Atopic Skin

Atopic skin သည် ယားယံမှုကို ဖြစ်စေသော အနီစက်များပေါ်ပြီး အလွန်အမင်း  ခြောက်သွေ့ပြီး ရောင်ရမ်းနေသည့် အရေပြားအမျိုးအစားဖြစ်သည်။ ရေရှည် မကြာမကြာ ပြန်ဖြစ်တတ်သော်လည်း လူတစ်ဦးနှင့်တစ်ဦးကို မကူးစက်ပါ။ ရောဂါဆိုးချိန်တွင် ညအိပ် မရခြင်းကြောင့် လူ့အရည်အသွေးကို ထိခိုက်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပန်းနာရင်ကြပ် နှာရည်ယိုခြင်း၊ မျက်လုံးနီမြန်းခြင်းတို့ ဖြစ်စေတတ်သည်။ နောက်ဆက်တွဲ အနေဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ရောဂါပိုးများ ဝင်လာနိုင်ပါသည်။

Body areas

အရေပြားသည် အလွန်ခြောက်သွေ့ပြီး ပါးလာသဖြင့် ပြင်ပမှ ဒဏ်များ၏ ဝင်ရောက်မှုကို
 မတားဆီးနိုင်တော့ပါ။ ခြောက်သွေ့အသားအရေအကုန် atopic မဖြစ်ပါ။ မျိုးရိုးဗီဇပေါ် 
မူတည်သေးသည်။ လေ့လာချက်များအရ မိဘတစ်ဦးတွင် ရှိပါက ၃၀% ၊ ၂ ဦးလုံးတွင် ရှိပါက ၇၀%

Immunity
an abnormal immune system ဖြစ်နိုင်သည်။ အပေါ်ယံအရေပြားမှ သန်း၊ တိရိစ္ဆာန်အမွှေး၊ ဝတ်ရည်များ၊ Staphylococcus aureus ဘက်
Food
တီးရီးယားပိုးတို့ကြောင့်လည်း ရောင်ရမ်းမှုဖြစ်တတ်သည်။
နွားနို့၊ ဥအမျိုးမျိုး စသည့်အစားအစာများအကြောင့်လည်း နှင်းခူပြန်ဖြစ်တတ်သည်။
ဓာတုပစ္စည်းများ လိမ်းခြင်း၊ အပူ၊ အမွှေးရနံ့ များကြောင့်လည်း ရောဂါကြွမှု ဖြစ်တတ်သည်။

သို့သော် atopic ကလေးအများစုတွင် အစားနှင့် ဓာတ်မတည့်မှုမရှိပေ။ အစာဓာတ်မတည့်မှု
ရှိပါက အစာခြေလမ်းကြောင်း၊ အလေးချိန်၊ အရပ်အမောင်းကြောင့်သာဖြစ်နိုင်သည်။

**Dermatite atopique. SA Büchner. Swiss Medical Forum No. 19, May 2001

Step 1

အဆင့် (၁)

၂ လမှ ၃ လသားအရွယ်တွင် အနီကွက်များသည် ပါး၊ လက်၊ တံခေါက်ကွေးနေရာတို့တွင် စတင် ပေါ်ပေါက်လာမည်။ ၁ နှစ်မှ ၂ နှစ်အတွင်း မကြာခဏပြန်ဖြစ်နေပြီး အရေပြားအမြဲ ခြောက်သွေ့သောကြောင့် ယားယံခြင်း၊ အိပ်မရခြင်းများကြောင့် လူ့အရည်အသွေး ကျစေသည်။

Step 2

အဆင့် (၂)

နှစ်အနည်းငယ်ကြာလျှင် ကလေးအချို့တွင် နှာရည်ယိုခြင်း၊ ပန်းနာရင်ကြပ်ခြင်းများဖြစ်ပေါ် တတ်သည်။ ဤနောက်ဆုံးအဆင့်ကို “atopic march” ဟုခေါ်သည်။ ယားယံခြင်း staphylococcus aureus ပိုးမွှားပေါက်ဖွားခြင်းများဖြစ်တတ်သည်။ 

