Photoderm AKN Mat SPF30

ဝက်ခြံအပြစ်အနာအဆာများကင်းစင်စေပြီး အဆီမပြန်စေဘဲ ပါးကြည်သောပုံစံ

ထိရောက်သော နေရောင်ကာကွယ်မှု

ပေါင်းစပ်အသားအရေမှအဆီပြန်သော အသားအရေ ဝက်ခြံဖြစ်လွယ်သောအသားအရေ

Fluidactiv™ patent

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

ဘာပါဝင်ပစ္စည်းတွေပါ၀င်သလဲ?

အသေးစိတ်ကြည့်ရှုရန်
Prescribed by dermatologists အရေပြားအထူးကုမှညွှန်ကြားထားသော

စမ်းသပ်ပြီး အာနိသင်ရလဒ်

ရောင်ရမ်းခြင်းများကို လျှော့ချပေးခြင်း (၆၁%)

  • UVA/UVB မှ မြင့်မားစွာကာကွယ်ပေးသည်
  • နေရောင်ကာကွယ်ရာတွင် မြင့်မားသည့်နည်းပညာတစ်ခုဖြစ်သော SUN ACTIVE DEFENSE နည်းပညာသည် UVA ကို ကာကွယ်ပေးနိုင်ရန် အထောက်အပံ့ပေးသည်
  • တစ်နေ့တာလုံး အဆီမပြန်စေဘဲ သိပ်သိပ်လေးဖြစ်စေပါသည်
  • Fuidactiv™ Patent ကြောင့် အဆီ၏အရည်အသွေးကို ထိန်းညှိပေးပြီး ဝက်ခြံအပြစ်အနာအဆာများ ထပ်မံမဖြစ်ပေါ်စေရန် ကန့်သတ်ပေးသည်။
  •  Salicylic Acid နှင့် Glycolic Acid များပါဝင်ခြင်းကြောင့် အသားအရေကို ချောမွတ်စေပြီး Rebound Effect (နေရောင်ကြောင့် အပေါ်ယံအရေပြားထူလာပြီး ချွေးပေါက်များပိတ်ခြင်း) ကို ကာကွယ်ပေးပါသည်ပေါ့

ပါးသောအရည်ပုံစံရှိသည် - စေးကပ်ခြင်းမရှိပါ - အဆီမပြန်ပါ - အသားအရေကို ခြောက်သွေ့စေခြင်း မရှိပါ - မိတ်ကပ်အောက်ခံအဖြစ်ကောင်းစွာ အသုံးပြုနိင်သည် - မွှေးရနံ့ပါဝင်သည် - အရေပြားနှင့် မျက်လုံးတဝိုက်ကို ထိတွေ့သည့်အခါ ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားသည် - ချွေးပေါက်မပိတ်စေပါ - ရေစိုခံသည် - အပူဒဏ်နှင့် မြင့်မားသော စိုထိုင်းဆကိုပါ ခံနိုင်ရည်ရှိသည်

အရင်းအမြစ်ကြည့်ရန်

Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

ဝက်ခြံထွက်လွယ်သောအသားအရေများအတွက် ဒွိဟဖြစ်ပွားဖွယ်မှာ အဆီပြန်ခြင်းနှင့် ဝက်ခြံအပြစ်အနာဆာများ ဖြစ်ပေါ်မှုကို ကန့်သတ်ပေးပြီး တချိန်တည်းမှာပင် နေရောင်၏မလိုလားအပ်သော ဆိုးကျိုးများကို ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ အပူချိန်သည် အဆီထုတ်လုပ်ခြင်းကို မြင့်တက်စေသောကြောင့်  နေရောင်လည်းကာပေးပြီး အသားအရေကိုလည်း ထိန်းသိမ်းပေးသည့် ထုတ်ကုန်ကို ထုတ်လုပ်ရန်မှာ ခက်ခဲပါသည်။

