Dehydrated skin

အရေပြားစိုပြေဝင်းပမှုမရှိ၊ သက်တောင့်သက်သာမရှိခြင်း၊ အရေပြားတင်းကြပ်မှုဖြစ်နေခြင်းများ ခံစားတွေ့မြင်ရသည်။ အရေပြားယားယံခြင်းနှင့် အဖတ်ဖတ်လန်ခြင်းများသည် လက်ဆေး၊ ရေချိုးပြီးနောက် ပိုဆိုးတတ်သည်။ ၎င်းသည် ခဏတာအခြေအနေတစ်ရပ်ဖြစ်ပြီး ခြောက်သွေ့အသားအရေကဲ့သို့ မဟုတ်ပေ။ အဆီပြန်အရေပြားလည်း ရေဓာတ်ခမ်းခြောက်မှုများ ကြုံတွေ့ရနိုင်သည်။

အရေပြားရေဓာတ်ခမ်းခြောက်ခြင်းကို ဘာတွေကဖြစ်စေသလဲ?

Woman drinking water

ရေဓာတ်သည် လေကဲ့သို့ပင်ဘဝအတွက် မရှိမဖြစ်ရေးပါသောအရာများဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန်၏ ၆၅% နီးပါးသည် ရေဓာတ်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်ရှိလျှင် ရေ ၄၉ လီတာရှိသည်။ ၁၅% သည် အရေပြားတွင် စုစည်းထားသည်။ ရေဓာတ်သည် အရေပြားအတွက် အဓိကအရေးပါသော ကဏ္ဍတွင် ပါဝင်သည်။ အရေပြားသည် အင်္ဂါအစိတ်အပိုင်းမှ အပေါ်ယံလွှာကို စိမ့်ဝင်သောနည်းဖြင့် အလွှာအမျိုးမျိုးဖြတ်၍ ရွေ့လျားမှုပြုသည်။ ဤကဲ့သို့ ရေစီးဆင်းမှုလမ်းကြောင်းကို အရေပြားအလွှာကို ဖြတ်၍ စီးဆင်းခြင်း (TEWL) ဟုခေါ်သည်။ ပုံမှန်သဘာဝအတိုင်းဆိုလျှင် ဤကဲ့သို့ ရေငွေ့ပျံခြင်းဖြစ်စဉ်ကို hydrolipidic film (အရေပြားအပေါ်ယံအလွှာ epidermis ရဲ့အပြင်ဆုံးအလွှာ horny layer) ကနေပြီး အကာကွယ်ပြုထားသည်။ အကယ်၍ ဒီဖြစ်စဉ် ပုံမှန်မဟုတ်လျှင် ရေဓာတ်ဆုံးရှုံးမှုများပြီး အရေပြားခြောက်စေသည်။ အရေပြားအပေါ်လွှာသို့ ရေဓာတ်လည်ပတ်မှုမရှိတော့ပဲ hydrolipidic film လဲအလုပ်လုပ်မှု ရပ်တန့်သွားမည်။ သည့်အတွက် ရေဓာတ်ခမ်းခြောက်မှုကို အောက်ပါအရာများက ဖြစ်စေသည်။
. ပတ်ဝန်းကျင်အခြေအနေ

အေးသောရာသီ၊ အ‌အေးဓာတ်၊ လေဒဏ်၊ လေထုညစ်ညမ်းမှု၊ UV ခရမ်းလွန်ရောင်ခြည် စသဖြင့်

Cold
ပတ်ဝန်းကျင်အခြေအနေ အေးသောရာသီ၊ အ‌အေးဓာတ်၊ လေဒဏ်၊ လေထုညစ်ညမ်းမှု၊ UV ခရမ်းလွန်ရောင်ခြည် စသဖြင့်
Smoking
ပြင်ပအရာများ ဆေးလိပ်၊ အရက်
Stress
စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု၊ ပင်ပန်းမှု
Pills
ဆေးကုသမှု ဝက်ခြံပျောက်ဆေး၊ အဆီကျဆေး နှင့်
Essential oils
ပြင်းထန်သော အလှကုန်များ၊ ချွတ်ဆေး နှင့် အရေပြားထိခိုက်တတ်သော ခြောက်သွေ့သော ပစ္စည်းများ

