Sébium Gel moussant

ညင်သာစွာသန့်စင်ပေးသည်။
အညစ်အကြေးများကို ဖယ်ရှားပေးပြီး၊ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးသည်။

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

ပေါင်းစပ်အသားအရေမှအဆီပြန်သော အသားအရေ

D.A.F. Patent

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

ဘာပါဝင်ပစ္စည်းတွေပါ၀င်သလဲ?

အသေးစိတ်ကြည့်ရှုရန်
Prescribed by dermatologists အရေပြားအထူးကုမှညွှန်ကြားထားသော

နူးညံ့ညင်သာသော သန့်စင်ရည်

အရေပြားသန့်စင်ပေးပြီး သက်တောင့်သက်သာ ဖြစ်စေသည် ၁၀၀% (၁)

  • ညင်သာစွာသန့်စင်ပေးသည်။
  • အဆီထုတ်လုပ်မှုကို လျှော့ချပေးသည်။
  • ချွေး‌ပေါက်များ မပိတ်စေရန် ကောင်းစွာသန့်စင်ပေးသည်။
  • အရေပြားအားကောင်းစေပြီးမျက်လုံးတဝိုက်ခံနိုင်ရည်ကောင်းအောင်ပြုလုပ်ထားသည်။
  • မွှေးရနံ့အနည်းငယ်ပါဝင်သည် - ချွေးပေါက်မပိတ်စေပါ - မခြောက်သွေ့စေပါ - ဆပ်ပြာမပါဝင်ပါ
    အရင်းအမြစ်ကြည့်ရန်
    From
    23,300 K

    Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

    Sébium Gel moussant အရေပြားကို ညင်သာစွာသန့်စင်ပေးပြီး မခြောက်သွေ့စေပါ။ zinc sulphate နှင့် copper sulphate ပါဝင်သည်။ အရေပြားအပေါ်လွှာထိ ကောင်းစွာ သန့်စင်ပေးနိုင်ရုံသာမက အပြစ်အနာအဆာများကိုလည်း လျော့နည်းစေပြီး၊ အဆီထုတ်လုပ်မှုကိုထိန်းချုပ်ပေးသည်။ ၎င်းသည် အလွန်ညင်သာသော၊ ဆပ်ပြာမပါဝင်သော နည်းပညာဖြင့် ထုတ်လုပ်ထားပြီး အရေပြား၏မျှခြေကို အလေးထားဂရုစိုက်သည်။ ဒီ့အပြင် အရေပြား pH ကိုထိန်းထားပေးသည်။ မူပိုင် သဘာဝအရာများဖြင့် အရေပြားခံနိုင်ရည်အားကို မြှင့်တင်ပေးသည်။

    Body ခန္ဓာကိုယ်
    Face မျက်နှာ

    မနက် နှင့်/သို့ ညနေ - နေ့စဉ်အသုံးပြုနိုင်သည်

    • အဆင့်များ 1 စိုစွတ်သော အရေပြားတွင်အသုံးပြုပါ။
    • အဆင့်များ 2 အမျြုပ်ထအောင်ပြုလုပ်ပါ။
    • အဆင့်များ 3 ရေဖြင့်သန့်စင်ပါ။
    • အဆင့်များ 4 ညင်သာစွာအခြောက်ခံပါ။
    • အဆင့်များ 5 အမျိုးသားများ မုတ်ဆိတ်ရိတ်လျှင် shaving foam အဖြစ်အသုံးပြုနိုင်သည်။

    ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

    Skincare တွင်မျက်နှာသန့်စင်ခြင်းသည် ပထမဆုံးမရှိမဖြစ်အဆင့်ဖြစ်သည်။ အမျိုးသမီးများတွင် မျက်နှာသည် ခန္ဓာကိုယ်၏ ၆၀% ပို၍ အရေးကြီးသောကြောင့် ဤအဆင့်ကို ကျော်မသွားသင့်ပေ။ အရေပြားပေါ်ရှိ အညစ်အကြေးအမျိုးမျိုး စုနေမှု (အဆီ၊ ချွေး၊ ဆဲလ်သေ၊ ဘက်တီးရီးယား၊ အလှကုန်များ၊ နေဒဏ်၊ မိတ်ကပ်၊ ဖုန် နှင့် အခြားမှုန်မွှားများ) တခြားသော skincare ကုသမှုများအတွက် အရင်ဆုံးမျက်နှာ သန့်စင်ရမည်။ ဤကဲ့သို့အရေးပါလှသော မျက်နှာသန့်စင်ခြင်းအဆင့်ကို မနက် ည တကြိမ်စီမလုပ်ပါက အရေပြားသည် တဖြည်းဖြည်း မွန်းကြပ်မှုဖြစ်လာပြီး အရေပြားကို အကာကွယ်ပေးထားသော အဆီလွှာပေါင်းရေလွှာသည် တဖြည်းဖြည်း ယိုယွင်းလာပြီး ချွေးပေါက်များပိတ်လာသည်။ ထိုမှတဆင့် အရေပြားတွင် အပြစ်အနာဆာများ (ဆားဝက်ခြံနှင့်အမဲစက်များ) ပေါ်လာပြီး ညစ်ထေးထေးနှင့် မညီညာသော အရေပြား အသွင်ပြောင်းလာသည်။ ပေါင်းစပ်မှအဆီပြန် ဝက်ခြံထွက်လွယ်သော အရေပြားရှိသူတို့သည် အဆီပို၍ထုတ်လုပ်မှုကြောင့် သန့်စင်ခြင်းအဆင့်သည် ပို၍ အရေးကြီးသည်။ သန့်စင်ပစ္စည်းရွေးရာတွင် အညစ်ကြေးများကို ထိရောက်စွာ ဖယ်ရှားပေးပြီး အရေပြားမထိခိုက်စေသော သန့်စင်ပစ္စည်းများကို ရွေးချယ်အသုံးပြုရမည်။

    အရေပြားဆိုင်ရာကြီးကြပ်ထိန်းချုပ်မှုဖြင့်စမ်းသပ်ပြီးဖြစ်သည်

    အဆီထွက်ရှိနှုန်းကိုလျှော့ချပေးသည်
    သုံးပြီးပြီးချင်း ၆၈% လျှော့ချပေးသည်(၁)

    အရင်းအမြစ်ကြည့်ရန်

    သန့်စင်ခြင်း
    အရေပြားသန့်စင်ခြင်း - ၁၀၀% (၁)

    အပြစ်အနာအဆာများဖယ်ရှားခြင်း
    ဝက်ခြံကြောင့်ဖြစ်သော ဒဏ်ရာများကို ၂၃% လျှော့ချပေးသည် (၂)

    အဆီထွက်ရှိနှုန်းလျော့နည်းစေခြင်း
    ၂၈ ရက်အကြာ ၃၇.၅% လျော့ချပေးသည် (၁)

    အရင်းအမြစ်ကြည့်ရန်

    ဤပစ္စည်းကို NAOS ၏အဓိကပင်တိုင်ဖြစ်သော သဘာဝဇီဝကမ္မဖြစ်စဉ်များကို လိုက်နာခြင်းဖြင့် သင့်အတွက် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။

    ပြင်ပမှဒဏ်များကြောင့် အရေပြားတုံ့ပြန်ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်စေသည်။ ဤ မူပိုင်ခွင့်သည် မည်သည့် အရေပြားအမျိုးအစားမဆို ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

    ပါဝင်ပစ္စည်းစာရင်းကြည့်ရန်