အသက်ကြီးလာရင် အရေပြားက ပိုထိခိုက်လွယ်လာလား⁉⁉ အသက်အရွယ်နဲ့ဟော်မုန်းအပြောင်းအလဲက ထိခိုက်လွယ်အသားရေကို ပိုဆိုးစေနိုင်လား⁉

အသက်ကြီးလာရင် အရေပြားက ပိုထိခိုက်လွယ်လာလား⁉⁉
အသက်အရွယ်နဲ့ဟော်မုန်းအပြောင်းအလဲက ထိခိုက်လွယ်အသားရေကို ပိုဆိုးစေနိုင်လား⁉

အသက်ကြီးလာမှုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် ဆိုးကျိုးတွေများလာတယ်ဆိုတာကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ အမြင်အာရုံတွေဝေဝါးလာတာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲတတ်လာတာကနေစလို့ ဆီးချို သွေးတိုးနှလုံးရောဂါတွေလိုမျိုး ကိုယ်တွင်းအင်္ဂါရောဂါတွေ ပိုဖြစ်လာနိုင်တယ်။ အသက်ကြီးလာလို့ထိခိုက်ရတဲ့အထဲမှာ အရေပြားလည်းပါဝင်ပါတယ်

အသက်ကြီးလာတဲ့အခါ အရေပြားက ဘယ်လိုထိခိုက်လာလဲ⁉

အသက်ကြီးလာတဲ့အခါ အရေပြားရဲ့ဆဲလ်တွေအသစ်ပြန်ဖြစ်မှု နှေးကွေးလာပြီး အဆီထုတ်လုပ်မှုပမာဏလည်း လျော့နည်းလာတယ်။ နောက်ဆက်တွဲမှာတော့ အသားရေက ခြောက်သွေ့ပြီးကြမ်းတမ်းလာတယ်။ နေရောင်ဒဏ်ကို ပိုခံစားရပြီး အရေပြားရဲ့ ကာကွယ်နိုင်စွမ်းအားတွေလည်း ကျဆင်းလာတယ်။ အသားရေရဲ့ ခံနိုင်ရည်စွမ်းအားကျဆင်းပြီး ထိခိုက်လွယ်လာတယ်။ 

အရင်က ထိခိုက်လွယ်အသားရေပိုင်ရှင်မဟုတ်ဘူးဆိုရင်တောင် အသက်ကြီးလာတာနဲ့အမျှ အသားရေရဲ့ ခံနိုင်ရည်စွမ်းအားကျဆင်းလာတာကြောင့် မတည့်တာတွေ ပိုများလာပြီး ထိခိုက်လွယ်အသားရေအဖြစ်ကို ပြောင်းလဲလာတယ်။ အသက် ၂၅နှစ်နောက်ပိုင်းမှာ ကော်လဂျင်ပမာဏက တစ်နှစ်ကို ၁ ရာခိုင်နှုန်းလောက်ကျဆင်းလာပြီး အရေပြားက လျော့ရဲလာတယ်။ အရေးအကြောင်းတွေပိုပေါ်လာတယ်။ နည်းနည်းလေးထိခိုက်တာနဲ့ ဒဏ်ရာဖြစ်တတ်လာတယ်။ နှစ်ပေါင်းများစွာ ဟော်မုန်းအတက်အကျဒဏ်ကို ခံစားရတဲ့အတွက်ကြောင့်လည်း အဆီဂလင်းတွေပျက်စီးယိုယွင်းမှုဖြစ်ပြီး အသားရေခြောက်သွေ့မှုတွေ ပိုဖြစ်လာပြီး ထိခိုက်လွယ်အသားရေကို ပိုဆိုးစေနိုင်ပါတယ်

 အသက်ကြီးပြီး ထိခိုက်လွယ်အသားအရေအဖြစ် ပြောင်းလဲလာတဲ့အခါ အသားရေက...

- နီရဲလာတယ်
- ခြောက်သွေ့ပြီးကြမ်းတမ်းလာတယ်
- အရေးအကြောင်းတွေပိုပေါ်လာတယ်
- တင်းကျပ်ကျပ်ကြီးခံစားလာရတယ်
- ပြင်ပကအရာတွေကို ခံနိုင်ရည်နည်းလာပြီး မကြာခဏ ထိခိုက်လွယ်မှုတွေဖြစ်လာတယ်

အသက်ကြီးလာလို့ ထိခိုက်လွယ်အသားရေဖြစ်လာတဲ့အခါ ဘယ်လိုအသားရေထိန်းသိမ်းမှုပစ္စည်းတွေ အသုံးပြုရမလဲ⁉

ထိခိုက်လွယ်အသားရေ (Sensitive Skin) ဖြစ်လာတဲ့အခါ  အသားရေထိန်းသိမ်းမှုပစ္စည်း အရမ်းရွေးပါတယ်။ သတိထားကြည့်ရင် အသက်ကြီးလာတာနဲ့အမျှ ကြုံရာ အသားရေထိန်းသိမ်းမှုပစ္စည်းတွေအသုံးပြုလို့မရတော့ဘူး။ တခြားသူတွေနဲ့အဆင်ပြေပေမယ့် ကိုယ်နဲ့မှ အဆင်မပြေတာမျိုးက အရမ်းအဖြစ်များပါတယ်။ တံဆိပ်တစ်ခုတည်းမှာကိုပဲ ပြေတာတွေပြေ မပြေတာတွေမပြေနဲ့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရှာရဖွေရအလုပ်ရှုပ်ပြီး သတိလည်းအရမ်းထားရပါတယ်

