Combination to Oily Blemished Skin

အဆီပြန် အသားအရေသည် ယေဘူယျအားဖြင့် ထူထဲပြီး ချွေးပေါက်ကျယ်ခြင်း၊ မွဲခြောက်ပြီး အဆီပြန်နေခြင်းတို့ဖြစ်သည်။ အဆီများပြားခြင်းကြောင့်ဖြစ်ပြီး ဝက်ခြံဖုများ၊ ဆားဝက်ခြံကဲ့သို့ အဖုအပိန့်များကို ဖြစ်စေသည်။ ပေါင်းစပ်အသားအရေတွင် အဖုအပိန့်များသည်  T-နေရာဖြစ်သော နဖူး၊ နှာခေါင်း နှင့် မေးစေ့တို့တွင်ရှိတတ်ပြီး အခြားမျက်နှာ အခြားမျက်နှာအစိတ်အပိုင်းနှင့် ခန္ဓာကိုယ်တွင် ပုံမှန် (သို့) ခြောက်သွေ့နေတတ်သည်။ ပေါင်းစပ်အသားအရေသည် ထိခိုက်လွယ်သည်။

ဘယ်အရာက ဝက်ခြံဖြစ်စေသလဲ?

ဝက်ခြံဆိုသည်မှာ အဆီဂလင်း နှင့် မွှေးညှင်းပေါက်ကို ထိခိုက်စေသောရောင်ရမ်းမှု 
အခြေအနေဖြစ်သည်။ အဓိက အကြောင်းရင်း (၃) ခုက ချိတ်ဆက်နေသည်။ 

Too much sebum pore

Hyperseborrhoea

ဆိုသည်မှာ ဆယ်ကျော်သက်ဝင်ချိန်တွင် ဟော်မုန်းပြောင်းလဲမှု ရလဒ်ကြောင့် အဆီအများအပြားထုတ်ခြင်းဖြစ်သည်။ အရေပြားတွင် အဆီပြန်လာပြီး အဆီ၏ ဖွဲ့စည်းပုံလည်း ပြောင်းလဲသွားနိုင်သည်။ အဆီသည် ပိုမိုပျစ်ခဲနေပြီး မွှေးညင်းပေါက်ထဲက မထွက်နိုင်တော့ပဲ ချွေးပေါက်ကို ပိတ်ဆို့ထားသည်။

Clogged pore

Hyperkeratinisation

ဆဲလ်နံရံအတွင်းဆဲလ်ပွားများမှု အလွန်များလာသဖြင့် အ‌ပေါက်ပိတ်ကာ အဆီများအပြင်ထွက်မရဖြစ်လာသည်။ ထိုအခါ ချွေးပေါက်ပိတ်လာပြီး အသားအရောင်ရှိ ဝက်ခြံသေး (သို့) အမဲအဆံရှိသော ဆားဝက်ခြံတို့ ဖြစ်လာသည်။

Inflamed pore

ဘက်တီးရီးယားပိုးပွှားများလာခြင်း

acnes ဟုခေါ်သော သဘာဝအတိုင်း လူတိုင်း ၏ အရေပြားပေါ်တွင် ရှိနေသော ဘက်တီးရီးယားသည် အဆီကို စားသုံး၍ ရှင်သန်ရသည်။ သို့သော် အဆီပြန်သမားများတွင် ဘက်တီးရီးယားပိုးမွှားသည် pilo-sebaceous follicle တွင် ပွားများပြီး ရောင်ရမ်းမှုကိုဖြစ်စေသည်။ ချွေးပေါက်ပိတ်ခြင်းမှစ၍ နာကျင်စေသော အနီရောင်ဝက်ခြံ ရောင်ရမ်းမှုကို တဆင့် ဖြစ်စေသည်။

အရေပြားအဖုအပိန့်ထခြင်းအမျိုးအစားများ?

အဆီထုတ်လုပ်မှုများခြင်းကြောင့် ဝက်ခြံအမျိုးမျိုးရှိသည်။

ထိုအခြေအနေများသည် နှစ်ပေါင်းများစွာတည်ရှိနိုင်ပြီး comedones များရှိသ၍ ပြန်လည်ရောင်ရမ်းနိုင်သည်။

