Sensibio Defensive

ထိခိုက်တုံ့ပြန်လွယ်သော အသားအရေများအတွက်

ပြင်ပအန္တရာယ်များဒဏ်မှ ကာကွယ်နိုင်ရန် အရေပြား၏ကိုယ်ပိုင်ခုခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး သက်တောင့်သက်သာဖြစ်စေသော ခရင်မ်

ပြင်ပလှုံ့ဆော်မှုများကို အရေပြားမှ ပိုမိုခုခံနိုင်စွမ်း 97% (1)
Prescribed by dermatologists အရေပြားဆိုင်ရာကျွမ်းကျင်သူများ၏ညွှန်ကြားချက်
From
36,800 €

Detailed description

SENSIBIO DEFENSIVE

လူကြီး, ဆယ်ကျော်သက်

ကောင်းကျိုးများ

  •  အရေပြားကို ချက်ချင်းသက်သာစေပြီး ကြာရှည် သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးပါသည်
  • အရေပြားအကာအကွယ်လွှာ (Skin Barrier) ကို သန်စွမ်းကြံ့ခိုင်စေသည် 
  • ပြင်ပလှုံ့ဆော်မှုများမှ အရေပြားကို ကာကွယ်ပေးသည်
  • (၁၂) နာရီကြာ အစိုဓာတ်ထိန်းပေးသည်ထိ
  • ခိုက်တုံ့ပြန်လွယ်သော အသားအရေရှိသူများ၏ နေ့စဉ် လူနေမှုဘဝကို အဆင်ပြေစေသည်

ပေါ့ပေါးလန်းဆန်းသော အထိအတွေ့ကြောင့် အရေပြားထဲလျင်မြန်စွာစိမ့်ဝင်သွားပြီး အသားအရေကို နူးညံ့ပျော့ပျောင်းစေပါသည်။

ခံနိုင်ရည်အားကောင်းစေသည် - အရေပြားဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်သည် - မွှေးရနံ့မပါဝင်ပါ - မိတ်ကပ်အောက်ခံအဖြစ်ကောင်းစွာအသုံးပြုနိုင်သည်

အရင်းအမြစ်ကြည့်ရန်

Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။

ထိခိုက်တုံ့ပြန်လွယ်သော အသားအရေနှင့် ပြင်ပ လှုံ့ဆော်မှု ကြောင့် အားနည်းပြီး သိရှိခံစားလွယ်သော အသားအရေတို့အတွက် ဇီဝဂေဟဆိုင်ရာ ရှာဖွေတွေ့မှုတစ်ရပ်ဖြစ်သော Denfensive Technology သည်  အရေပြား၏ ကိုယ်ပိုင်ခုခံနိုင်စွမ်း ရရှိစေရန်နှင့် လှုံ့ဆော်မှုများသော ပတ်ဝန်းကျင်တွင် ပုံမှန် ရှင်သန်နိုင်စေရန် အရေပြားကို ထိခိုက်တုံ့ပြန်လွယ်စေသောဇစ်မြစ်နှစ်ခုလုံးကို ကုသပေးသည်။ ထိခိုက်တုံ့ပြန်လွယ်အသားအရေကို ပိုမိုဆိုးရွားစေသော သံသရာကို ရပ်တန့်လိုက်ခြင်းဖြင့် Denfensive Technology သည် ထိခိုက်တုံ့ပြန်လွယ်အသားအရေဖြစ်စေသည့် ဇစ်မြစ်ကို ကုသပေးပြီး ပတ်ဝန်းကျင်နှင့် လူနေမှုပုံစံကြောင့် ထိခိုက်တုံ့ပြန်လွယ်ခြင်းများကို ကာကွယ်ပေးပါသည်။

  • ကာကွယ်ပေးခြင်း။ ။ Carnosine နှင့် ဗီတာမင်အီးသည် အရေပြားကို လှုံ့ဆော်မှုများမှ ကာကွယ်ပေးရန် အလွန်အစွမ်းထက်သည့် ဓာတ်တိုးဆန့်ကျင်သတ္တိကို ပေးသည်
  •  ကြံ့ခိုင်စေခြင်း။ ။ Tetrapeptide သည် အရေပြားအကာအကွယ်လွှာ၏ လုပ်ငန်းဆောင်တာထဲမှ အဓိကဖြစ်သောပစ္စည်းကို ထုတ်လုပ်ပေးခြင်းဖြင့် အပေါ်ယံအရေပြားကို ထိရောက်စွာ ပြန်လည်ကောင်းမွန်လာစေသည်
  • သက်သာစေခြင်း။ ။ Red Sage Polyphenols သည် အရေပြား အလွန်အမင်း ထိခိုက်တုံ့ပြန်လွယ်ခြင်းကို ကန့်သတ်ပေးသည်

