အရေပြား၏ကျန်းမာရေးကို အဓိကအခြေခံခြင်း

Bioderma - expert focusing on skin

ကျွန်ုပ်တို့၏ကျွမ်းကျင်မှု : အရေပြား၏ဇီဝဗေဒ

BIODERMA သည် အရေပြား၏ဇီဝဗေဒဆိုင်ရာတွင် အခြေခံပြီး နှစ်ပေါင်း (၄၀)ကျော်နေသော NAOS brand စ်ခုဖြစ်သည်။ ဆန်းသစ်တီထွင်မှုနှင့် အရေပြားကျန်းမာရေးကို အလေးပေးမှုများကြောင့် ကနဦးကျွမ်းကျင်ရှင် များဖြစ်ခဲ့ရသည်။

 

ကျန်းမာသောအရေပြားကို လူတိုင်းပိုင်ဆိုင်နိုင်သောကြောင့် အသက်အရွယ်မရွေး၊ အရေပြားပုံစံမရွေးအတွက် အရေပြားဆိုင်ရာကျွမ်းကျင်မှုဖြင့် ဖန်တီးထုတ်လုပ်ထားသည်။

အရေပြားပြဿနာများကိုဖြေရှင်းရန်နှင့် ကျန်းမာသောအရေပြားကို ထိန်းသိမ်းနိုင်စေရန် တစ်ကမ္ဘာလုံးမှ ကျွမ်းကျင်ဆရာဝန်များနှင့် အတူတကွလုပ်ဆောင်နေသည်။ တုံ့ပြန်၊ ခြောက်သွေ့၊ ဝက်ခြံထွက်လွယ် အစရှိ သော…. အရေပြားပုံစံများကို အားဖြည့်ပေးပြီး ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင် ကူညီပေးသည်။

လက်တွေ့ကျကျအသုံးပြုမှုလွယ်ကူစေရန် ပုံစံရေးဆွဲထားခြင်းဖြင့်လည်း အရေပြားကို သဘာဝအတိုင်းရေရှည်ခံ အောင်ကူညီထောက်ပံ့သည်။

BIODERMA သည် NAOS ၏ သုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုပေါ်မူတည်ထားသည်။

နေ့စဉ် နိုင်ငံတကာအဆင့်မှီကျောင်းများ၊ သုတေသနများနှင့် ပူးပေါင်း၍ Aix-en-Provence တွင် ပြုလုပ်သည်။

နောက်ဆုံးအဆင့်မှီလေ့လာချက်များကို အမြဲပြုလုပ်နေသောကြောင့် ကျွန်ုပ်တို့၏ အရေပြားဆိုင်ရာ အသိပညာ များဖြစ်သော အရေပြား၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုဆိုင်ရာပြဿနာများ၊ ပြန်လည်ပြန့်ပွားခြင်းနှင့် ကာကွယ်မှု များတွင် ကျွမ်းကျင်ခဲ့ရပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်ကိုလက်ခံသော တစ်ကမ္ဘာလုံးရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များဖြစ်သော အရေပြားဆရာဝန်၊ ကင်ဆာရောဂါဆရာဝန်၊ ဆေးရုံဝန်ထမ်း၊ ဆေးဝါးကျွမ်းကျင်မှုများ အားလုံးက ကျွန်ုပ်တို့၏ သုတေသနလုပ်ငန်းများမှာ ပါဝင်ပေးကြပါသည်။

အားလုံးအတူတကွ အရေပြား၏ အလုံးစုံအကြောင်းအရာများကို ပိုမိုသိရှိနားလည်ပြီး အသစ်အသစ်သော တီထွင်ဆန်းသစ်မှုများနှင့် ဖြေရှင်းချက်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ တစိုက်မတ်မတ် တိုးတက်မှုများသည် ကျွန်ုပ်တို့ကို လူတစ်ဦးချင်း၏ အရေပြားဆိုင်ရာကျန်းမာရေးကို တဆင့်ပြီးတဆင့် နားလည်စေခဲ့သည်။