Microcyst

Comedonal lesions

အဆီဖု (သို့) microcysts
ဆားဝက်ခြံ၊ ၅ မီလီမီတာထက်ကြီးလျှင် microcyst ဟုခေါ်သည်။

Papule

ရောင်ရမ်းဝက်ခြံ

ရောင်ရမ်းနေသော ဝက်ခြံသေး၊ ပြည်ရှိဝက်ခြံ၊ ဝက်ခြံကြီး

Relief scar

အမာရွတ်ကျန်ဝက်ခြံ

ရောင်ရမ်းခြင်းကြောင့် ကျန်ရှိခဲ့သော အမဲရောင်အကွက်များ

ရှားပါးသော အခြေအနေတွင် မိခင်၏ androgen ဟော်မုန်းကြောင့် မွေးကင်းစ (သို့) ကလေးငယ်များတွင်ဖြစ်နိုင်သည်။ ဆယ်ကျော်သက်မှာ အများဆုံးဖြစ်သည်။ အကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်သည်။ 
အသက် ၁၂ မှ ၁၄ ကြားတွင် အဆီအများဆုံးရှိသော မျက်နှာ၊ ရင်ဘတ်တို့တွင် စတင် တတ်သည်။ ပျိုဖော်ဝင်ချိန်တွင် ဟော်မုန်းထုတ်လုပ်မှုမညီမျှခြင်းကြောင့် ဝက်ခြံဖြစ်လာသည်။ 
အမျိုးသမီး အသက် ၃၀ ဝန်းကျင်တွင် ဝက်ခြံများ မေးရိုးနှင့် လည်ပင်းတွင်ထွက်တတ်သည်။ ဟော်မုန်းသည်လည်း အခြားသောဝက်ခြံ ထွက်စေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

Mother and daughter sitting and together

အမျိုးသမီးများတွင်ဖြစ်သောဝက်ခြံအမျိုးမျိုး

လူလတ်ပိုင်းတွင်ဖြစ်သော ဝက်ခြံထွက်စေသောကြောင်းအရာများ 

Sun

မသင့်တော်သောအလှကုန်ပစ္စည်း

မသင့်တော်သောအလှကုန်ပစ္စည်း

Smoking

ဆေးလိပ်

လိပ်သောက်ခြင်း တို့ပါဝင်သည်။ ၄၁% တွင် ဆေးလိပ်သောက်ပြီး ၉% က ဆေးလိပ်မသောက်ပေး။

Microbiomy

မျိုးရိုးဗီဇရှိသူများသည်လည်း

ဝက်ခြံပိုမို‌ပေါက်နိုင်သည်။

Pills

အချို့သောဆေးဝါးများ၊

၊ တားဆေး၊ ဟော်မုန်းဆေး၊ စိတ်ကြွဆေးများသည် ဝက်ခြံပိုထွက် စေသည်။

ဆယ်ကျော်သက်တို့၏ အရေပြားနှင့်မတူသည်မှာ အရွယ်နုသောအမျိုးသမီးများသည်။ အဆီထုတ်လုပ်မှုနည်းပါးသောကြောင့် မေးစေ့၊ လည်ပင်းနှင့်မေးရိုးနားတွင် ဝက်ခြံထွက်သည်။ ရေရှည်မကြာခဏပြန်ဖြစ်လေ့ရှိပြီး သင့်တော်သော ဆေးကုသမှုလိုအပ်သည်။

သင်သိပါသလား?

အသက် ၂၅ အထက်အမျိုးသမီး ၅၀% တွင် ဝက်ခြံပြဿနာရှိသည်။
ထိုအထဲမှ ၄၀% သည် ဆယ်ကျော်သက်အရွယ်တွင် ဝက်ခြံမရှိပေ။

  •  ကုသမှုကိုသေချာလိုက်နာပါ။

ဝက်ခြံကုထုံးများသည် ပထမအကြိမ်တွင် မသိသာသောကြောင့် စိတ်ရှည်ရမည်။ သို့သော် နေ့စဉ်ကုသမှုခံယူလျှင် ရလဒ်ကောင်းကို ရရှိနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်ချင်းနှင့် ဝက်ခြံအမျိုးအစားပေါ်မူတည်၍ မနက်နှင့်ညဆေးသောက်ပါက ၄ ပတ်မှ ၆ ပတ်အတွင်း သိသာစွာ သက်သာလာမည်။

  •  နေ‌ရောင်ခြည်ကိုရှောင်ကျဉ်ပါ။

နေရောင်ကြောင့် သင့်အသားအရောင်ညိုပြီး ဝက်ခြံ၊ အမာရွတ်၊ အဆီပြန်ခြင်းများ သက်သာသွားသလိုရှိသော်လည်း ရေရှည်တွင် အဖုအပိန့်များ ပိုဆိုးလာနိုင်ပြီး သဘာဝအတိုင်း အသားရောင်ပြန်ဖြစ်သွားပါက ဝက်ခြံအမာရွတ်များ ပိုဆိုးနိုင်သည်။ ထိုကဲ့သို့ မဖြစ်စေရန် သင့်မျက်နှာကို SPF 30 ပါသော မစေးကပ်သည့် ဖြန်းဆေး (သို့) ဝက်ခြံသမားအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော နေရောင်ကာလိမ်းဆေးကို လိမ်းရမည်။