Sensibio Defensive သည် မည်သည့်အကြာင်းအရင်းကြောင့် အရေပြားထိခိုက်တုံ့ပြန်လွယ်သည်ဖြစ်စေ နေ့စဉ်ဘဝတွင် အရေပြား၏ တုံ့ပြန်လွယ်မှုကို အထောက်အပံပေးနိုင်ရန် ဖော်စပ်ထုတ်လုပ်ထားပြီး အသုံးပြုသူများ၏ နေ့စဉ်လူနေမှုဘဝအရည်အသွေးကို တိုးတက်လာစေပါသည်။

Face မျက်နှာ
Neck လည်ပင်း

Sensibio သန့်စင်ရေးပစ္စည်းများဖြင့် သန့်ရှင်းပြီးနောက် မျက်နှာနှင့် လည်ပင်းသို့ မနက်၊ ည အသုံးပြုနိင်ပါသည်။

  • အဆင့်များ 1 Sensibio Defensive ခရင်မ်ကို မျက်နှာနှင့် လည်ပင်းကို လိမ်းပါ
  • အဆင့်များ 2 စိမ့်ဝင်သွားသည်အထိ ညင်သာစွာ လိမ်းပေးပါ

ကျွန်ုပ်တို့၏ပစ္စည်းများ‌ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး‌ ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။

ထိခိုက်တုံ့ပြန်လွယ် အသားအရေ (Sensitive Skin) များအနေဖြင့် အများအားဖြင့်နောက်ဆက်တွဲသက်ရောက်မှု မရှိသည့် လှုံ့ဆော်မှုများကို ပုံမှန်အသားအရေထက်ပိုပြီး  တုံ့ပြန်လေ့ရှိပါသည်။ သက်တောင့်သက်တာမရှိသောခံစားမှုများကို ခဏတဖြုတ် သို့မဟုတ် တချိန်လုံး ခံစားရလေ့ရှိပါသည်။
ဤကဲ့သို့သော အသားအရေများသည် နေ့စဉ် ပြင်ပမှလှုံ့ဆော်များကို အမြဲတမ်း တုံ့ပြန်နေလေ့ရှိပါသည်။ ၎င်းသည် ကိုယ်တိုင် စနစ်တကျခုခံနိုင်စွမ်း မရှိတော့ဘဲ ပုံမှန်အသားအရေပုံစံသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲစေပါသည်။ ထိခိုက်တုံ့ပြန်လွယ်သော အသားအရေကိုဖြစ်စေသော မူလဇစ်မြစ်အကြောင်းအရင်း နှစ်ခုရှိသည်။ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ချို့ယွင်းခြင်းကြောင့် ထိခိုက်တုံ့ပြန်လွယ်ခြင်းနှင့် ပတ်ဝန်းကျင်၊ လူနေမှုပုံစံများကြောင့် ထိခိုက်တုံ့ပြန်လွယ်ခြင်းတို့ ဖြစ်ကြသည်။ အမှန်တကယ်မှာ ပတ်ဝန်းကျင်မှအခြေအနေများ ( လေ၊ရေ ညစ်ညမ်းမှု၊ ခရမ်းလွန်ရောင်ခြည်) နှင့် လူနေမှုပုံစံ(စိတ်ဖိစီးမှု၊ အစားအသောက်) များက အသားအရေကို ထိခိုက်လွယ်စေပြီး နဂိုထိခိုက်တုံ့ပြန်လွယ်အသားအရေများကိုလည်း ပိုမိုဆိုးရွားစေပါသည်။ ဒါကြောင့် အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရေပား အမျိုးအစားမဆို ပိုမို ထိခိုက်လွယ်လာနိုင်ပါသည်။

အရေပြားဆိုင်ရာကြီးကြပ်ထိန်းချုပ်မှုဖြင့်စမ်းသပ်ပြီးဖြစ်သည်

သက်သာစေခြင်း

သက်တောင့်သက်သာဖြစ်သည်ဟု ခံစားရခြင်း 97% (1)

မသက်မသာခံစားရမှုများကို လျှော့ချပေးခြင်း -73% in 3min (2)


ကာကွယ်ပေးခြင်း

အကာအကွယ်ဖြစ်သည်ဟု ခံစားရခြင်း 100% (1)

အရင်းအမြစ်ကြည့်ရန်

သက်သာစေခြင်း

အသားအရေကို သက်သာစေခြင်း: 97% (1)


ကြံ့ခိုင်စေခြင်း

အရေပြား ခုခံနိုင်စွမ်း ပိုမိုမြင့်မားလာခြင်း: 94% (1)


အစိုဓာတ်ဖြည့်ပေးခြင်း

အစိုဓာတ်ကို အလွန်ကြာရှည်စွာ ဖြည့်ပေးခြင်း 12h (3)

အရင်းအမြစ်ကြည့်ရန်
ပါဝင်ပစ္စည်းစာရင်းကြည့်ရန်