Bioderma - experts community

Bioderma - women in laboratory

ထုတ်ကုန်အသစ်များကို တီထွင်ထုတ်လုပ်ရာတွင် ကျွန်ုပ်တို့သည် ဆရာဝန်များ၊ အရေပြားအထူးကု ဆရာ၀န်များ၊ ကျွမ်းကျင်ပညာရှင်များတို့နှင့် လက်တွဲကြိုးစားဆောင်ရွက်သည်။

ကျွန်ုပ်တို့၏ဆက်ဆံရေးသည် လက်ခံနိုင်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်းနှင့် ထောက်ထားစာနာမှုရှိခြင်း တို့အပေါ်အခြေခံထားပါသည်။ သို့မှသာကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖော်မြူလာများနှင့် ဖော်မြူလာရေးဆွဲမှု များကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

စိတ်ကူးစိတ်သန်းမှစတင်၍ နောက်ဆုံးထုတ်ကုန်အထိ ၎င်းတို့၏ ထိရောက်မှုစွမ်းရည်နှင့် အရေပြား၏ ခံနိုင်မှုစွမ်းရည်တို့ကို အကဲဖြတ်ခြင်းအပါအဝင် BIODERMA သည် သီးခြားကျွမ်းကျင်ပညာရှင်များနှင့် သုံးစွဲသူများကိုဖိတ်ခေါ်၍ ကျွန်ုပ်တို့၏ထုတ်ကုန်များသည် ၎င်းတို့၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် အောင်သေချာမေးပါသည်။ စကားဝိုင်းတွေ့ဆုံဆွေးနွေးခြင်းများမှဖြစ်စေ တစ်ဦးချင်းတွေ့ဆုံမေးမြန်းခြင်းမှ ဖြစ်စေ ကျွန်ုပ်တို့၏ထုတ်ကုန်ပစ္စည်းများကို ကျွန်ုပ်တို့၏လူနေမှုအသိုင်းအဝိုင်းများမှ လက်ခံကြလိမ့်မည်ဟု သေချာအောင်ပြုလုပ်စေပါသည်။

အသားအရေအားလုံးသည် တမျိုးတမူထူးခြားသောကြောင့် BIODERMA မှ ဇီဝကမ္ပဗေဒဆိုင်ရာနိယာမများကို အခြေခံ၍ လိုက်လျောညီထွေမှုရှိသောတုံပြန်မှုများဖြင့် ဂရုတစိုက် တာဝန်ယူစောင့်ရှောက်ပေးပါသည်။

ပြီးပြည့်စုံသောအသားအရေ သန့်စင်ထားခြင်းသည် ကျန်းမာသောအရေပြားအတွက် မရှိမဖြစ် လိုအပ်သည်ဟု ကျွန်ုပ်တို့ BIODERMA မှ ယုံကြည်ထားပါသည်။ သင့်လျော်စွာသန့်စင်ခြင်းသည် အသားအရေထိန်းသိမ်းခြင်း၏ ပထမဆုံးအဆင့်ဖြစ်ပြီး အလှအပဆိုင်ရာပစ္စည်းများထိရောက်မှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသောကြောင့် ကျွန်ုပ်တို့မှ အရေပြားထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းလမ်းတစ်သွယ်ဟု မှတ်ယူထားပါသည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် ၁၉၉၇ ခုနှစ်တွင် ဆန်းသစ်တီထွင်မှုအနေဖြင့် Nodé shampooing (ပထမဦးဆုံး နူးညံ့ညင်သာပြီး ဆပ်ပြာပါဝင်မှုမရှိသောဖော်မြူလာဖြင့် ထုတ်လုပ်ထားသောရှန်ပူ)ကို အရေပြားဆိုင်ရာသန့်စင်ခြင်း ထုတ်ကုန်အနေဖြင့် တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ အထင်ကရဆန်းသစ်တီထွင်ထားခဲ့သော Sensibio H2O သည် သုံးစွဲသူတို့၏အရေပြားကို ထိခိုက်မှုမရှိသော အရေပြားဆိုင်ရာကျွမ်းကျင်သူတို့ ရှာဖွေနေသော သုံးစွဲသူတို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်ထုတ်ကုန်ဟုသတ်မှတ်နိုင်ပါသည်။ BIODERMA မှ ထိခိုက်လွယ် သောအသားအရေကို အနက်ရှိုင်းဆုံးအလွှာအထိ သန့်စင်ပေးနိုင်သော ထိုပထမဦးဆုံး micellar water ကို ပထမ ဦးဆုံး ထုတ်လုပ်သူအနေဖြင့် ဈေးကွက်ထဲတွင် တီထွင်ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