အရေပြားသည် ရေဓာတ်နည်းပါးမှုကို အလွန်တုံ့ပြန်လွယ်သည်။ ထို့ကြောင့် အရေပြားသည် ရေဓာတ်ထိန်းညှိမှုကိုဆောင်ရွက်ပေးသည်။

၁) အရေပြား

အရေပြားသည် ရေဓာတ် ၇၀% ဖြစ်သည်။ ၇၅% နီးပါးသည် အရေပြားအောက်လွှာတွင် တည်ရှိပြီး အရေပြားအားကောင်းစေရန် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ အရေပြားအပေါ်လွှာကို အစိုဓာတ်ဖြည့်ပေးခြင်း ၁ မျိုးရှိသည်။ ရေငြိမ်/ရေသေ နှင့် လည်ပတ်နေသောရေ ဟူ၍ဖြစ်သည်။ ရေဓာတ်ထိန်းညှိမှုဖြင့် ထို ၂ မျိုးကို မျှခြေဖြစ်စေပြီး အရေပြား၏ ရုပ်ပိုင်းဆိုင်ရာ နှင် လုပ်လုပ်နိုင်စွမ်းကို ထောက်ပံ့ပေးသည်။ ရေဓာတ်ထိန်းညှိမှုကို လုပ်ပေးသော အဓိက အချက် ၃ ချက်မှာ NMFs (Natural Moisturizing Factors)၊ horny layer ရှိအဆီ နှင့် ရေလဲလှယ်မှုပြုရန်ရှိနေသော အပေါက်ငယ်လေးများတို့ဖြစ်သည်။

Water drops

၂) NMFs (Natural Moisturizing Factors) ရေဓာတ်ထိန်းညှိမှုအချက်များ


NMFs များသည် မော်လီကျူးများဖြစ်ပြီး horny layer အတွင်း ရေဓာတ်ကို ပေါင်းပေးနိုင်သည်။ ၎င်းတို့ကို humectants ဟုခေါ်သည်။ တွေ့ရများသော NMFs များမှာ urea နှင့် lactic acid တို့ဖြစ်သည်။ တခြားအလှကုန်များတွင် သုံးလေ့ရှိသော အရာများသည်လည်း တူညီသော ဂုဏ်သတ္တိရှိသည်။ (glycerine နှင့်  xylitol)

 

ရေနှင့်အရေပြားအကာကွယ်ပြုလုပ်ဆောင်ပေးမှု

Horny layer သည် နယူးကလိယက် nuclei မပါသော ဆဲလ်များနှင့် ဖွဲ့စည်းထားပြီး ကြားခံ အဆီဓာတ်များ 'lipid' နှင့် ဖွဲ့စည်းထားသည်။ Intercorneocyte lipids ဟုခေါ်သည်။ အဆီပမာဏနှင့် အရည်အသွေးကောင်းမှုသည် horny layer's အားကောင်းရန်လိုအပ်သည်။ သို့မှသာ barrier အား ကာကွယ်ခြင်းကို ကောင်းစွာလုပ်ဆောင်ပေးနိုင်မည်။ အကယ်၍ ၎င်းတို့နည်းနေလျှင် ဆဲလ်ကြားလစ်ဟာနေပြီး အားကောင်းတော့မည်မဟုတ်ပါ။ ထိုအခါ ရေပြားအောက်လွှာမှ ရေဓာတ်ဆုံးရှုံးမှ ဖြစ်ပြီး (TWL: သည်ကြာမြင့်လာပြီး ခန္ဓာကိုယ်မှ သဘာဝအားဖြင့် ရေဓာတ်ဆုံးရှုံးမှုများ ဖြစ်လာသည်။) ရေဓာတ်ပြည့်ဝသော အရေပြားသည် ရေကို ကောင်းစွာသိုလှောင်နိုင်ပြီး ဆဲလ်ကြားအဆီဓာတ်ကို ထိန်းထားပေးနိုင်သည်။

Aquaporins ဆိုတာဘာလဲ?

