နေရောင်အလွန်အကျွံထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော Solar Lentigo ခေါ် အမဲစက်တင်းတိပ်များသည် အရေပြားပေါ်တွင် အစက်အပြောက်များပေါ်လာခြင်းထက် ပိုမိုနက်ရှိုင်းသော အရေပြားထိခိုက်မှုများနှင့် ဆက်စပ်နေသည် ။ ထို့ကြောင့် သက်ဆိုင်ရာ ဇီဝယန္တရားတွင် ပါဝင်ကူညီပေးနိုင်ရန် အရေးကြီးသည်။
Photoderm SPOT-AGE SPF50+ ကို ဇီဝဆိုင်ရာလှုံ့ဆော်နိုင်သည့် ပစ္စည်း (၃)မျိုးနှင့် ဖော်စပ်ထုတ်လုပ်ထားသည်။ အရေပြားဆရာဝန်များက အသိအမှတ်ပြုထားသော ယင်းပါဝင်ပစ္စည်း (၃)မျိုးသည် အရေပြား၏ ဓာတ်တိုးဆန့်ကျင်ခုခံနိုင်စွမ်း၊ ရောင်ခြယ်ထုတ်လုပ်ခြင်းနှင့် အရေပြား အသစ်ပြန်လည်မွေးဖွားခြင်းတို့တွင် ပါဝင်ကူညီလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
Vitamin C - Vitamin E - Centella Asiatica
- Vitamin C နှင့် Vitamin E တို့၏ ပုံစံတစ်မျိုးဖြစ်သော L-ascorbic Acid သည် လွယ်လွယ်နှင့်မပြိုကွဲနိုင်ပါ။ ၎င်းသည် နေရောင်ဒဏ်ကြောင့် ဓာတ်တိုးခြင်းကို ဆန့်ကျင်ကာကွယ်ပေးနိုင်သည်။ အမဲစက်များ ထပ်မံမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးသည်။
- Vitamin E ပုံစံများထဲတွင် သဘာဝအဆန်ဆုံးနှင့် သက်ရောက်မှုအရှိဆုံး ပုံစံဖြစ်သည့် alpha-Tocopherol သည် ဆဲလ်အမြှေးပါးမျာကို ကာကွယ်ပေးပြီး ဓာတ်တိုးခြင်းကြောင့် အရေပြား အိုမင်းရင့်ရော်ခြင်းကို ကန့်သတ်ပေးသည်။
- Centella Asiatica သည် အရေပြားအပေါ်ယံလွှာပျက်စီးခြင်းကို ကာကွယ်ပေးပြီး အရေပြားကို အစမှပြန်လည်မွေးဖွားပေးရန် လုပ်ဆောင်ပေးသည်။
နေရောင်ဒဏ်မှ မြင့်မားစွာ ကာကွယ်ပေးခြင်း (ခရမ်းလွန်ရောင်ခြည် - မျက်စိဖြင့်မြင်နိုင်သောအလင်းရောင် - အနီအောက်ရောင်ခြည်)
- မြင့်မားသည့် နေရောင်ကာ နည်းပညာတစ်ခုဖြစ်သော SUN ACTIVE DEFENSE နည်းပညာတွင် Sun Filter များအပြင် အရေပြား၏ UVA ကာကွယ်နိုင်စွမ်းကို အားကောင်းစေသော Patent များ ထည့်သွင်းထားပါသည်။ Sun Filters များနှင့် ဇီဝဆိုင်ရာအကာအကွယ်များကို ပေါင်းစပ်ထားသောကြောင့် ခရမ်းလွန်ရောင်ခြည်များ၊ မျက်စိဖြင့်မြင်နိုင်သောအလင်းရောင်၊ အနီအောက်ရောင်ခြည်များနှင့် လေ၊ရေညစ်ညမ်းမှုများကို ကာကွယ်ပေးပြီး နေရောင်ကြောင့်အိုမင်းရင့်ရော်ခြင်းလက္ခဏာများ(အမဲစက်၊ အရေးကြောင်း၊ အရေပြားလျော့ရဲခြင်း) တို့ကို လျှော့ချပေးပါသည်။
အရည်ကျဲပုံစံ ပေါ့ပါးသောဖော်မြူလာဖြင့် ထုတ်လုပ်ထားပြီး နေစဉ်အသုံးပြုရန်သင့်တော်သော
စစ်မှန်သည့် အရေပြားဆိုင်ရာ နေရောင်ကာထုတ်ကုန်တစ်ခုဖြစ်ပါသည်။
သက်ရောက်မှုကို သိပ္ပံနည်းကျ သက်သေပြပြီး
* အရေပြားနှင့် မျက်လုံးဆိုင်ရာစမ်းသပ်မှုများနှင့်အတူ အသက် (၃၀) မှ (၇၀) အတွင်းရှိသူ အမျိုးသမီးအယောက် (၃၀) တွင် အရေးကြောင်း၊ အမဲစက်များလျှော့ချပေးခြင်းနှင့် အသားအရေပြန်လည်တင်းရင်းစေခြင်းတို့ကို (၅၆) ရက်ကြာ လေ့လာခြင်း