့ရေးပေါ်မူတည်၍ အနာဂတ်တွင် ပို၍ထိန်းထားနိုင်ရန် ရည်ရွယ်ပြီးထားရှိမှုသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည်။

 

သို့ဖြစ်၍ ကျွန်ုပ်တို့ နေ့စဉ်လူနေမှုဘဝ၊ လှုပ်ရှားသွားလာမှုနှင့် အတွေးအခေါ်ခံယူချက်များကို မူတည်၍ ပိုမိုကျန်းမာသော အရေပြားထိန်းသိမ်းမှုများအတွက် နိုင်ငံနှင့်အဝှမ်း ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိသည်။

Bioderma - company-map

BIODERMA အသင်းသည် လူ့တန်ဖိုးနှင့် ကျင့်ဝတ်သိက္ခာအတိုင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး ပိုမိုခိုင်မာသော ကုမ္ပဏီတစ်ရပ်ဖြစ်ရန်၊ဤသို့တည်ရှိထားသောကုမ္ပဏီသည် အရေပြားရောဂါဗေဒလေ့လာမှုအပေါ် စိတ်ထားထက်သန်စွာ နှစ်မြှုပ်ထားရှိသည်။

Bioderma - NAOS values

ကျွန်ုပ်တို့လုပ်နေသော အလုပ်တိုင်းထက် ကျွန်ုပ်တို့ဆောင်ရွက်ပုံတိုင်းသည် ပို၍အရေးပါသည်။

ဆန်းသစ်တီထွင်မှု၊ ဖန်တီးကြံဆမှု၊ ဆောင်ရွက်မှုတို့ကို လွတ်လပ်စွာတွေးခေါ်လျက်ရှိပြီး တစ်ဦးနှင့်တစ်ဦး အလေးထားကာ သဟဇာတဖြစ်အောင် နေ့စဉ်လုပ်ကိုင်လျက်ရှိသည်။

ကျွန်ုပ်တို့၏တာဝန်အပေါ် စိတ်အားထက်သန်မှု၊ ယုံကြည်မှု၊ ကြင်နာမှုတို့ဖြင့် ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ တိုးတက် လျက်ရှိသည်။

NAOS ၏ တန်ဖိုးသည် ကျွန်ုပ်တို့တစ်သားတည်းဖြစ်ခြင်းကို ထင်ဟပ်စေသည်။

NAOS သည် ကျွန်ုပ်တို့အားအသက်သွင်းပေးသည်။ စည်းလုံးမှုရှိရန်နှင့် ကျွန်ုပ်တို့၏ဆက်သွယ်မှု၊ ဆုံးဖြတ်မှုတို့အတွက် ရှေ့ဆောင်လမ်းပြဖြစ်ပေးသည်။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုသည် နေ့စဉ်တိုးတက်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဇီဝဗေဒ ပညာရှင် များ၊ အရေပြားဆရာဝန်များ၊ ကျန်းမာရေးပါရဂူများ၊ ဆေးဝါးပညာရှင်များ ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျန်းမာသော အရေပြားဖြစ်ရန် နေ့စဉ်နှင့်အမျှ ထိန်းသိမ်းထူထောင်လျက် ရှိနေခြင်းကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့သည် သင်တို့၏လိုအပ်ချက်၊ အကြံပြုချက်များ နေ့စဉ်နားထောင်လျက်ရှိသည်။ သင်တို့လိုအပ်ချက်နှင့် ဂေဟ စနစ်ကို ကောင်းစွာသိရှိနားလည်ပြီး သင့်အရေပြားတုံ့ပြန်မှုသည် သင်၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှု ဖြစ်စေ ရန် ကျွန်ုပ်တို့ကိုအထောက်အပံ့ပေးသော မရှိမဖြစ်အရာဖြစ်သည်။

ဇီဝဖြစ်စဉ်များ၊ အရေပြားပြောင်းလဲပုံများ၊ မျှခြေမဖြစ်ပုံများ၏ အကြောင်းရင်းများကို ကျွန်ုပ်တို့စီစစ်လေ့လာပြီး၊ အကြောင်းကြောင်းကြောင့် တုံ့ပြန်မှုများဖြစ်နေခြင်းအားလုံးကို ဂရုပြုပြီး ထိရောက်မှုရှိသော ထုတ်ကုန်များကို ဖန်တီး လျက်ရှိသည်။

ဤကဲ့သို့ ကျွန်ုပ်တို့အားလုံး စိတ်နှစ်၍ ကြိုးစားအားထုတ်ထားမှုများ၊ ဆောင်ရွက်ထားရှိမှုများမှတဆင့် ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်မှုများမှသည် ပိုမိုကျန်းမာသော လောကဆီသို့ အတူချီလှမ်းကြပါစို့။