ထိုသို့ မဖြစ်ပေါ်စေရန်သိပ္ပံဆိုင်ရာအဖွဲ့အစည်းမှ မွေးစမှရောဂါလက္ခဏာမပြခင် အချိန်မှစပြီး မျိုးရိုးရှိသူများတွင် ကာကွယ်ကုသရန် အကြံပြုထားပါသည်။

Mom with her baby
  • ဓာတ်မတည့်မှုဖြစ်လွယ်သော (ဓာတ်မတည့်တုံ့ပြန်လွယ်သော) လူများတွင် အဖြစ်များသည်။
  • ၎င်းတို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ပန်းနာရင်ကြပ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ပြဿနာများ allergic rhinitis ၊ မျက်စိပြဿနာများ allergic conjunctivitis ၊ နှင့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ - အစားအစာနှင့်ဓာတ်မတည့်မခြင်း များလည်း ဖြစ်နိုင်သည်။

  • ကလေးများနှင့် မွေးကင်းစကလေးငယ်များ အထူးသဖြင့် သုံးလ မှ ငါးနှစ်အရွယ်ကလေးငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ၈၀% သည် အသက်တစ်နှစ် ကလေးငယ်များတွင် ဖြစ်ပွားသည်။ သို့သော် အလွန်အမင်းခြောက်သွေ့ယားယံသော အရေပြားသည် လူကြီးဖြစ်သွားသည်အထိ ဆက်လက်တည်ရှိနေနိုင်သည်။

  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”
    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.

    အင်တာနက်အသုံးပြုသူတစ်ဦး - “ဝဲနှင်းခူ (Atopic dermatitis)” ကို ဘယ်လိုကာကွယ်/ကုသရမလဲ?

    အနည်းဆုံးဓာတ်မတည့်မှုဖြစ်နိုင်သော မိဘတစ်ဦးရှိသည့် ကလေးများသည် ဖြစ်နိုင်ခြေရှိသောကလေးအဖြစ်သတ်မှတ်ပြီး ကာကွယ်ရမည်။ ဥပမာအားဖြင့် ကလေးအသက် တပတ်အတွင်း ကြောင်နှင့်ဓာတ်မတည့်ပါက ထိတွေ့ခြင်းမှ ကာကွယ်ရမည်။ ကုသမှုနှင့်စပ်လျဉ်း၍ နှင်းခူရောဂါဖြစ်ပွားမှုကို ဖြစ်နိုင်သမျှ စောစောလိမ်းပေးသင့်သော Steroids ပါသည့် လိမ်းဆေးဖြင့် ကုသသင့်သည်။ အရေပြား အပေါ်ယံအလွှာပြောင်းလဲမှုများကို နေ့စဉ်ဆေးရည်ဖြင့် ကုသပေးသင့်သည်။

    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”
    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.

    အင်တာနက်အသုံးပြုသူတစ်ဦး- ကျွန်ုပ်၏ကလေးကို သန့်စင်ရာတွင်ရေသုံးခြင်းက သူ၏ခြောက်သွေ့ယားယံသော အခြေနေကို ပိုမိုဆိုးရွားစေနိုင်ပါသလား?

    မသန့်စင်သောရေအသုံးပြုခြင်းသည် အရေပြားခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေပြီး အရေပြားအပေါ်ယံလွှာကို ထိခိုက်စေသည်။ ထို့ကြောင့် ပြင်ပမှပိုးမွှားများသည် အရေပြားအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ခြောက်သွေ့ယားယံသော ကလေးများတွင် နှင်းခူရောဂါဖြစ်ပွားမှုကို ပိုမိုဖြစ်စေနိုင်သည်။

    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”
    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.

    အင်တာနက်အသုံးပြုသူတစ်ဦး - ကျွန်ုပ်တွင် ဓာတ်မတည့်ခြင်း ရောဂါရှိပါသည် (နှင်းခူ၊ ရေယုန်)။ ထို့ကြောင့်ကျွန်ုပ်၏ သမီးသည် အရေပြားပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင် ပါသလား?