Photoderm AKN Mat SPF30 သည် ဝက်ခြံထွက်လွယ်သည့်အသားအရေများပေါ်တွင် လိမ်းထားမှန်းမသိသာစေဘဲ အသားအရေနှင့်လိုက်လျောညီထွေဖြစ်စေပါသည်။ အဆီပြန်ခြင်းလျှော့ချပေးပြီး နေရောင်မှ မြင့်မားစွာ ကာကွယ်ပေးသည့် သီးသန့်ဖော်မြူလာ နှင့် ထုတ်လုပ်ထားပါသည်။

- Fluidactiv™ Patent သည်  ချွေးပေါက်များ မပိတ်စေရန် ဇီဝဗေဒနည်းအားဖြင့် အဆီ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး အမဲစက်အပြစ်အနာအဆာများ ဖြစ်ပေါ်ခြင်းကို တားဆီးပေးသည်။


- Salicylic Acid နှင့် Glycolic Acid များပါဝင်ခြင်းကြောင့် အသားအရေကို ချောမွတ်စေပြီး Rebound Effect (နေရောင်ကြောင့် အပေါ်ယံအရေပြားထူလာပြီး ချွေးပေါက်များပိတ်ခြင်း) ကို ကာကွယ်ပေးသည်။


-  မြင့်မားသည့် နေရောင်ကာ နည်းပညာတစ်ခုဖြစ်သော SUN ACTIVE DEFENSE နည်းပညာတွင် Sun Filter များအပြင် အရေပြား၏ UVA ကာကွယ်နိုင်စွမ်းကို အားကောင်းစေသော Patent များ ထည့်သွင်းထားပါသည်။ ဓာတ်တိုးဆန့်ကျင်သတ္တိကိုလည်း ပေးစွမ်းနိုင်ပြီး နေရောင်အောက်တွင် အရေပြား၏ခုခံနိုင်စွမ်းကို ထိန်းသိမ်းပေးပါသည်။

အရည်ပုံစံ ဖော်မြူလာဖြင့် ထုတ်လုပ်ထားပြီး လိမ်းပြီးချက်ချင်း အဆီမပြန်ဘဲသိပ်သိပ်လေးဖြစ်စေသောကြောင့် ဝက်ခြံထွက်လွယ်သောအသားအရေများတွင် ဝက်ခြံများပြန်လည်ဖြစ်ပေါ်ခြင်းတားဆီးပေးသော စစ်မှန်သည့် အရေပြားဆိုင်ရာ နေရောင်ကာထုတ်ကုန်တစ်ခုဖြစ်ပါသည်

Face မျက်နှာ
Neck လည်ပင်း

နေရောင်နှင့်ထိတွေ့ခါနီးတိုင်း လိုအပ်သလို အကြိမ်ကြိမ် ထပ်လိမ်းပေးနိုင်ပါသည်။ အစိုဓာတ်ထိန်းခရင် လိမ်းပြီး (သို့) မလိမ်းဘဲ အသုံးပြုနိုင်ပါသည်။

  • အဆင့်များ 1 နေရောင်ခြည်နှင့် မထိတွေ့မီ မျက်နှာနှင့် လည်ပင်းသို့ များပြား ညီညာစွာ လိမ်းပါ (ပမာဏနည်းလျှင် ကာကွယ်နှုန်းနည်းမည်)။
  • အဆင့်များ 2 နေရောင်ဒဏ်မှ ကာကွယ်မှုနှုန်းကို ထိန်းသိမ်းနိုင်ရန်အတွက်
    ချွေးထွက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် သဘက်ဖြင့်ရေသုတ် အခြောက်ခံခြင်းများ ပြုလုပ်ပြီးတိုင်း ထပ်လိမ်းပေးပါ။

နေကာခရင်မ်လိမ်းပြီးနောက် Fabric အဝတ်အထည် များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ အရွယ်ရောက်ပြီးလူကြီး သီးသန့်သုံး ထုတ်ကုန်ဖြစ်ပါသည်။ ကျန်းမာသောအရေပြားပေါ်တွင်သာ အသုံးပြုပါ။  နေရောင်အကာကွယ်ပါသော်လည်း နေရောင်နှင့် အလွန်အကျွံထိတွေ့ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

