ရေဓာတ်ခမ်းခြောက်သောအသားအရေ
အဆိုပါအသားအရေသည် အဓိကအားဖြင့် အရေပြား ရေဓာတ်လုံလောက်စွာ မရရှိသောကြောင့်ဖြစ်သည်။ ပထမဦးစွာ ရေဓာတ်ခမ်းခြောက်သော အသားအရေနှင့် ခြောက်သွေ့သော အသားအရေ (အရေပြားအတွက် လိုအပ်သော အာဟာရဓာတ်၊ အဆီဓာတ်များ လုံလောက်စွာ မရရှိသော အသားအရေ)ကို ခွဲခြား သိမြင်နိုင်ဖို့ လိုအပ်ပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် ပေါင်းစပ် အဆီပြန်အသားအရေအပါအဝင် အသားအရေအမျိုးအစား မျိုးစုံတို့တွင် ဖြစ်လေ့ရှိပါသည်။ ရေဓာတ်ခမ်းခြောက်သော အသားအရေအနေဖြင့် တင်းရင်းခြင်း၊ အပ်စူးသကဲ့သို့ ခံစားရခြင်း၊ အရောင်မရှိခြင်း၊ သက်တောင့်သက်သာမရှိခြင်း အစရှိသဖြင့် ခံစားရလေ့ရှိပြီး နောက်ဆုံးတွင် အရေခွံကွာသည်အထိ ဖြစ်လေ့ရှိပါသည်။ ရေဓာတ်လုံလောက်စွာ မရရှိသောကြောင့် အရေပြားသည်လည်း သူ၏အကာအကွယ်လုပ်ငန်းကို ဆောင်ရွက်ခြင်း မရှိတော့ပါ။