ဒီအတွက်တော့ သိပ်စိတ်မပူပါနဲ့။ BIODERMA ကထုတ်လုပ်တဲ့ Sensibio ထုတ်ကုန်တွေရှိပါတယ်

BIODERMA ဆိုတာက အသားရေအမျိုးအစားအကုန်လုံးနဲ့သင့်တော်အောင်ထုတ်လုပ်တဲ့ skincare company တစ်ခုအဖြစ်လူသိများပြီး အဲဒီထဲကမှ Sensibio products တွေဟာ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်ပါတယ်။ အရေပြားကို သန့်စင်တာကနေစပြီး မိတ်ကပ်ဖျက်တာ၊ တိုနာ၊ အစိုထိန်းခရင်မ် အစရှိတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းအမျိုးအစားအကုန်လုံးကို အမှတ်တံဆိပ်တစ်ခုတည်းနဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အသက်ကြီးလာလို့ ထိခိုက်လွယ်အသားရေဖြစ်လာတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်

Sensibio ထုတ်ကုန်တွေဟာ အယ်လ်ကိုဟော၊ ဆပ်ပြာ၊ အမွှေးနံ့သာ လုံးဝမပါဝင်ဘဲ အရေပြားရဲ့ပြောင်းလဲမှုဖြစ်စဥ်တွေကို သိရှိနားလည်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အရမ်းအဆင်ပြေပါတယ်။ Sensibio products တွေထဲမှာပါဝင်တဲ့ D.A.F Complex က အရေပြားရဲ့ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အတွက်ကြောင့် ထိခိုက်လွယ်အသားအရေတွေမှာ အရေပြားခံနိုင်ရည်အားနည်းနေတာကို သက်သာလာစေပါတယ်။ ဒါကြောင့်ထိခိုက်လွယ်အသားရေ ဖြစ်လာပြီဆိုရင် Sensibio products တွေက အကောင်းဆုံးပါပဲ။

ဒါနဲ့ ပတ်သက်ပြီး အရေပြားအလှအပဆရာဝန် Dr. Myo Myint Thein ကလည်း ဒီလိုပြောထားပါတယ်

Dr. Myo Myint Thein ( Aesthetic doctor, Mandalay )

အသက်ကြီးလာတာနဲ့အမျှ ဆဲလ်အသစ်ဖြစ်ပွားခြင်းတွေ နှေးလာပြီးတော့ အရေပြားမျက်နှာပြင်ပေါ်မှာရှိတဲ့ Lipid ထုတ်လုပ်ခြင်းတွေလျော့နည်းလာတာကြောင့် အရေပြားကြမ်းလာခြင်းတွေ၊ ခြောက်သွေ့ခြင်းတွေဖြစ်လာတတ်ပါတယ်

အရေပြားရဲ့ epidermic ( အရေပြားအပေါ်ယံလွှာ) နှင့် dermis ( အရေပြားအတွင်းလွှာ) နှစ်လွှာလုံးပါးလာပြီး Skin barrier လို့ခေါ်တဲ့ အရေပြားအပေါ်ယံအလွှာအားနည်းလာတာကြောင့် ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာလို့ အရေပြားက ပိုမိုထိခိုက်လွယ်၊ ရောင်ရမ်းလွယ်ပြီး ပြင်ပအခြေအနေများကြောင့် မသက်မသာဖြစ်လာစေပါတယ်

အသက်အရွယ်ကြီးရင့်ခြင်းကို မလွန်ဆန်နိုင်တာကြောင့်  အရေပြားရဲ့ ဇီဝဖြစ်စဉ်ကို မပြောင်းလဲနိုင်ပေမယ့်လည်း ဓာတ်မတည့်မှုတွေကို လျော့ချပေးတဲ့ အရက်ပြန်၊မွှေးရနံ့ နှင့် အရောင်များမပါဝင်တဲ့ မှန်ကန်တဲ့ ထုတ်ကုန်တွေကို ရွေးချယ်သုံးစွဲပေးခြင်းဖြင့် ထိခိုက်လွယ်အသားအရေဖြစ်စေနိုင်မှုကို လျော့နည်းစေပြီး ခံနိုင်ရည်ကောင်းလာစေပါတယ်

Bioderma ရဲ့ Sensibio Light cream မှာ ပါဝင်တဲ့ အစွမ်းထက်တဲ့ Toleridine Patent ရဲ့ ပါဝင်ပစ္စည်းများဖြစ်တဲ့ (Enoxalone နှင့် brown seaweed extract) တို့ကြောင့် အရေပြားကို လျှင်မြန်စွာသက်သာစေပြီး တချိန်ထဲမှာပင် အရေပြားရဲ့ ခံနိုင်ရည်အားကိုတိုးလာစေပြီးတော့ အရေပြားမသက်မသာဖြစ်ခြင်းတွေကို လျော့နည်းစေပါတယ်