Sébium Sébium Kerato+

အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက်

ဝက်ခြံအမဲစက်ကင်း ဂျယ်လ်ခရင်မ် Sébium Kerato+

သုံးပြီး (၂) ရက်မြောက်မှ စတင်ကာ ဆားဝက်ခြံ၊ အမဲစက်များအတွက် ထိရောက်မှုရှိခြင်း၊ အရေပြားမှ ၉၇% အထိ ခံနိုင်ရည်ရှိခြင်း။
Prescribed by dermatologists အရေပြားဆိုင်ရာကျွမ်းကျင်သူများ၏ညွှန်ကြားချက်
From
42,600 €

Detailed description

SEBIUM KERATO+

လူကြီး, ဆယ်ကျော်သက်

ကောင်းကျိုးများ

- ဝက်ခြံအပြစ်အနာအဆာများကို သက်သာစေခြင်း => ဝက်ခြံနှင့် ဆားဝက်ခြံများကို ဖယ်ရှားပေးသည်
- အမဲစက်၊ အမဲကွက်များ သက်သာစေခြင်း => အမဲစက်၊ အမဲကွက်များကို လျှော့ချပေးပြီး ထပ်မံမဖြစ်ပေါ်စေရန်လည်း ကာကွယ်ပေးသည်

- အရေပြားမှ ကောင်းစွာခံနိုင်ရည်ရှိသည်
- (၈) နာရီကြာ ရေဓာတ်ဖြည့်ပေးသည်
- အရေပြားကို မခြောက်သွေ့စေပါ

- Moisturizer အဖြစ်အသုံးပြုနိုင်သည် 

အရင်းအမြစ်ကြည့်ရန်

Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

ဝက်ခြံဆိုသည်မှာ ဆားဝက်ခြံ၊ အဆီဖု၊ ရောင်ရမ်းဝက်ခြံအကြီးများဖြစ်ပေါ်ပြီး အရေပြားရောင်ရမ်းသည့် အရေပြားရောဂါတစ်မျိုးဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဆယ်ကျော်သက် ၈၀% ခန့်နှင့် လူကြီး ၄၀% ခန့်သည် ဝက်ခြံပြဿနာနှင့် ရင်ဆိုင်နေရပါသည်။

ဝက်ခြံအနည်းငယ်မှ အတော်အသင့် ထွက်လေ့ရှိသော အနေအထားတွင် တခြားသောဝက်ခြံဆေးကုသမှုများမပြုလုပ်ခင် ဦးစွာ Keratolytic Skincare များ ပေးလေ့ရှိပါသည်။

ပိုပြီးထိရောက်မှုရှိစေရန်အတွက် Keratolytic ပါဝင်ပစ္စည်းများကို pH Level 3 ဝန်းကျင်ခန့်ထားကာ ဖော်စပ်ကြပါသည်။ အရေပြား၏ မူလ pH Level မှာ 5 ဝန်းကျင်ဖြစ်သောကြောင့် အဆိုပါ pH Level 3 ရှိသော Skincare ပစ္စည်းများသုံးသည့်အခါ အရေပြားရောင်ရမ်းခြင်း မသက်မသာခံစားရခြင်းတို့ ဖြစ်ပွားလေ့ရှိပါသည်။


ဝက်ခြံထွက်လွယ်သော အသားအရေများအနေဖြင့် နေ့စဉ်အသုံးပြုနိုင်ပြီး အရေပြားကိုလည်းမထိခိုက်စေသော၊ ဝက်ခြံကိုလည်း ကောင်းစွာကုသနိုင်သော အဖြေကို လိုအပ်လျက်ရှိကြပါသည်။

Face မျက်နှာ

ခြောက်သွေ့သန့်ရှင်းသော မျက်နှာပေါ်တွင် တစ်နေ့ (၁) ကြိမ် သို့မဟုတ် (၂) ကြိမ်အထိ အသုံးပြုနိုင်ပါသည်။ ဝက်ခြံရှိသောနေရာ သို့မဟုတ် မျက်နှာတစ်ခုလုံးအတွက် အသုံးပြုနိုင်ပါသည်။ ဝက်ခြံစထွက်သည့်အချိန်မှစတင်ကာ အသုံးပြုပါ။

