Cicabio SPF 50+

တစ်မိသားစုလုံးသုံးနိုင်သော နေရောင်ခြည် ကာကွယ်ပေးပြီး အမာရွတ်မဖြစ်စေသော အနာကျက်မြန်ခရင်မ်

ရံဖန်ရံခါတွင်သာသုံးသောအသားအရေထိန်းသိမ်းခြင်း

အရေပြားအားနည်းပြီးယားယံတက်တဲ့အသားရေများတွက်

Antalgicine™ technology

From
52,800 €

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)

ဘာပါဝင်ပစ္စည်းတွေပါ၀င်သလဲ?

အသေးစိတ်ကြည့်ရှုရန်
Prescribed by dermatologists အရေပြားဆိုင်ရာကျွမ်းကျင်သူများ၏ညွှန်ကြားချက်

စမ်းသပ်ထားပြီးရလဒ်

အရေပြားပြန်လည်ကောင်းမွန်လာခြင်း ၇၆%*

CICABIO SPF50+

  • အပေါ်ယံအရေပြားလွှာကို ပြန်လည်ကောင်းမွန်စေသည်။
  • SPF 50+ ပါဝင်သောကြောင့် နေရောင်ခြည်ကြောင့် အညိုစက်များဖြစ်ခြင်းကို ကာကွယ်ပေးသည်။
  • မသက်မသာဖြစ်ခြင်းကို လျော့ချပေးပြီး ကုတ်ချင်စိတ်ကို လျော့ပါးစေသည်။
  • Copper နှင့် zinc တို့သည် ဘက်တီးရီးယားပိုးများကို ကင်းစင်စေပြီး သန့်စင်စေသည်။
  • ခံနိုင်ရည်ကောင်းစေခြင်း - ချွေးပေါက်မပိတ်ပါ - မိတ်ကပ်နှင့်တွဲလိမ်း၍ရခြင်း - မွှေးရနံ့မပါဝင်ခြင်း - ရေစိုခံခြင်း
    အရင်းအမြစ်ကြည့်ရန်

    Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

    Cicabio SPF 50+ နေရောင်ခြည်ထိတွေ့မှုကြောင့် အားနည်းနေသော အရေပြားကို ပြန်လည်တည်ဆောက်မှုအဆင့်တိုင်းတွင် ကူညီအားဖြည့်ပေးခြင်းဖြင့် အမဲစက်များမပေါ်ပေါက်အောင်ကာကွယ်ပေးသည်။
    Resveratrol, copper နှင့် zinc တို့၏ ပေါင်းစပ်မှုကြောင့် အပေါ်ယံအ‌ရေပြားအလွှာ ဘက်တီးရီးယားပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးသည်။
    Copper နှင့် zinc ပါဝင်သောကြောင့် epidermis အလွှာကို ဘက်တီးရီးယားပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးသည်။
    Antalgicine™ ပါဝင်သောကြောင့် မသက်မသာဖြစ်မှုကို လျှော့ချပေးပြီး ယားယံခြင်းကိုလည်း ကာကွယ်ပေးသည်။
    Hyaluronic acid ပါဝင်မှုကြောင့် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီးကာကွယ်‌ပေးရုံသာမက စေးကပ်ခြင်း မရှိအောင်လည်း ပြုလုပ်ပေးသည်။

    Face မျက်နှာ
    Lips နှုတ်ခမ်း
    Body ခန္ဓာကိုယ်

    အရေပြားလုံးဝပြန်လည်ကောင်းမွန်သည်အထိလိမ်းပေး ရမည်။

    • အဆင့်များ 1 ဖြစ်ပွားသောနေရာသို့လိမ်းရန်
    • အဆင့်များ 2 အရေပြားနှင့်နေရောင်ခြည် ထိတွေ့နေပါက ထပ်ခါထပ်ခါလိမ်းရန်။

    မျက်လုံးတဝိုက်နေရာများကို ရှောင်ပါ။ မသက်မသာခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ နေလောင်သော နေရာ (သို့) ဒဏ်ရာများကို မလိမ်းရ။ လသားကလေးငယ်များနှင့် ကလေးများကို နေရောင်နှင့်တိုက်ရိုက်မထိတွေ့စေရ။ အလွန်အကြူး နေရောင်နှင့်ထိတွေ့ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်။ ၃၆ လအောက်ကလေးများတွင် မလိမ်းမီ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

    ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

    ကျွန်ုပ်တို့၏ အရေပြားသည် ပြင်ပဖိအားများဖြစ်သည့် အပူဒဏ်ကို ထိန်းညှိပေးပြီး ကာကွယ်ပေးသည်။
    အားနည်းနေသောအရေပြားတွင် နေရောင်ခြည်နှင့် ထိတွေ့မှုကြောင့် အမဲစက်များ ဖြစ်ပေါ်လာနိုင်ပြီး အရေးအကြောင်းများ ဖြစ်ပေါ်လာနိုင်သည်။

    အရေပြားဆိုင်ရာကြီးကြပ်ထိန်းချုပ်မှုဖြင့်စမ်းသပ်ပြီးဖြစ်သည်

    မသက်မသာဖြစ်ခြင်းကို လျော့နည်းစေခြင်း
    အရေပြားကိုသက်သာစေခြင်း ၉၁%*
    အရေပြားကိုသက်တောင့်သက်သာဖြစ်စေခြင်း ၉၅%*

    အစိုဓာတ်ကိုထိန်းသိမ်းပေးခြင်း
    အရေပြားကိုနူးညံ့စေခြင်း ၉၁%*

    အရင်းအမြစ်ကြည့်ရန်

    အပေါ်ယံအရေပြားကို ပြန်လည်ကောင်းမွန်စေခြင်း
    အရေပြားကိုပြန်လည်ကောင်းမွန်စေခြင်း ၇၆%*

    အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း
    အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း ၉၁%*

    အရင်းအမြစ်ကြည့်ရန်

    ဤပစ္စည်းကို NAOS ၏အဓိကပင်တိုင်ဖြစ်သော သဘာဝဇီဝကမ္မဖြစ်စဉ်များကို လိုက်နာခြင်းဖြင့် သင့်အတွက် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။

    မသက်မသာဖြစ်စေသော ခံစားမှုများနှင့် ကုတ်ခြင်းတို့သည် အရေပြား၏ သဘာဝပြုပြင်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ ဤနည်းပညာက အရေပြားဓာတ်ပြုမှုကို ထိန်းညှိပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

    ပြင်ပမှဒဏ်များကြောင့် အရေပြားတုံ့ပြန်ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်စေသည်။ ဤ မူပိုင်ခွင့်သည် မည်သည့် အရေပြားအမျိုးအစားမဆို ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

    ပါဝင်ပစ္စည်းစာရင်းကြည့်ရန်