ကိုယ့်ကိုယ်ယုံကြည်မှု ပျောက်ဆုံးစေတဲ့ဝက်ခြံပြဿနာ ဘယ်လိုအဖြေရှာကြမလဲ။
ဝက်ခြံ။ နာမည်ကြီးက မလှသလို ဘယ်သူတစ်ဦးတစ်ယောက်မှလည်း နှစ်သက်တဲ့အရာတစ်ခုမဟုတ်ဘူး။ ဒါပေမယ့်လည်း လူတော်တော်များများက မကြုံတွေ့ချင်ပေမယ့် ဒီပြဿနာနဲ့ ကြုံတွေ့နေကြရတာပါပဲ။ ဝက်ခြံက ပေါက်တဲ့အခါ မနှစ်မြို့စရာကောင်းသလို သူ့ရဲ့အဆိုးဆုံးပြဿနာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးတာပါပဲ။ ဝက်ခြံပေါက်တဲ့အချိန်တွေဆိုရင် လူကြားထဲကိုမသွားချင်တာ၊ အပြင်ထွက်ချင်စိတ်ကိုမရှိတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ လူတွေနဲ့တွေ့တဲ့အခါမှာတောင် သူတို့က ငါ့ဝက်ခြံတွေကိုများ ကြည့်နေကြတာလား၊ ဝက်ခြံတွေနဲ့ဆိုတော့ ရုပ်ဆိုးလိုက်တာလို့ထင်နေမလား စသဖြင့် ဒီအကြောင်းပဲ တချိန်လုံးတွေးနေမိပါလိမ့်မယ်။
ဒါလေးတွေတော့ သိထားဖို့လိုပါတယ်။
ဝက်ခြံနဲ့ပတ်သက်လို့ လူတွေအထင်အမြင်လွဲမှားနေကြတာတွေ အများကြီးပါ။ အဲဒါတွေကြောင့်လည်း ဝက်ခြံနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးတာက ပိုဆိုးတတ်ပါတယ်။
၁။ ဝက်ခြံက ညစ်ပတ်လို့ ပေါက်တာမဟုတ်ဘူး
ဝက်ခြံပေါက်တယ်ဆိုရင် ညစ်ပတ်လို့လို့ ထင်ကြတာ တကယ့်အမှားကြီးပါ။ ဝက်ခြံက ခန္ဓာကိုယ်တွင်းဟော်မုန်းဓာတ်အပြောင်းအလဲတွေကြောင့် အဆီဂလင်းက အဆီတွေပိုထုတ်တာကနေ ဖြစ်တာပါ။ တကိုယ်ရည်သန့်ရှင်းမှုနဲ့ဝက်ခြံက ဆက်စပ်မှုသိပ်မရှိပါဘူး။ ညစ်ပတ်လို့ဝက်ခြံပေါက်တာမဟုတ်ဘဲ သန့်သန့်ရှင်းရှင်းနေလည်း ပေါက်တာပါပဲ။
၂။ ဝက်ခြံက တကိုယ်ရည်အာသာဖြေတာနဲ့ ဆက်စပ်မှုမရှိဘူး
တကိုယ်ရည်အာသာဖြေတာကလည်း ဝက်ခြံနဲ့ဆက်စပ်မှုမရှိပါဘူး။ ဟော်မုန်းအပြောင်းအလဲကြောင့် ဆန့်ကျင်ဘက်လိင်အပေါ်မှာ စိတ်ဝင်စားမှုများလာတဲ့အချိန် ဝက်ခြံပေါက်တာနဲ့ ဆက်စပ်ဖြစ်ပေါ်တာကြောင့် ဆိုင်တယ်လို့ ထင်နေကြတာပါ။ တကယ်က ဝက်ခြံပေါက်တာ အဲဒါကြောင့်မဟုတ်ပါဘူး။
၃။ မျက်နှာခဏခဏသစ်တိုင်း ဝက်ခြံမသက်သာဘူး။
လူတွေထင်ထားတဲ့ မျက်နှာကို မကြာခဏသစ်မယ်ဆိုရင် ဝက်ခြံမပေါက်ဘူးဆိုတာကလည်း မဟုတ်ပါဘူး။ မျက်နှာကို လိုတာထက်ပိုသစ်တဲ့အခါ ရှိနေရမယ့် ကောင်းမွန်တဲ့အဆီတွေပျောက်ဆုံးကုန်ပြီး ဝက်ခြံတောင် ပိုပေါက်နိုင်ပါသေးတယ်။
၄။ ဝက်ခြံက ဟော်မုန်းကြောင့် အဓိက ဖြစ်တာပါ။
ဝက်ခြံနဲ့ပတ်သက်လို့ ယုံတမ်းစကားတွေအများကြီး ရှိနေပေမယ့် အဓိကအကြောင်းရင်းက ဟော်မုန်းဓာတ်တွေပဲဖြစ်ပါတယ်။ ဟော်မုန်းတွေအပြောင်းအလဲများတတ်တဲ့ အပျိုလူပျိုဖော်ဝင်ချိန်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန် အစရှိတဲ့အချိန်တွေမှာဆိုရင် ဝက်ခြံပိုပေါက်တတ်ပါတယ်။
ဝက်ခြံကြောင့် ကိုယ့်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးနေတာ ဘယ်လိုအဖြေရှာမလဲ။
