Sébium Global သည် ဝက်ခြံဖြစ်လွယ်အရေပြားအတွက် အထူးထုတ်လုပ်ထားပြီး အရေပြားဇီဝဆိုင်ရာအားဖြင့် (၁) ဖြစ်စေသောအကြောင်းအရာ (၂) ဖြစ်လာသောနောက်ဆက်တွဲ ပြဿနာများနှင့် အပြစ်အနာအဆာများကို ကုသပေးသည်။
(၁) မူလမူပိုင်ပေါင်းစပ်မှု Bakuchiol and the Fluidactiv™ မူပိုင်ခွင့်ဓာတ်ပေါင်း (Seborestore) ဖြင့် အဆီဖွဲ့စည်းပုံကို ဇီဝဆိုင်ရာနည်းလမ်းအားဖြင့် ပြန်လည်ထိန်းညှိပေးသည်။
(၂) ပမာဏသေချာထိန်းညှိထားသော အရေပြားဆိုင်ရာသုံး actives ingrediens ပါဝင်ပစ္စည်းများ ပေါင်းစပ်ထားမှုကြောင့် ချွေးပေါက်များကို သန့်စင်ပေးပြီး အရေပြားကို ချောမွေ့စေသည်။ AHA esters, salicylic acid and citric acid
Enoxolon သည် အရေပြားနီမြန်းမှုကို လျော့ချပေးပြီး သက်သာစေသည်။
Zinc Gluconate သည် အရေပြားကို ထိန်းညှိပေးသည်။
Glycerin သည် အရေပြား အစိုဓာတ်ကောင်းစွာ ဖြည့်တင်းနိုင်မှုကြောင့် သက်တောင့်သက်သာဖြစ်စေသည်။
Sébium Global
အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက်
အစက်အပြောက်များကိုဖယ်ရှားပေးပြီး ထပ်မံမဖြစ်အောင် ကာကွယ်ပေးသည်။
Detailed description
SEBIUM GLOBAL
လူကြီး, ဆယ်ကျော်သက်
ကောင်းကျိုးများ
Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။


တနေ့ တကြိမ် (သို့) နှစ်ကြိမ်
- အဆင့်များ 1 Sébium Gel moussant (Foaming gel) သို့ Sébium H2O နှင့်သန့်စင်ပြီး အသုံးပြုပါ။
- အဆင့်များ 2 စိမ့်ဝင်သည်အထိ ညင်သာစွာ လိမ်းပေးပါ။
မျက်လုံးနေရာများကို ရှောင်ပါ။ အကယ်၍ တခုခုဖြစ်လျှင် ကျန်းမာရေးဆရာဝန်နှင့် ဆွေးနွေးအကြံပြုချက်ယူပါ။ ဝက်ခြံဖြစ်လွယ် အရေပြားအတွက် recommend လုပ်လိုသော ထုတ်ကုန်ဖြစ်သည်။ နေရောင်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းမှ ရှောင်ပါ။
ကျွန်ုပ်တို့၏ပစ္စည်းများကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။
အရေပြားဆားဝက်ခြံဖြစ်ခြင်းနှင့် အနီစက်များမှဖြစ်လာသော ဝက်ခြံဆိုသည်မှာ အရေပြား ပြဿနာများမှ တွေ့ရများသော ပြဿနာဖြစ်သည်။ ပျိုဖော်ဝင်ချိန်တွင် အဓိကတွေ့ရသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်တတ်သည်။
ဝက်ခြံဖြစ်စေနိုင်သော အကြောင်းရင်း အမျိုးမျိုးရှိသည်။ အဆီထုတ်လုပ်မှုများခြင်းဖြင့် အစပြုတတ်ပြီး အဆီပြန်အရေပြားဖြစ်လာသည်။ ဝက်ခြံထွက်လွယ် အရေပြားတွင် ဒီထက်မက အဆီဖွဲ့စည်းပုံ မမှန်ခြင်းကြောင့် အဓိကဖြစ်သည်။ ထိုမှတဆင့် ဆားဝက်ခြံနှင့် ရောင်ရမ်းခြင်းသို့ဖြစ်လာသည်။
မျက်နှာတွင်မြင်နေရသော ဝက်ခြံများဖြစ်ပေါ်လာမှုကို စဉ်းစားကြည့်လျှင်ပင် နေ့စဉ်ဘဝ နေထိုင်မှုသည် အမြဲ မလွယ်ကူဟု ပြောလို့ရနိုင်သည်။ ဝက်ခြံကို သေချာပျောက်ကင်းအောင် ကုသမှုမပြုလျှင် (သို့) လုံးဝကုသမှုမပြုပါက ဝက်ခြံကြောင့် စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာများတွင် အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်။ ထို့ကြောင့် ဝက်ခြံဒဏ်ခံရသူများသည် ဤအရာကို သေချာနားလည်ပြီး ရေရှည်ကုသမှုများပြုလျှင် နေ့စဉ်လူနေမှုဘဝ တိုးတက်ပြောင်းလဲလာနိုင်သည်။
အမဲစက်များနှင့်ဆားဝက်ခြံဖယ်ရှားခြင်း
တခြားသောအရေပြားကုသမှုနှင့်တွဲဖက်ကုသသောအခါ ၈၄ ရက်အကြာတွင် (၁)
- ၆၉% ဆားဝက်ခြံများ
- ၈၉% အမဲစက်များ
Sébium Global တစ်မျိုးတည်းကုသသောအခါ ၈၄ ရက်အကြာတွင် (၂)
- ၆၅% ဆားဝက်ခြံများ
- ၇၉% အမဲစက်များ