    ရေယုန်သည် ဓာတ်မတည့်ခြင်းကြောင့်မဖြစ်ပွားပါ။ Virus ကြောင့် ဖြစ်ခြင်းဖြစ်သည်။ သို့သော် သင့်တွင် အလွန်အမင်း ခြောက်သွေ့ ယားယံသော ဓာတ်မတည့်မှုများ ခံစားနေရပါက သင်၏သမီး သည် ပုံမှန်ထက်“ဝဲနှင်းခူ (Atopic dermatitis)” ဖြစ်ပွားနိုင်ချေမြင့်သည်။

    Dr Michèle Sayag, “ဓာတ်မတည့် အထူးကုဆရာဝန်”.

“ဝဲနှင်းခူ (Atopic dermatitis)” ၏ ရောဂါသဘာဝကို သိရှိနားလည်ပြီးနောက်နည်းလမ်း ၂ မျိုးဖြင့် အရေပြားဆရာဝန်ဖြင့် တိုင်ပင်ကုသသင့်သည်။

 

ပြီးပြည့်စုံသောရောဂါရှာဖွေခြင်း

 

ရောဂါပိုမဆိုးအောင် သိသိချင်း၊ pre-atopic အဆင့်တွင် အသားအခြောက်သည့် ကလေးငယ် အသားအရေကြမ်းတမ်းပြီး ညီအစ်ကို မောင်နှမ၊ မိဘတွင်ရှိသူများ ဂရုစိုက်ရမည်။

Bioderma - skin expert

ရောဂါကြွခြင်းက ရောဂါကို ပိုမိုဆိုးစေနိုင်သဖြင့် ထိရောက်သည့် ကုသမှုဖြင့် စောနိုင်သမျှ စောစော ကုသရမည်။ ရောဂါထချိန်တိုအောင်နှင့် အနာဖြစ်ခြင်းများ လျော့နည်းအောင် ကုသခြင်းသည် အဓိကအရေးပါသည်။

နှင်းခူအတွက် ဆေးကုထုံးများတွင် အဓိကအားဖြင့် စတီးရွိုက်လိမ်းဆေးများဖြစ်သည်။ ရောင်ရမ်းမှုနှင့်ယားယံခြင်းတို့ကို ချက်ချင်းသက်သာစေနိုင်သော်လည်း ကုသမှုရပ်လိုက်လျှင် အနာများပြန်ပေါ်ပေါက်လေ့ရှိသည်။ လိမ်းရမည့်ဆေးပမာဏသည် ခန္ဓာကိုယ်အရွယ်အစား အသက်ပေါ်မူတည်သောကြောင့် ဆရာဝန်ပြောသည့် အတိုင်း လိုက်တာသင့်သည်။ မျက်နှာ၊ ကလေး ပေါင်ကြားတို့တွင် လိမ်းရန် ရှောင်ကြည်ရမည်။
စတီးရွိုက်နှင့်မသက်သာလျှင် Tacrolimus ကို အသက် ၁ နှစ်အထက်ကလေးများတွင် အသုံးပြု နိုင်သည်။ အခြားသော ကုထုံးများကို လူကြီးများအတွက်သာ သုံးနိုင်သည်။
အစာရှောင်စနစ်ကို ဆေးဝါးဆိုင်ရာ အတည်ပြုပြီးမှသာ အစာဓာတ်မတည့်မှုအဖြစ်သတ်မှတ် ရမည်။

Scratching

အရေပြားဆရာဝန်၏ အကြံပြုချက်များကို အောက်ပါအတိုင်းလိုက်နာရမည်။

  • သန်း၊ ၀တ်မှုံ၊ တိရိစ္ဆာန်အမွှေး၊ ဆေးရွက်ကြီး အစရှိသည့် မိမိနှင့် ဓာတ်မတည့်သော အရာများကို ရှောင်ရမည်။
  • မွေးကင်းစကလေးများကို အစာမာကျွေးခြင်းရှောင်ပါ။ ကလေးဆရာဝန်၏ ညွှန်းကြားချက်ကို လိုက်နာပါ။
  • ချည်သားကို ဝတ်ဆင်ပါ။ ယားယံစေသော သိုးမွှေး၊ နိုင်လွန်သားများကို ‌ရှောင်ရမည်။
  • အရေပြားကိုထိခိုက်စေလောက်သည့် detergent များ အဝတ်လျော်စဉ်သုံးခြင်းကို ရှောင်ကြည်ရမည်။
  • မိမိအဝတ်များကို ပုံမှန်မီးပူတိုက်ရမည်။ ထိုနည်းဖြင့် အဝတ်များ ပျော့ပြောင်းနူးညံ့စေသည်။
  • အိမ်တွင်းအပူချိန်ကို ၁၉-၂၀°C အတွင်းထားရှိပြီး လေထုစိုထိုင်းအောင် နွေရာသီ၊ ဆောင်းရာသီတွင် ထားရှိရမည်။
  • သင့်အိမ်ခန်းကို ပုံမှန် အစိုဓာတ်ရရှိအောင် တဘက်အစိုကို လှန်းထားပါ။
  • ချွေးကြောင့် ယားယံခြင်းမဖြစ်သရွေ့ လေ့ကျင့်ခန်းလုပ်နိုင်သည်။
Clean clothes