၁။ ဝက်ခြံတွေကို မဆွပါနဲ့။
ဝက်ခြံပေါက်ပြီဆိုတာနဲ့ လုပ်ကြတာက ဝက်ခြံကို ညှစ်တာ၊ ဆွတာပဲ။ မှန်ကြည့်လို့ မြင်တိုင်း ကုတ်ဖဲ့ချင်တာ၊ မထွက်ထွက်အောင် ညှစ်ပစ်ချင်တာမလား။ ဒါက လူတိုင်းပါပဲ။ ဒါပေမယ့် ဝက်ခြံကိုညှစ်တာ၊ ကုတ်ဖဲ့ပြီး ဆွတာတွေက ဝက်ခြံကိုပိုးဝင်ပြီး ပိုဆိုးလာစေနိုင်တဲ့အပြင် ရုပ်ဆိုးတဲ့ အမာရွတ်တွေပါ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်နေတယ်ဆို မကုတ်ဖို့ မဆွဖို့ မညှစ်ဖို့ကို အမြဲသတိထားပါ။ အချိန်တန်ရင် ဝက်ခြံကပျောက်သွားလိမ့်မယ်။ အမာရွတ်တွေကျ ပျောက်ဖို့ခက်ပါတယ်။
၂။ ဝက်ခြံသမားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုအသုံးပြုပါ။
ဝက်ခြံသမားတွေအတွက် အသားရေထိန်းသိမ်းမှုက အရမ်းအရေးပါတယ်။ တွေ့ရာပစ္စည်း အသုံးပြုလို့မရဘဲ ဝက်ခြံအတွက် သီးသန့်ထုတ်လုပ်ထားတဲ့၊ မပျော့လွန်းမပြင်းလွန်းတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဝက်ခြံသမားတွေ အသားရေထိန်းသိမ်းမှုအတွက်ဆိုရင် BIODERMA က ထုတ်လုပ်တဲ့ Sebium Series ရှိပါတယ်။ Sebium series က အဆီပြန်တဲ့အသားရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လွယ်သူတွေအတွက် အထူးဖော်စပ်ပြုလုပ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Seibum series မှာပါဝင်တဲ့ Fluidactiv က အဆီတွေရဲ့ အဆီအရည်အသွေးနဲ့ထွက်ရှိမှုကိုထိန်းချုပ်ပေးပြီး အဆီပေါက်တွေမပိတ်ဆို့နေအောင်၊ နီရဲရောင်ရမ်းတာတွေ မဖြစ်အောင် တားဆီးပေးနိုင်တဲ့အတွက်ကြောင့် ဝက်ခြံပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ အမျိုးအစားတစ်ခုစီလိုက်ရှာဝယ်စရာလည်းမလိုအောင် ဒီ Sebium range မှာဆိုရင် မျက်နှာသန့်စင်တာ၊ မိတ်ကပ်ဖျက်တာ၊ အစိုထိန်းတာ အကုန်လုံးအတွက် ရှိပြီးသားဖြစ်တာကြောင့် ဝက်ခြံကြောင့် စိတ်ညစ်နေရတယ်ဆိုရင် အသားရေထိန်းသိမ်းမှု အစအဆုံး အကုန် အဆင်ပြေစေပါလိမ့်မယ်။
၃။ ကိုယ့်အားနည်းချက်ကို လူတွေသတိမထားမိပါဘူး
လူတိုင်းက ကိုယ့်အကြောင်းအစအဆုံးသိကြတော့ တစ်ခုခုဆို စကြည့်မိတာက အားနည်းချက်ကို ဖြစ်နေတတ်တယ်။ မှန်ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ တခြားအလှအပတွေအကုန်လုံးထက် ဝက်ခြံလေးပေါက်နေတာကိုသာ ပြဿနာအကြီးကြီးလို မြင်နေတတ်ကြပါတယ်။ အဲဒီမှာ အားငယ်စိတ်ဓာတ်ကျတာ ထပ်ဖြစ်တော့တာပေါ့။ တကယ်ကျတော့ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့စသတိထားမိတာက ဝက်ခြံပေါက်နေတယ်ဆိုတာကိုမဟုတ်ဘဲ ကိုယ့်မှာရှိတဲ့ အားသာချက်လေးတွေကို အရင်မြင်ကြတာပါ။ ဥပမာ မျက်နှာအရမ်းချိုတယ်၊ အပြုံးလေးက စွဲဆောင်မှုရှိတယ် စသဖြင့်ပေါ့။ ဒီသဘောကိုနားလည်ရင် ဝက်ခြံကြောင့် စိတ်ညစ်နေရတာတွေ သက်သာပါလိမ့်မယ်။