Dry skin

ခြောက်သွေ့အသားအရေကို ပထမဦးဆုံး ခံစားမှုဖြင့် ဆုံးဖြတ်သည်။ လူများသည် မိမိတို့၏ အရေပြား မအီမသာဖြစ်ခြင်း၊ တင်းကြပ်ခြင်း၊ ကြမ်းတမ်းခြင်း များကြောင့် ခြောက်သွေ့သည်ဟု ခံစားမိပြီး ဆေးတခုခု လိမ်းမှ သက်သာမည်ဟု ထင်ကြပါသည်။ ၎င်းလက္ခဏာများသည် ပူစပ်ခြင်း၊ယားယံခြင်းများနှင့် တွဲဖြစ် တတ်သည်။ ဆရာဝန်များသည် ခြောက်သွေ့သော အရေပြား၏ အဓိကလက္ခဏာဦးများဖြစ်သည့် မွဲခြောက်ခြောက် ဖြစ်ခြင်း၊ အရေပြားခြောက်ပြီး လန်ခြင်း၊ ကွဲအက်ခြင်း၊ ရောင်ရမ်းခြင်း နှင့် ကျုံ့ဆန့်နိုင်မှု မရှိခြင်းတို့ဖြင့် သတ်မှတ်ထားသည်။ မျက်နှာပြင်အရေပြား မညီညာမှုသည်လည်း သိသာထင်ရှားပါသည်။ အရေပြား ခြောက်သွေ့ခြင်းကြောင့် နှင်းခူရောဂါလည်း ဖြစ်ပေါ်တတ်သည်။ ၎င်းသည် ကလေးများတွင် ပါးပြင်နှင့် လက်များတွင် ဖြစ်ပေါ်တတ်သည်။ ခြောက်သွေ့အသားအရေတွင် အဆင့်များရှိသေးသည်။ 

 

Dry skin
ခြောက်သွေ့အသားအရေ ခေတ္တခဏ နေမထိထိုင်မသာဖြစ်ခြင်း၊ အနည်းငယ်တင်းကြပ်ခြင်း နှင့် အရေခွံလန်ခြင်း
Dry skin
အလွန်ခြောက်သွေ့အသားအရေ သိသာထင်းရှားစွာ တင်းကြပ်ပြီး နေထိုင်ရခက်ခဲခြင်း၊ အရေပြား အလွန်အမင်းလန်ခြင်း၊ ကွဲအက်ခြင်း
Scratching - Eczema
Pre-atopic xerosis အနည်းငယ်ယားယံပြီး ကြမ်းတမ်းခြောက်သွေ့ခြင်း

ကျန်းမာသော အရေပြားသည် အဓိကအားဖြင့် ရေနှင့်အဆီ (sebum) တို့နှင့်ဖွဲ့စည်းထားသော hydrolipidic film ဖြင့် ၎င်း၏အပေါ်ယံလွှာကို သဘာဝအတိုင်း ကာကွယ်ထားသည်။

၎င်းသည် မစိမ့်ဝင်စေခြင်းဖြင့် ပြင်ပမှ ဖိအားများနှင့် ရေဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေခြင်းဖြင့် အရေပြားကို ကာကွယ်ပေးသည်။ အ‌ရေပြား အပေါ်ယံလွှာသည် ရေနှင့် အဆီဓာတ်များ သင့်တင့်မျှတစွာ မရှိတော့သောအခါ ၎င်း၏ အပေါ်ယံအတားအဆီး လုပ်ငန်းကို မလုပ်ဆောင်နိုင်တော့ပဲ၊ အထက်တွင်ရှင်းပြခဲ့သည့်အတိုင်းအတာ အမျိုးမျိုးအထိ မသက်မသာဖြစ်လာသည်။

ရေဓာတ်ခမ်းခြောက်နေသော အရေပြားနှင့် ခြားနားချက်မှာ ခြောက်သွေ့မှ အလွန်အမင်းခြောက်သွေ့သော အရေပြားသည် ယေဘူယျအားဖြင့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါကြောင့်ဖြစ်ပေါ်သော နာတာရှည်အခြေအနေဖြစ်သည်။

၎င်းသည် အဆီပြန်သော အရေပြားနှင့် ပေါင်းစပ်အရေပြားထဲသို့ပင် အရေပြားအမျိုးအစားတစ်ခုဖြစ်သည်။

မွေးရာပါ သို့မဟုတ် တစ်ကိုယ်လုံးခြောက်သွေ့ခြင်းအပြင်အရေပြားခြောက်သွေ့မှုကို ဖြစ်စေသော အခြားအခြေအနေများလည်း ရှိသည်။

Water drops
Pollution
ပြင်ပ ပတ်ဝန်းကျင် (သို့မဟုတ်) ရာသီဉတုအခြေအနေ
Microbiomy
အရေပြားရောဂါ (သို့မဟုတ်) နာမကျန်းမှုများ နှင်းခူနှင့် psoriasis စသည်ဖြင့်
thyroid ၊ ဆီးချို ၊ အာဟာရဓာတ်ချို့တဲ့ခြင်း စသည်ဖြင့်
Pills
ဆေးဝါးကုသမှုများ

Dry to Very Dry skin

1 / ခြောက်သွေ့အရေပြားကို ရေဓာတ်ခမ်းခြောက်အရေပြားနှင့်ခွဲနည်း?