  • အဆင့်များ 1 Sebium Gel Moussant နှင့် မျက်နှာသစ်ပါ
  • အဆင့်များ 2 မျက်နှာတစ်ခုလုံး သို့မဟုတ် ဝက်ခြံရှိသောနေရာတွင် Sebium Kerato+ ကို လိမ်းပါ။
  • အဆင့်များ 3 အသားထဲစိမ့်ဝင်သွားသည်အထိ ဖြည်းညင်းစွာ လိမ်းပေးပါ။
  • အဆင့်များ 1 Sebium Gel Moussant နှင့် မျက်နှာသစ်ပါ
  • အဆင့်များ 2 မျက်နှာတစ်ခုလုံး သို့မဟုတ် ဝက်ခြံရှိသောနေရာတွင် Sebium Kerato+ ကို လိမ်းပါ။
  • အဆင့်များ 3 အသားထဲစိမ့်ဝင်သွားသည်အထိ ဖြည်းညင်းစွာ လိမ်းပေးပါ။

ဝက်ခြံထွက်လွယ်သော အသားအရေများတွင် ဆားဝက်ခြံ၊ အဖြူစက်၊ အနီစက်များမှ စတင်ကာ ဝက်ခြံအနည်းအများ အစားစားရှိတတ်ပါသည်။


ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

ဝက်ခြံထွက်လွယ်သော အသားအရေများတွင် ဆားဝက်ခြံ၊ အဖြူစက်၊ အနီစက်များမှ စတင်ကာ ဝက်ခြံအနည်းအများ အစားစားရှိတတ်ပါသည်။

ဝက်ခြံနည်းလျှင် ဆေးအကူအညီယူရန် မလိုအပ်သော်လည်း အရေပြားတွင် သက်တောင့်သက်သာ မရှိသည်ကို ခံစားရလေ့ရှိပါသည်။ အချို့သော ဝက်ခြံထုတ်ကုန်များမှာ ထိရောက်မှုရှိသော်လည်း အရေပြားကို ထိခိုက်နာကျင်စေပါသည်။ တချို့ဝက်ခြံထုတ်ကုန်များမှာမူ အရေပြားကိုမထိခိုက်စေသော်လည်း ဝက်ခြံအတွက်ထိရောက်မှုမှာ မဆိုသလောက် နည်းပါးလေ့ရှိသည်။

ဝက်ခြံထွက်လွယ်သော အသားအရေများအနေဖြင့် နေ့စဉ်အသုံးပြုနိုင်ပြီး အရေပြားကိုလည်းမထိခိုက်စေသော၊ ဝက်ခြံကိုလည်း ကောင်းစွာကုသနိုင်သော အဖြေကို လိုအပ်လျက်ရှိကြပါသည်။

ရလဒ်များသည် ခိုင်လုံသောလက်တွေ့စမ်းသပ်မှုမှ ရရှိသည်

(၂) ရက်မြောက်မှစတင်ကာ သိသာသော ရလဒ် (၁):

 - ဝက်ခြံပမာဏကို ၁၉% အထိ လျှော့ချပေးသည်
- ဝက်ခြံအမဲစက်များကို ၂၀% အထိ သက်သာစေသည်
- အရေပြားအရောင်ကို ၂၃% အထိ ညီညာစေသည်

အရင်းအမြစ်ကြည့်ရန်

(၂၈) ရက်မြောက်မှစတင်တွေ့မြင်နိုင်သော ရေရှည် ရလဒ် (၁):

 - ဝက်ခြံပမာဏကို ၄၁% အထိ လျှော့ချပေးသည်
- ဝက်ခြံအမဲစက်များကို ၃၆% အထိ သက်သာစေသည်
- အရေပြားအရောင်ကို ၆၀% အထိ ညီညာစေသည်

အရင်းအမြစ်ကြည့်ရန်
ပါဝင်ပစ္စည်းစာရင်းကြည့်ရန်