Aquaporins ဆိုသည်မှာ အရေပြားအလွှာမှ ရေဓာတ်အလဲအလှယ်လုပ်သော အပေါက်ငယ်လေးများ ဖြစ်သည်။ ထိုပရိုတင်းတွေကို အရေပြားဆဲလ်များ keratinocytes (အရေပြားအပေါ်ယံလွှာ ပွားများစေသော ဆဲလ်များ) နှင့် ဖွဲ့စည်းထားပြီး ရေမော်လီကျူးများကို ဖြတ်သန်းစေသည်။ ဤကဲ့သို့ရွေ့လျားခြင်းသည် အရေပြားအတွက်လိုအပ်သည်။ အရေပြားအပေါ်လွှာသည် သွေးကြောများ ရှိမနေပါ။ ဆဲလ်များရှင်သန်ရန် (ဓာတ်သတ္တု၊ ဗီတာမင်၊ အာဟာရဓာတ်များစွာ၊ စသဖြင့်) သွေးစီးကြောင်းမှ တဆင့် အရေပြားအောက်လွှာသို့ သယ်ဆောင်သွားပြီး ထိုမှတဆင့် အရေပြားမျက်နှာပြင်အလွှာသို့ aquporins ရေစီးကြောင်းအပေါက်ငယ်များမှ တဆင့် ရောက်ရှိကြသည်။ Aquaporins မရှိပါက အရေပြားအပေါ်ယံလွှာသည် ၎င်းတို့ကိုယ်တိုင် အားဖြည့်နိုင်မည် မဟုတ်ပါ။

 

ခြောက်သွေ့အရေပြားနှင့် ရေဓာတ်ခမ်းခြောက်အရေပြားကို ဘယ်လိုခွဲကြမလဲ?

ရေဓာတ်ခမ်းခြောက်မှုသည် ယာယီအခြေအနေတစ်ခုသာဖြစ်ပြီး သင့်သင့်လျောက်ပတ်သော ထုတ်ကုန်များ မှီဝဲလျှင်ပြန်လည်ကောင်းမွန်နိုင်သည်။ ၎င်းသည် အရေပြားအပေါ်လွှာ ပြောင်းလဲမှုဖြစ်ပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ်သည်။ ရေဓာတ်ခမ်းခြောက်သောအခါ အရေပြားအကာအကွယ်လွှာ ထိခိုက်ခံရပြီး သက်တောင့်သက်သာ မရှိမှုများဖြစ်လာသည်။ တစ်ဖက်တွင် ခြောက်သွေ့၊ အလွန်‌ခြောက်သွေ့အရေပြားသည် အချိန်ကြာမြင့်စွာဖြစ်ပြီး ရေဓာတ်သာမက အဆီဓာတ်ပါလျော့ပါးနေသော အရေပြားအသွင်ဖြစ်သည်။ ဤနေရာတွင် ခြောက်သွေ့ နှင့်အလွန်ခြောက်သွေ့သောအရေပြားအကြောင်းပိုမိုလေ့လာပါ။ 

 

ဘယ်သူတွေဖြစ်တတ်လဲ?