Bioderma - woman cleansing her face

မရှိမဖြစ်လိုအပ်သော နေ့စဉ်သုံး ထုတ်ကုန်များဖြင့် အရေပြားကိုသန့်စင်ခြင်းနှင့် အရေပြား အတွက် လိုအပ်သောရေဓာတ်ကို ဖြည့်ဆည်းပေးခြင်း။

ကျွန်ုပ်တို့၏ထုတ်ကုန်များတွင် DAF (Dermatological Advanced Formulation) ဟု ခေါ်သော သဘာဝမှရရှိသော ပစ္စည်းများပါဝင်ပြီး ၎င်းတို့သည် အသားအရေ၏တုံ့ပြန်မှုည်း အောင်ကူညီပေးပါသည်။

Bioderma - preserve healthy skin

ကျွန်ုပ်တို့သည် နိုင်ငံတကာမူပိုင်ခွင့်ရထားသော ပစ္စည်းတို့ဖြင့် အရေပြားအခြေအနေပေါ် မူတည်၍ ပစ်မှတ်ထားသောတုံ့ပြန်မှုများ ရရှိစေရန်ရည်ရွယ်၍ ကျွန်ုပ်တို့ထုတ်ကုန်များကို တီထွင်ထုတ်လုပ်ထားပါသည်။ ဇီဝဂေဟဗေဒဆိုင်ရာနိယာမတို့ကို အခြေခံထားသောကြောင့် ကျွန်ုပ်တို့၏ထုတ်ကုန်များသည် ပုံမှန်မဟုတ်သော အရေပြားလုပ်ဆောင်မှုများ၏ အဓိက အကြောင်းအရင်းများကို သွားရောက်ပြုပြင်ပေးပြီး အရေပြား၏ သဘာဝအတိုင်း ပြည်လည် ရှင်သန်နိုင်အောင် ကူညီပေးပါသည်။

Bioderma - adolescent with acne-prone

အချို့သော နာတာရှည်ရောဂါများ (ဆီးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အစရှိသဖြင့်)တို့တွင် ဆေးဖက်ဆိုင်ရာကုသမှုများသည် အရေပြားကိုအားနည်းစေပြီး အရေပြားဆိုင်ရာ ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

Bioderma - dermatological accompaniment

  • ask naos

    AskNAOS.com၌ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံဉာဏ်များတောင်းခံနိုင်ပါသည်

နှစ်ပေါင်း၄၀ကျော်အတွင်း ကျွန်ုပ်တို့သည် လက်လှမ်းမှီနိုင်အောင် ခိုင်မာထိရောက်သောဖြေရှင်းချက်များကို ရှာဖွေလျက် ရှိပြီး နေ့စဉ်ဘဝ၌ အသားအရေထိန်းသိမ်းမှုကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ကူညီပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်မှုအချို့များ

2010

Bioderma_matricium

Matricium

MATRICIUM (TM)

