ဓမ္မတာနဲ့ ဝက်ခြံ။ ဓမ္မတာလာချိန် ဘာလို့ ဝက်ခြံတွေပိုထွက်ရတာလဲ။
ဓမ္မတာနဲ့ ဝက်ခြံ။ ဓမ္မတာလာချိန် ဘာလို့ ဝက်ခြံတွေပိုထွက်ရတာလဲ။
မိန်းကလေးတိုင်း အရွယ်ရောက်လာတာနဲ့ ကြုံတွေ့ရတဲ့အရာတစ်ခုကတော့ တစ်လတစ်ခါ ဓမ္မတာလာခြင်းပါပဲ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီကိစ္စက ဘဝရဲ့ တဝက်လောက်ထိတော့ ကြုံရမယ့်ကိစ္စဆိုတော့ ရင်ဆိုင်ကြရတာပေါ့။ ဓမ္မတာလာတာနဲ့အတူ တဆက်တည်းပါလာတတ်တဲ့ စိတ်ညစ်စရာကောင်းတဲ့အရာကတော့ ဝက်ခြံပါ။
မိန်းကလေးအကုန်လုံးမှာမဟုတ်ပေမယ့် တော်တော်များများ အမျိုးသမီးတွေမှာ ဓမ္မတာဝက်ခြံဆိုတာ ဖြစ်တတ်ပါတယ်။ ဓမ္မတာလာတဲ့အချိန် ပတ်ဝန်းကျင်မှာ ဝက်ခြံတွေပိုပေါက်တာပါ။ ဒီနှစ်ခုက ဆက်စပ်မှုရှိပါတယ်။ ဓမ္မတာစက်ဝန်းချိန်မှာ ဟော်မုန်းတွေက အတက်အကျဖြစ်ပါတယ်။ ရာသီမလာခင်လေးတင်မှာပဲ အီစရိုဂျင်နဲ့ ပရိုဂျက်စတရွန်းဟော်မုန်းတွေ ထုတ်လုပ်မှုလျော့ကျသွားပြီး အဲဒါက အဆီဂလင်းတွေကို အဆီတွေပိုထုတ်ဖို့အတွက် တွန်းအားပေးပါတော့တယ်။ အဲဒီအဆီပိုတွေ ပိတ်ဆို့ကုန်ရာကနေ ဝက်ခြံတွေဖြစ်ပေါ်လာပါတယ်။ သတိထားကြည့်ရင် ရာသီလာချိန်ဝန်းကျင်မှာ မျက်နှာက ပိုအဆီပြန်ပြီး တခြားအချိန်တွေထက် ပူနေတတ်ပါတယ်။ ဒါတင်မကသေးဘူးနော်။ ဟော်မုန်းတွေက အရေပြားရောင်ရမ်းမှုတွေနဲ့ ဘက်တီးရီးယားတွေပွားများလာအောင်လည်း လှုံ့ဆော်ပေးတာကြောင့် ရာသီလာချိန်ဆို ဝက်ခြံတွေနဲ့ ဖြစ်နေရတာပေါ့။ ဓမ္မတာလာချိန်ဆို ဝက်ခြံတွေပိုထွက်တယ်ဆိုတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ နဂိုကတည်းက အဆီပြန်တတ်တဲ့အသားရေပိုင်ရှင်လည်းဖြစ်တယ်ဆိုရင်တော့ ဝက်ခြံက ပိုဆိုးနိုင်တာပေါ့။
ကဲ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ
BIODERMA က ထုတ်လုပ်တဲ့ Sebium Series ရှိပါတယ်။ Sebium series က အဆီပြန်တဲ့အသားရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လွယ်သူတွေအတွက် အထူးဖော်စပ်ပြုလုပ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Seibum series မှာပါဝင်တဲ့ Fluidactiv က အဆီတွေရဲ့ အဆီအရည်အသွေးနဲ့ထွက်ရှိမှုကိုထိန်းချုပ်ပေးပြီး အဆီပေါက်တွေမပိတ်ဆို့နေအောင်၊ နီရဲရောင်ရမ်းတာတွေ မဖြစ်အောင် တားဆီးပေးနိုင်တဲ့အတွက်ကြောင့် ဓမ္မတာလာချိန် ဝက်ခြံထွက်ရှိမှုကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။
အမျိုးအစားတစ်ခုစီလိုက်ရှာဝယ်စရာလည်းမလိုအောင် ဒီ Sebium range မှာဆိုရင် မျက်နှာသန့်စင်တာ၊ မိတ်ကပ်ဖျက်တာ၊ အစိုထိန်းတာ အကုန်လုံးအတွက် ရှိပြီးသားဖြစ်တာကြောင့် ဝက်ခြံကြောင့် စိတ်ညစ်နေရတယ်ဆိုရင် အသားရေထိန်းသိမ်းမှု အစအဆုံး အကုန် အဆင်ပြေစေပါလိမ့်မယ်။