အရေပြားအမျိုးအစားအကုန်ဖြစ်တတ်ပြီး အခြေအနေ ရာသီဥတုအမျိုးအစားပေါ်မူတည်ပြီး ရေဓာတ်ပိုမို ခမ်းခြောက်မှုများဖြစ်တတ်သည်။

အ‌ရေပြားပညာရှင်သည် သင်၏အရေပြား အမျိုးအစားကို ခွဲခြားပေးပြီး ရေဓာတ်ခမ်းခြောက်သော အရာများ အလုပ်အကိုင်ပတ်ဝန်းကျင်၊ ရေကူးကန်တွင် ရေကူးခြင်း၊ ကြမ်းတမ်းသောဆပ်ပြာ နှင့် ရေချိုးဂျယ်လ်၊ လတ်တလောဖျားနာခြင်း၊ ဆေးဝါးကုသမှု (အဆီကျဆေးနှင့် စသဖြင့်) အကယ်၍ သင်သည်ဘာကြောင့် ရေဓာတ်ခမ်းခြောက်မှု ခံစားနေရမှန်း သိလျှင် ၎င်းအရာကို အမြန်ဆုံးပြုပြင်ရမည်။

Doctor with patient - Prescription

  • အရေပြားရေဓာတ်ခမ်းခြောက်မှုနှင့်ရေဓာတ်လည်ပတ်မှု မကောင်းသောကြောင့်ဖြစ်သော်လည်း သင်သည် တစ်နေ့လျှင် ၁.၅ လီတာ သောက်သုံးဖို့လိုအပ်သည်။ သင့်ဆရာဝန်မှ အခြားမှာကြားချက်များ မပြုထားလျှင်)။ အခန်းထဲနေထိုင်လျှင်လည်း အခန်းတွင်း အပူချိန်လွန်ကဲခြင်း (သို့) လေအေးပေးစက်မှ လေဒဏ်ကြောင့် အရေပြား ရေငွေ့ပြန်ခြင်းကို ဆိုးရွားစေနိုင်သည့်အတွက် အခန်းတွင်း အပူချိန်ကို သန့်စင်မျှတအောင်ထားရှိပါ။ အမြဲတမ်းလိုအပ်ချက်မှာ ပြင်းထန်သော သန့်စင်ခြင်းနှင့် အရေပြားထိန်းသိမ်းမှုများ မဖြစ်အောင် ထုတ်ကုန်များကို ရွေးချယ်အသုံးပြုပါ။ Detergent မပါသော၊ ပြန်လည် လန်းဆန်းစေသည့် ရေဓာတ်ဖြည့် သန့်စင်ပစ္စည်းများ (နို့၊ ခရင်မ်၊ လိမ်းဆေး၊ အဆီ) တို့ကို ခြောက်သွေ့မှုပေါ် မူတည်၍ ရွေးချယ်ရမည်။ အဓိကရည်ရွယ်ချက်သည် ရေငွေ့ပျံခြင်းကို လျော့ချပြီး လိုအပ်သည့် ရေပမာဏကို အပေါ်ယံအရေပြားအလွှာအတွင်း ထားရှိခြင်းဖြင့် ပျက်ဆီးနေသော အကာအကွယ်လွှာကို ပြန်လည်ပြုပြင်စေပါသည်။ 
Woman doing sport

ပြင်းထန်သော ဆပ်ပြာမပါဝင်သည့် သင့်တော်သော pH ရှိသော ပစ္စည်းများကိုရွေးချယ်၍ မျက်နှာနှင့် ခန္ဓာကိုယ်အတွက်အသုံးပြုပါ။ (soap-free syndet သို့ an emollient cleansing balm စသည်တို့)

Woman washing her face with water

သန့်စင်ပြီးနောက် တစ်နေ့ နှစ်ကြိမ် အရေပြားအကာကွယ်ကိုပြုပြင်ရန်နှင့် တင်းကြပ်မှုကိုလျော့စေရန် ရေဓာတ်ဖြည့်ပေးသော အစိုဓာတ်လိမ်းခရင်မ်ကို အမြဲအသုံးပြုရန် သတိရပါ။ အလွန်အေးသော (သို့) UV ရောင်ခြည်များနဲ့ ထိတွေ့ပါက သင့်ကိုယ်သင်ကာကွယ်ပါ။  ရေကူးပြီးနောက် chlorine’s drying effect ကို လျော့နည်းစေရန် သင့်အရေပြားကို ရေဓာတ်ဖြည့်ဖို့ သတိရပါ။

Bioderma - woman applying cream on the face