၎င်းသည် အရေပြားအမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် အမြဲတမ်းအခြေအနေဖြစ်ပြီး အပေါ်ယံအရေပြားအလွှာတွင် ပုံမှန်မဟုတ်ခြင်းကြောင့် မျက်နှာ နှင့် ခန္ဓာကိုယ်ပေါ်တွင် တင်းကျပ်မှုကို ခံစားရစေသည်။

အရေပြားပွင့်ဟခြင်းမရှိပဲ နီမြန်းခြင်း၊ ရေဓာတ်နှင့် အဆီဓာတ်များလျော့နည်းနေခြင်း ဖြစ်သည်။

Dehydrated skin

2/ ၂/ ရေဓာတ်ခမ်းခြောက်နေသော အရေပြား

၎င်းသည် အရေပြားအမျိုးအစားအားလုံးတွင် တစ်ချိန်မဟုတ် တစ်ချိန်ဖြစ်နိုင်သည်။ ၎င်းသည် ပြန်ကောင်းနိုင်ပြီး ရေဓာတ်ဆုံးရှုံးခြင်းနှင့် မထိန်းသိမ်းနိုင်ခြင်းကြောင့် နေရာကွက်၍ တင်းကျပ်မှုများဖြစ်နိုင်သည်။ အရေပြားစိုစွတ်မှုကင်းမဲ့နေပြီး သက်တောင့် သက်သာ မဖြစ်ခြင်းနှင့် တခါတရံ အဖတ်များဖြစ်နေတတ်သည်။

ရေဓာတ်ခမ်းခြောက်သော အရေပြားအကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင်ကြည့်ပါ။

Skin changes with age

လူအချို့တွင် မွေးရာပါဗီဇကြောင့် ဖြစ်တတ်သည်။ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါသည်။ ကလေးများတွင် ခြောက်သွေ့မှုပိုဆိုးသည်။ (မွေးကင်းစကလေးများမှလွဲ၍) ဆယ်ကျော်သက်တွင် အဆီပြန်လာတတ်ပြီး အသက်ရလာချိန်တွင် အဆီဂလင်းများ အလုပ်ကောင်းကောင်း မလုပ်တော့သောကြောင့် ပိုမိုခြောက်သွေ့တတ်သည်။ အရေပြားအသက်ရလာခြင်းကြောင့် အပေါ်ယံအရေပြားပါးလာပြီး horny အလွှာက ပိုမိုထူထဲလာသည်။

သင့်မှာ ရေရှည် နေထိုင်ရခက်ခြင်းဖြစ်ပါက ခြောက်သွေ့သောအသားအရေ (သို့မဟုတ်) ခမ်းခြောက်သော
 အသားအရေ  ခွဲခြားပေးမည့် အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ရုတ်တရက် 
အသားအခြောက်လာပါက ပတ်ဝန်းကျင်ပြောင်းလဲမှု (ရေကူခြင်း၊ ဆပ်ပြာပြင်းသုံးခြင်း၊ အားကစားလုပ်ပြီး
 ဆပ်ပြာသုံးခြင်း)၊ ရောဂါများနှင့် ရောဂါကုထုံးများ (အဆီကျဆေး) စသည်တို့ကို ရှာဖွေပြီး ပြုပြင် 
နေထိုင်ရမည်။

Bioderma - dermatological expert

ခြောက်သွေ့အသားအရေတွင် နေထိုင်ရခက်ခြင်းအပြင် ဓာတ်မတည့်မှုဖြစ်စေသည့်အရာများသည်လည်း 
အရေပြားအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ နှင်းခူ psoriasis များကိုလည်း ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ရေဓာတ်ဖြည့်ပေးဖို့လိုအပ်သည့်။ ပထမအဆင့်အနေဖြင့် ရေများများသောက်ရမည်။ 
မပြင်းထန်သောဆပ်ပြာနှင့် အရေပြားထိန််းသိမ်းမှုပစ္စည်းများသုံးရမည်။ Detergent မပါသော၊ ပြန်လည် လန်းဆန်းစေသည့် ရေဓာတ်ဖြည့် သန့်စင်ပစ္စည်းများ (နို့၊ ခရင်မ်၊ လိမ်းဆေး၊ အဆီ) တို့ကို ခြောက်သွေ့မှုပေါ် မူတည်၍ ရွေးချယ်ရမည်။ အဓိကရည်ရွယ်ချက်သည် ရေငွေ့ပျံခြင်းကို လျော့ချပြီး လိုအပ်သည့် ရေပမာဏကို အပေါ်ယံအရေပြားအလွှာအတွင်း ထားရှိခြင်းဖြင့် ပျက်ဆီးနေသော အကာအကွယ်လွှာကို ပြန်လည်ပြုပြင်စေပါသည်။ 
အပူလွန်ကဲသည့်နေရာများကို ရှောင်ပါ။ အနည်းဆုံးရေ တစ်နေ့ ၁.၅ လီတာ သောက်ပါ(ဆရာဝန်ညွှန်ကြားချက်ဖြင့်)။

Woman drinking water

တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်၊ အရေပြားကို မပျက်စီးစေသော cleanser အပျော့စားဖြင့် မျက်နှာသစ်ပါ။

ခြောက်သွေ့အောင် အဝတ်ဖြင့် မပွတ်ဆွဲပဲ ဖွဖွလေးပုတ်ပေးပါ။

Woman washing her face with water

မျက်နှာသစ်ပြီးတိုင်း မနက်နှင့်ညနေတွင် အစိုဓာတ်ထိန်းခရင်မ်ကို ပြင်ပဒဏ်များမှ ကာကွယ်ရန်လိမ်းပါ။ 
သင့်မျက်နှာနှင့် ခန္ဓာကိုယ်အတွက် သင့်တော်သည့် ပစ္စည်းများနှင့်အားဖြည့်ပါ။

Woman applying cream