Sébium Hydra

ကုသမှုများပြုပြီး အရေပြားလွန်စွာခြောက်သွေ့နေပါက ထိရောက်စွာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အာဟာရဓာတ်ဖြည့်ပေးသည်။

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

ဝက်ခြံဖြစ်လွယ်သောအသားအရေ

Fluidactiv™ patent

From
33,900 €

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

ဘာပါဝင်ပစ္စည်းတွေပါ၀င်သလဲ?

အသေးစိတ်ကြည့်ရှုရန်
Prescribed by dermatologists အရေပြားအထူးကုမှညွှန်ကြားထားသော

ခိုင်လုံသောထိရောက်မှုအာနိသင်

၂၄ နာရီကြာ အရေပြားအစိုဓာတ်ပြည့်ဝစေသည်။*

  • ထိရောက်သော အစိုဓာတ်ဖြည့်ပေးသည်။
  • အရေပြားသက်တောင့်သက်သာမဖြစ်ခြင်းကို သက်သာစေသည်။
  • နီမြန်းခြင်းကို လျှော့ချပေးပြီး အရေပြားကို နေသာစေသည်။
  • အရေပြားခံနိုင်ရည်အားကောင်းစေသည် - ချွေးပေါက်မပိတ်စေပါ - မိတ်ကပ်အောက်ခံအဖြစ်အသုံပြုနိုင်သည်
    အရင်းအမြစ်ကြည့်ရန်

    Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

    Sébium Hydra သည် ဇီဝဆိုင်ရာအားဖြင့် အရေပြားကုသမှုများကြောင့် ခြောက်သွေ့ပျက်စီးလာသော အရေပြားကို ပြန်လည်မွမ်းမံပေးသည်။
    - အစိုဓာတ် (glycerine) နှင့် ဇီဝဆင်တူ ပါဝင်ပစ္စည်းများ (ceramides) ကြောင့် အရေပြားအပေါ်ယံလွှာ ကွာကျခြင်းနှင့် တင်းကြပ်မှု ခံစားရခြင်းကို ပြန်လည်ကောင်းမွန်စွာ မွမ်းမံပေးသည်။
    - Enoxolon ပါသည့်အတွက် အရေပြားနီမြန်းမှုကို သက်သာစေပြီး allantoin ပါဝင်၍ အရေပြားကို သက်သာစေသည်။
    - မူပိုင် Fluidactiv™ patent ဓာတ်ပေါင်းသည် အဆီအရည်အသွေးထိန်းညှိပေးပြီး ချွေးပေါက်များ မပိတ်အောင်နှင့် အပြစ်အနာအဆာများ မဖြစ်အောင် တားဆီးပေးသည်။

    Face မျက်နှာ

    တနေ့တကြိမ် (သို့) နှစ်ကြိမ်

    • အဆင့်များ 1 တနေ့တစ်ကြိမ် (သို့) နှစ်ကြိမ် Sébium Gel moussant (Foaming gel) (သို့) Sébium H2O နှင့်သန့်စင်ပြီးအသုံးပြုပါ။
    • အဆင့်များ 2 စိမ့်ဝင်သည်အထိ ညင်သာစွာ လိမ်းပေးပါ။

    အကယ်၍ တခုခုဖြစ်လျှင် ကျန်းမာရေးဆရာဝန်နှင့် ဆွေးနွေးအကြံပြုချက်ယူပါ။

    ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

    Isotretinoin ဆေးသည် အလွန်ဆိုးရွားသော ဆေးမတိုးသော ဝက်ခြံများတွင်ပေးရတတ်သည်။ အရေပြားအထူးကုများမှ ဆေးညွှန်းဖြင့်ပေးတတ်ပြီး ၎င်း၏ဖြစ်တတ်သော ဆိုးကျိုးများနှင့် စောင့်ကြည့်ကုသမှုများကို သေချာနားလည်ထားပြီး ကုသမှုပြုရသည်။

    ဤကုသမှုသည် အလွန်ထိရောက်မှုရှိသော်လည်း ပမာဏနည်းများပေါ်မူတည်ပြီး လူတစ်ဦးမှ တစ်ဦးကွဲပြားတတ်သည်။ မျက်နှာနီမြန်းလာခြင်း (အထူးသဖြင့်ကုသမှုအတွက်)၊ တင်းကြပ်မှုခံစားရခြင်း၊ ခြောက်သွေ့သောအရေပြား၊ အရေပြား အဖတ်ဖတ်လန်၍ ကွာကျခြင်း၊ နီမြန်းသောနေရာများ၊ နှုတ်ခမ်း‌ခြောက်၍ အက်ကွဲခြင်း စသဖြင့်။

    ရလဒ်များသည် ခိုင်လုံသောလက်တွေ့စမ်းသပ်မှုမှ ရရှိသည်

    အစိုဓာတ်ဖြည့်ပေးခြင်း
    အစိုဓာတ်ပြည့်ဝနေသော အရေပြား - ၉၇%(၁)

    အရေပြားတင်းကျပ်နေမှုကို လျှော့ချပေးခြင်း
    အရေပြားနူးညံ့မှုနှင့်သက်တောင့်သက်သာဖြစ်စေမှု - ၁၀၀%(၂)

    အရေပြားကိုသက်သာစေခြင်း
    ချက်ချင်းနေသာစေခြင်း - ၉၅%(၁)

    အရင်းအမြစ်ကြည့်ရန်

    အစိုဓာတ်ဖြည့်ပေးခြင်း
    ၂၄ နာရီကြာ အစိုဓာတ်ဖြည့်ပေးခြင်း (၃)

    အရေပြားတင်းတင်းကြီးဖြစ်ခြင်းကို‌ လျော့ချပေးခြင်း
    အရေပြားတင်းတင်းကြီးဖြစ်ခြင်းကို လျော့ချပေးသည် - ၅၉% (၁)

    သက်တောင့်သက်သာဖြစ်စေခြင်း
    အရေပြားကိုသက်တောင့်သက်သာဖြစ်စေသည် - ၉၅% (၁)

    အရင်းအမြစ်ကြည့်ရန်

    ဤပစ္စည်းကို NAOS ၏အဓိကပင်တိုင်ဖြစ်သော သဘာဝဇီဝကမ္မဖြစ်စဉ်များကို လိုက်နာခြင်းဖြင့် သင့်အတွက် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။

    အဆီအရည်အသွေးပြောင်းလဲခြင်းသည် အရေပြားအပြစ်အနာဆာများကို ဖြစ်စေနိုင်သည်။ ဤ patented complex မူပိုင်ခွင့်သည် အဆီများပျစ်ခဲနေခြင်းကို တားဆီးပေးပြီး ချွေးပေါက်ပိတ်ခြင်းနှင့် အပြစ်အနာဆာများ မဖြစ်စေရန် ကာကွယ်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

    ပြင်ပမှဒဏ်များကြောင့် အရေပြားတုံ့ပြန်ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်စေသည်။ ဤ မူပိုင်ခွင့်သည် မည်သည့် အရေပြားအမျိုးအစားမဆို ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

    ပါဝင်ပစ္စည်းစာရင်းကြည့်ရန်