နေရောင်ခြည်မှ အရေပြားဆီကို ရောက်ရှိနိုင်သည့် ခရမ်းလွန်ရောင်ခြည် (၂) မျိုးရှိပါသည် -
UVB (ခရမ်းလွန်ရောင်ခြည် B)
- ခရမ်းလွန်ရောင်စဉ်တန်း၏ (၅)% မှာ UVB အမျိုးအစားဖြစ်ပါသည်
- မျက်စိဖြင့်မြင်သာသော အသားအရောင်ရင့်လာခြင်း၊ နေလောင်ခြင်းများကို ဖြစ်စေပါသည်
UVA (ခရမ်းလွန်ရောင်ခြည် A)
- ခရမ်းလွန်ရောင်စဉ်တန်း၏ (၉၅)% မှာ UVA အမျိုးအစားဖြစ်ပါသည်
- အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည်
- မျက်စိဖြင့်မြင်နိုင်သော ဆိုးကျိုးများဖြစ်သည့် ဓာတ်တိုးခြင်း၊ ကိုယ်ခံအားကို ကျစေပြီး အရေးအကြောင်းနှင့် အရေပြားကင်ဆာများကို ဖြစ်စေတတ်ပါသည်
အဆိုပါဆိုးကျိုးများဖြစ်ပေါ်ခြင်းမှ တားဆီးပေးနိုင်ရုံသာမကပဲ UVA ကာကွယ်ရာတွင် ပိုပြီး အားကောင်းစေရန် BIODERMA မှ မြင့်မားသည့် နေရောင်ကာ နည်းပညာတစ်ခုဖြစ်သော SUN ACTIVE DEFENSE နည်းပညာကို တီထွင်ခဲ့ပါသည်။ SUN ACTIVE DEFENSE နည်းပညာတွင် Sun Filter များအပြင် ဇီဝဗေဒဆိုင်ရာအကာအကွယ် Patent တို့ကို ထည့်သွင်းပေါင်းစပ်ထားခြင်းကြောင့် နေရောင်အောက်တွင်အရေပြား၏ ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းကို ရှည်ကြာစွာ ထိန်းသိမ်းပေးသည်။
(၂၄)% အထိ အရေပြား၏ ကိုယ်ပိုင်ခုခံနိုင်စွမ်းကို ကာကွယ်ပေးခြင်း *
(၂၆)% အထိ ဓာတ်တိုးဆန့်ကျင်သတ္တိကို ကာကွယ်ပေးခြင်း *
Photoderm Aquafluide SPF50+ရွှေအိုရောင်
ထိခိုက်တုံ့ပြန်လွယ်သော အသားအရေများအတွက်
ရေကဲ့သို့ လန်းဆန်းသည့်အထိအတွေ့နှင့် အစိုဓာတ်ဖြည့် အဆီမပြန်သည့် နေကာခရင်မ်
Detailed description
PHOTODERM AQUAFLUIDE SPF50+ DORÉE
လူကြီး, ဆယ်ကျော်သက်
ကောင်းကျိုးများ
- ဖော်မြူလာအသစ်။ Filter (၄) ခုသာပါဝင်သည်။ အငြင်းပွားဖွယ် ပစ္စည်းများ မပါဝင်ပါ။ UVA နှင့် UVB တို့မှ မြင့်မားစွာ ကာကွယ်ပေးသည်။
- SUN ACTIVE DEFENSE နည်းပညာသည် UVA ကို မြင့်မားစွာကာကွယ်ပေးနိုင်သော နေရောင်ကာနည်းပညာတစ်ခုဖြစ်ပါသည်။
- (၂၆)% အထိ ဓာတ်တိုးဆန့်ကျင်သတ္တိကို တိုးမြှင့်ပေးခြင်း
- (၂၄)% အထိ အရေပြားခုခံနိုင်စွမ်းကို တိုးမြှင့်ပေးခြင်း
- (၈) နာရီကြာရေဓာတ် ဖြည့်ပေးပြီး အဆီမပြန်ဘဲ သိပ်သည်းစေခြင်း
