ပေါင်းစပ်အဆီပြန်အသားအရေမှ ဝက်ခြံဖြစ်လွယ်သောအသားအရေ
အဆီပြန် ဝက်ခြံဖြစ်လွယ်သော ပေါင်းစပ်အသားအရေ၌ အရေပြား၏ အဆီထုတ်လုပ်မှုသည် စနစ်တကျ ထိန်သိမ်းထားခြင်းမရှိပါ။ ပေါင်းစပ်အသားအရေများတွင် အဆီဂလင်းများစွာရှိသော T-zone ၌သာ အဆီပြန်လေ့ရှိပြီး အဆီပြန်သော အသားအရေ၌ အဆီပမာဏ များစွာဖြင့် မျက်နှာတစ်ပြင်လုံး အဆီပြန်လေ့ရှိပါသည်။
ထိုအဆီပြန်သောအသားအရေသည် ဝက်ခြံများကို ဖြစ်လွယ်စေပြီး အကယ်၍ အဆီ၏အရည်အသွေးပြောင်းလဲသွားခြင်းနှင့် ဘက်တီးရီးယားတို့၏ မူမမှန်သော ပွားများခြင်းများရှိပါက အမည်းစက် အနာအဆာများဖြစ်ပွားရာ မျက်နှာ သို့မဟုတ် ကိုယ်ခန္ဓာတို့တွင် ဖြစ်ပေါ်လာနိုင်ပါသည်။