MatriciumTM သည် ဆေးပညာသုံး စက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ၎င်းတွင် ဇီဝတုပပစ္စည်းများ(သဘာဝအတိုင်း အရေပြားတွင် ရှိနေသော ဓာတ်ပစ္စည်းများ)ပါဝင်ပါသည်။ ၁၄နှစ်ကြာဇီဝဆိုင်ရာ သုတေသနများ ရလဒ်များဖြင့် အရေပြားအတွက် လိုအပ်သောအာဟာရဓာတ်များ ထောက်ပံ့ပေးပြီး တစ်ရှုးဆဲလ်များ ပြန်လည်ရှင်သန်စေရန် လုပ်ဆောင်စေပါသည်။

2014

Bioderma_atoderm-intensive-baume

Atoderm

Atoderm Intensive Baume

Atoderm Intensive Baume သည် ခြောက်သွေ့ယားယံသောအသားအရေအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Lipigenium နည်းပညာဖြင့်ထုတ်လုပ်ထားသော ဇီဝတုပ lipid များသည် ကျန်းမာသောအသားအရေ၏ ဖွဲ့စည်းမှုကို တုပကာ သဘာဝအတိုင်း ပရိုတင်းဓာတ်နှင့် အဆီဓာတ်ထုတ်လုပ်မှုကို လုပ်ဆောင်ပေးပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အရေပြားအကာအကွယ်ကို တည်ဆောက်ပေးပြီး ပြင်ပမှဓာတ်မတည့်မှုများ ထိုးဖောက်ဝင်ရောက်မှု များကို ကာကွယ်ပေးပါသည်။ Atopic dermatitis ဟုခေါ်သော အရေပြားရောဂါတစ်မျိုးတွင် ပါဝင်သောပစ္စည်း Skin Barrier Therapy complex သည် ပြင်ပမှအရေပြားခြောက်သွေ့မှုကိုဖြစ်စေသော (staphylococcus aureus) ဟုခေါ်သည့် ဘက်တီးရီးယားတစ်မျိုးတွယ်ကပ်ခြင်းကို ကာကွယ်ပေးသည်။ မှန်ကန်သောပမာဏ အသုံးပြုခြင်းဖြင့် အသားအရေကိုထိန်းသိမ်းပေးပြီး သက်တောင့်သက်သာဖြစ်စေပါသည်။

2020

Bioderma_medisecure

Medi-Secure

Medi-Secure approach

Medi-Secure ချဉ်းကပ်မှုသည် တချို့သောရောဂါများနှင့်ကုသမှုကြောင့် အားနည်းသွားသောမညီမျှမှုများကို ထည့်သွင်း စဉ်းစားထားပါသည်။ ဇီဝဗေဒဆိုင်ရာနိယာမကိုအခြေခံပြီး အဓိကထောက်တိုင်၃ခုဖြင့် တည်ဆောက်ထားပါသည်။ ထို၃ခုမှာ သေချာစွာရွေးချယ်ထားသည့် ပါဝင်ပစ္စည်းများ၊ ကျန်းမာရေးနှင့်အညီ hygienic TubairlessTM ထုတ်ပိုးမှုပုံစံနှင့်ဆေးပညာနှင့်၊ ကင်ဆာရောဂါဆိုင်ရာ လေ့လာမှုတို့ဖြစ်ပါသည်။ ထိုချဉ်းကပ်မှုမှ ထုတ်ကုန်နှစ်မျိုးကို မွေးဖွားခဲ့ပါသည်။ Atoderm Xereane သည် ကင်ဆာ၊ ဆီးချို နှင့် ကျောက်ကပ်ဆေးခြင်း အစရှိသည့် ရောဂါကုသမှု များကြောင့် ခြောက်သွေ့သွားသည့် အသားအရေကို အာဟာရ ထိန်းသိမ်းမှုပေးပြီး Cicabio Restor သည် ကင်ဆာရောဂါကုသမှုကြောင့် အားနည်းသွားသော အရေပြားကို ကာကွယ်မှု ပေးပါသည်။