- လိမ်းပြီးချင်းချင်းခြောက်သွေ့သွားခြင်း
- အသားအရောင်ကို ညီညာစေသည်
ေရကိုအခြေခံထားသည့် ဖော်မြူလာ - အလွန်ပေါ့ပါးလန်းဆန်းစေသော အထိအတွေ့ - လိမ်းထားမှန်းမသိသာစေပါ - စေးကပ်ခြင်းမရှိပါ - အဆီပြန်ခြင်းမရှိပါ - မိတ်ကပ်အောက်ခံအဖြစ် ကောင်းစွာအသုံးပြုနိုင်သည် - မွှေးရနံ့မပါဝင်ပါ - အရေပြားနှင့် မျက်လုံးတဝိုက်ကို ထိတွေ့သည့်အခါ ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားသည် - ချွေးပေါက်မပိတ်စေပါ - ရေစိုခံသည် - အပူဒဏ်နှင့် မြင့်မားသော စိုထိုင်းဆကိုပါ ခံနိုင်ရည်ရှိသည်
Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။


နေရောင်နှင့်ထိတွေ့ခါနီးတိုင်း လိုအပ်သလို အကြိမ်ကြိမ် ထပ်လိမ်းပေးနိုင်ပါသည်။ မိတ်ကပ်အောက်ခံအဖြစ် အသုံးပြုနိုင်ပါသည်။ အရောင်ပါသည့် ပုံစံများဖြင့်လည်း ထုတ်လုပ်ထားပါသည်(အသားရောင်ဖျော့နှင့် ရွှေအိုရောင်)။
- အဆင့်များ 1 နေရောင်ခြည်နှင့် မထိတွေ့မီ မျက်နှာနှင့် လည်ပင်းသို့ များပြား ညီညာစွာ လိမ်းပါ (ပမာဏနည်းလျှင် ကာကွယ်နှုန်းနည်းမည်)။
-
အဆင့်များ 2 နေရောင်ဒဏ်မှ ကာကွယ်မှုနှုန်းကို ထိန်းသိမ်းနိုင်ရန်အတွက်
ချွေးထွက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် သဘက်ဖြင့်ရေသုတ် အခြောက်ခံခြင်းများ ပြုလုပ်ပြီးတိုင်း ထပ်လိမ်းပေးပါ။
ကျွန်ုပ်တို့၏ပစ္စည်းများကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။
သုံး၍ကောင်းခြင်း
အသုံးပြုသူ (၈၃.၃)% တွင် အသုံးပြုသည့်အခါလန်းဆန်းသွားသည်ဟု ခံစားရခြင်း (၁)
အသုံးပြုသူ (၈၃.၃)% သည် အသုံးပြုသည့်အခါ ပေါ့ပါးသည့်အထိအတွေ့ ခံစားရခြင်း (၁)
အစိုဓာတ်ဖြည့်ပေးခြင်း
(8) နာရီကြာ ရေဓာတ်ဖြည့်ပေးခြင်း (၂)
အသုံးပြုသူ (၉၃)% ၏ အရေပြားကို အစိုဓာတ်ဖြည့်ပေးသည် (၁)
ညီညာစေခြင်း
အသုံးပြုသူ (၈၀)% ၏ အသားအရောင်ကို ညီညာစေသည် (၁)
အသုံးပြုသူ (၉၀)% ၏ အရေပြားကို ကျန်းမာပြီး ကြည်လင်တောက်ပစေသည် (၁)
အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း
(၂၄)% အထိ အရေပြား၏ ကိုယ်ပိုင်ခုခံနိုင်စွမ်းကို ကာကွယ်ပေးခြင်း (၃)
(၂၆)% အထိ ဓာတ်တိုးဆန့်ကျင်သတ္တိကို ကာကွယ်ပေးခြင်း (၃)