  • ဝက်ခြံဖုများကိုမကိုင်ရ။

ဝက်ခြံဖုများကို များများကိုလေ ရောင်ရမ်းမှုပိုဆိုးလေဖြစ်ပြီး ပြည်တည်လာပြီး အမာရွတ်ကျန်လေဖြစ်မည်။

Woman taking medication

အရေပြား၏ အဆီနှင့် ရေလွှာကို မထိခိုက်စေသော သန့်စင်ပစ္စည်းများကို သုံးရမည်။ အခြားသော အညစ်အကြေးဖယ်ကုထုံးများမလုပ်နေလျှင် scrub လုပ်နိုင်သည်။ အဆီပြန်အသားအရေကို သန့်စင်ရာတွင် micellar water သည် အလွန်အရေးပါသည်။ မိတ်ကပ်မလိမ်းလျှင်ပင် ညနေတိုင်း သန့်စင်ပေးရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တနေကုန် အရေပြားတွင် ကပ်နေသော အညစ်အကြေးနှင့် အမှုန်များကို ဖယ်ရှားပြီးသားဖြစ်သွားသည်။

Woman with acne-prone skin cleaning her face

တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အဆီပြန် ဝက်ခြံထွက်လွယ်အသားအရေအတွက် အဓိကထုတ်ထားသော ကုသမှုဆေးများကို သေချာလိမ်းရမည်။ ဆရာဝန်ညွှန်ကြားချက်ဖြင့် ပုံမှန်လိမ်းရမည်။ အရေပြားခြောက်သွေ့စေသော သောက်ဆေး (သို့) လိမ်းဆေး လိမ်းနေရပါက သင့်အရေပြားနှင့် နှုတ်ခမ်းအတွက် လိုအပ်သော အစိုဓာတ်ပြန်လည် ဖြည့်တင်းပေးရမည်။ ချွေးပေါက် မပိတ်စေသော BB ခရင်မ် မိတ်ကပ်အောက်ခံသုံးခြင်းဖြင့် ဝက်ခြံများကို ခေတ္တဖုံးကွယ်နိုင်သည်။

Woman with acne-prone skin looking in a mirror

Sébium Sensitive

ထိရှလွယ်ဝက်ခြံအရေပြားအတွက် အရေပြားကို သက်တောင့်သက်သာဖြစ်စေပြီး ရေဓာတ်ဖြည့်ကာ အစက်ပြောက်များကို ဖယ်ရှားပေးသည်။

ကုသမှုခံယူနေသော အဆီပြန် ၀က်ခြံထွက်လွယ်သောအသားရေများအတွက် အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက်

Sébium Global

အစက်အပြောက်များကိုဖယ်ရှားပေးပြီး ထပ်မံမဖြစ်အောင် ကာကွယ်ပေးသည်။

အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက်

Sébium Gel moussant

ညင်သာစွာသန့်စင်ပေးသည်။
အညစ်အကြေးများကို ဖယ်ရှားပေးပြီး၊ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးသည်။

ပေါင်းစပ်အသားရေနှင့် အဆီပြန်အသားရေများအတွက်

Sébium Hydra

ကုသမှုများပြုပြီး အရေပြားလွန်စွာခြောက်သွေ့နေပါက ထိရောက်စွာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အာဟာရဓာတ်ဖြည့်ပေးသည်။

အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက် ကုသမှုခံယူနေသော အဆီပြန် ၀က်ခြံထွက်လွယ်သောအသားရေများအတွက်

Sébium Pore refiner

ချွေးပေါက်ကျယ်များကို အရေပြားဆိုင်ရာ ထိန်းသိမ်းပြုပြင်မှုဖြင့် ချွေး‌ပေါက်များ ကျဉ်းစေသည်။

ပေါင်းစပ်အသားရေနှင့် အဆီပြန်အသားရေများအတွက်

Sébium H2O

အရေပြားဆိုင်ရာ micellar water မိတ်ကပ်ဖျက်‌ပေးခြင်းနှင့် အရေပြားကို မခြောက်သွေ့စေပဲ သန့်စင်ပေးနိုင်သည်။

အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက် ပေါင်းစပ်အသားရေနှင့် အဆီပြန်အသားရေများအတွက်