  • နေ့စဉ် ၃၅ ဒီဂရီ စင်တီဂရိတ် အောက်ရှိရေ‌နွေးဖြင့် ၅ မိနစ် မှ ၁၀ မိနစ်ခန့် ရေချိုးပါ။ အမြှုပ်ထဆပ်ပြာ၊ ဆားများသည် ပိုမိုခြောက်သွေ့စေနိုင်သောကြောင့် ရှောင်ရမည်။ သင့်ခန္ဓာကိုယ်ကို ခံနိုင်ရည်စွမ်းမြင့် သန့်စင်ပစ္စည်းဖြစ်‌သော Syndet အရည် (သို့) အဆီဓာတ်များပြီး မခြောက်သွေ့စေသော ဆပ်ပြာခဲဖြင့် သန့်စင်ရမည်။ သာမန်ဆပ်ပြာများသည် ယားယံစေပြီး အပေါ်ယံအရေပြားကို ခြောက်သွေ့စေသည်။ ရေစိုနေလျှင်လည်း သတိဖြင့် ဖြည့်ညင်းစွာ ဖွဖွလေး ပုတ်ပုတ်ပြီး သုတ်ပေးရမည်။
Baby in a bath

  • တစ်နေ့တစ်ကြိမ် မှ နှစ်ကြိမ် ခံနိုင်ရည်မြင့်သော အရေပြားကို အားဖြည့်ပေးသော 
    လိမ်းဆေးလိမ်းရမည်။
  • ရောဂါကြွချိန်တွင် တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ်အစိုဓာတ်ဖြည့်ပြီး အဆီဓာတ်များသော လိမ်းဆေး များကို ယားယံခြင်းနှင့် ရောင်ရမ်းခြင်းများ လျော့နည်းသက်သာအောင် ခန္ဓာကိုယ်တစ်ခုလုံးတွင် အနာဖြစ်‌သောနေရာများမှ လွှဲ၍ လိမ်းပေးရမည်။
Bioderma - Woman applying cream on her body

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

လွန်စွာခြောက်သွေ့သောအသားအရေ၊ အလွန်ယားယံပြီးထိခိုက်ခံရသောအသားအရေ

Skin barrier therapy™ patent

Atoderm Intensive Baume

ယားယံမှု ချက်ခြင်းသက်သာစေခြင်း နှင့် အာဟာရဓာတ်ဖြည့်ပေးခြင်း

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

လွန်စွာခြောက်သွေ့သောအသားအရေ၊ အလွန်ယားယံပြီးထိခိုက်ခံရသောအသားအရေ

Skin barrier therapy™ patent

Atoderm Intensive Pain

ယားယံမှုကို သက်သာစေပြီး သန့်စင်ပေးသော cleansing bar

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

လွန်စွာခြောက်သွေ့သောအသားအရေ၊ အလွန်ယားယံပြီးထိခိုက်ခံရသောအသားအရေ

Skin barrier therapy™ patent

Atoderm Intensive Gel moussant

နူးညံ့ပြီး ယားယံမှုကို သက်သာစေသော သန့်စင်သည့် ဂျယ်လ်

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)

Bioderma Atoderm Lip Stick

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

ခြောက်သွေ့ပြီးအက်ကွဲနေသောနှုတ်ခမ်း

Atoderm Stick levres

အစိုဓာတ်ထိန်းပြီးသက်သာစေသော နှုတ်ခမ်းနီတောင့်

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (၃ နှစ်အထက်ကလေး)