ပုံမှန်မဟုတ်ဘဲ အဆီမြောက်မြားစွာ ထုတ်လုပ်နေသောကြောင့် ပေါင်းစပ်အသားအရေနှင့် အဆီပြန်ဝက်ခြံထွက်လွယ်သော အသားအရေများဖြစ်လာကြသည်။ သိသာသော လက္ခဏာရပ်များအနေနဖြင့် ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံအဖုကြီး စသဖြင့် ဝက်ခြံအမျိုးမျိုး ရှိတတ်ကြသည်။

ရလဒ်များသည် ခိုင်လုံသောလက်တွေ့စမ်းသပ်မှုမှ ရရှိသည်

အဆီမပြန်စေဘဲ သိပ်သည်းစေခြင်း

အသုံးပြုသူ (၉၄%) ၏ အရေပြားကို တစ်နေ့တာလုံး   သိပ်သည်းနေစေသည် (၁)

အသုံးပြုသူ (၉၄%) ၏ အရေပြားကို  အဆီမပြန်စေပါ (၁)


ပါးကြည်သောပုံစံ

အသုံးပြုသူ (၉၄%) အတွက် ပေါ့ပါးသောအထိအတွေ့ (၁)


အရင်းအမြစ်ကြည့်ရန်

ဝက်ခြံအပြစ်အနာအဆာများဖြစ်ပေါ်ခြင်းကို တားဆီးပေးခြင်း

(၆၁%) အထိ ရောင်ရမ်းခြင်းကို လျှော့ချနိုင်စွမ်း (၁)

အသုံးပြုသူ (၉၁%) တွင် ဝက်ခြံအပြစ်အနာအဆာအသစ်များဖြစ်ပေါ်ခြင်းကို  ကန့်သတ်ပေးသည် (၂)

အသုံးပြုသူ (၉၇%) ၏ အရေပြားကို ခြောက်သွေ့သွားစေခြင်း မရှိပါ (၁)


အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း

(၂၄%) အထိ အရေပြား၏ကိုယ်ပိုင်ခုခံနိုင်စွမ်းကို ကာကွယ်ပေးခြင်း (၄)

(၂၆%) အထိ ဓာတ်တိုးသက်ရောက်မှုများကို ကာကွယ်နိုင်စွမ်း (၄)

အရင်းအမြစ်ကြည့်ရန်

ဤပစ္စည်းကို NAOS ၏အဓိကပင်တိုင်ဖြစ်သော သဘာဝဇီဝကမ္မဖြစ်စဉ်များကို လိုက်နာခြင်းဖြင့် သင့်အတွက် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။

အဆီအရည်အသွေးပြောင်းလဲခြင်းသည် အရေပြားအပြစ်အနာဆာများကို ဖြစ်စေနိုင်သည်။ ဤ patented complex မူပိုင်ခွင့်သည် အဆီများပျစ်ခဲနေခြင်းကို တားဆီးပေးပြီး ချွေးပေါက်ပိတ်ခြင်းနှင့် အပြစ်အနာဆာများ မဖြစ်စေရန် ကာကွယ်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။

UVA/UVB ကိုအလွန်မြင့်မားစွာ ကာကွယ်ပေးပြီး၊ အဆီပြန်မှုကိုလည်း ကာကွယ်ပေးသည်။ ရေကဲ့သို့ ပေါ့ပါးသော အထိအတွေ့ကြောင့် လိမ်းရလွယ်ကူစေပါသည်။ အရေပြားအားလုံးတွင် အသုံးပြုနိုင်ပြီး နေရောင်ခြည်ဒဏ်မခံနိုင်သော အဆီပြန်သောအသားအရေ ထိခိုက်တုံ့ပြန်လွယ်သော အသားအရေများတွင်ပါ အသုံးပြုနိုင်သည်။

ပါဝင်ပစ္စည်းစာရင်းကြည့်ရန်