Sensibio DS+ Crème သည် နီမြန်းခြင်းနှင့် အဖတ်ဖတ်ဖြစ်ခြင်းကို ကုသပေးသည်။ မှိုသတ်ဆေးအာနိသင် ပါဝင်ခြင်းကြောင့် Malassezia yeast ပွားနှုန်းကို တားဆီးပေးသည့်အတွက် မှိုရောဂါကြောင့် အရေပြားနီမြန်းပြီး အကြေးဖတ်ဖြစ်ခြင်းကို ကုသပေးသည်။
အစိုဓာတ်ဖြည့်၍သက်သာစေခြင်း - enoxolone နှင့် coconut oil ပါဝင်ခြင်းကြောင့် နီမြန်းမှုကို လျော့ချပေးပြီး အကြေးဖတ်များ ထပ်မဖြစ်အောင် သိသိသာသာလျှော့ချပေးသည်။
Sensibio DS+ Creme
Peau sensible, rougeurs et squames
နီမြန်းမှုကို လျှော့ချပေးပြီး မှိုရောဂါကြောင့် အရေပြားအကြေးဖတ်များဖြစ်ခြင်းကို သက်သာစေသည်။
Detailed description
SENSIBIO DS+ CREME
လူကြီး, ဆယ်ကျော်သက်
ကောင်းကျိုးများ
Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။



မနက် နှင့်/သို့ ညနေ
- အဆင့်များ 1 သန့်စင်ပြီး အသုံးပြုပါ။
- အဆင့်များ 2 စိမ့်ဝင်သည်အထိ ညင်သာစွာ လိမ်းပေးပါ။
ထိခိုက်ခံထားရသော အရေပြားတွင် (သို့) အရည်ထွက်နေသော နေရာတွင် အသုံးမပြုပါနှင့်။ ကျန်းမာရေးဆရာဝန်ထံမှ အကြံပြုချက်ရယူပါ။
ကျွန်ုပ်တို့၏ပစ္စည်းများကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။
Seborrhoeic dermatitis သည် အချိန်ကြာြမင့်စွာ ရှိသော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အပေါ်ယံအရေပြားနီမြန်းမှုနှင့် အဖတ်ဖတ်များဖြစ်မှုများတွေ့ရတတ်သည်။ ထပ်ခါထပ်ခါ ပြန်လည်၍လည်းဖြစ်တတ်သည်။ အဓိက ဦီးခေါင်းအရေပြားခွံနှင့်မျက်နှာအရေပြားတွင် တွေ့ရတတ်သည်။
အဓိကအကြောင်းရင်းမှာ Malassezia yeast ဟုခေါ်သော yeast အကောင်များ ပုံမှန်မဟုတ်ပျံ့နှံ့မှုကြောင့်ဖြစ်သည်။ ၎င်း၏ပွားများမှုသည် အဆီစုပုံလာမှုကြောင့်သာလျှင် ဖြစ်နိုင်သည်။ ထိုမှ အရေပြားနီမြန်းမှုနှင့် အဖတ်ဖတ်ဖြစ်ခြင်းကို ထိခိုက်လွယ်အရေပြားအဖြစ်မြင်တွေ့နိုင်သည်။
အစိုဓာတ်ဖြည့်ပေးခြင်း
အစိုဓာတ်ဖြည့်ပေးပြီး အရေပြားသက်တောင့်သက်သာဖြစ်စေသည် - ၈၉% (၁)
နူးညံ့သောအရေပြားဖြစ်စေသည် - ၉၅% (၁)
နီမြန်းမှုကိုလျော့ချပေးပြီးသက်သာစေခြင်း
နီမြန်းမှုလျော့ချခြင်း - ၇၆% (၁)
အရေပြားတင်းကြပ်မှုဖြစ်ခြင်းကိုလျော့ချခြင်း - ၉၂% (၂)
အရေပြားအကြေးဖတ်ဖြစ်ခြင်းကို ဖယ်ရှားပေးခြင်း
အကြေးဖတ်လျော့နည်းလာခြင်း - ၈၃% (၁)
အကြေးဖတ်လျော့နည်းလာခြင်း - -၉၃% (၂)

ဤပစ္စည်းကို NAOS ၏အဓိကပင်တိုင်ဖြစ်သော သဘာဝဇီဝကမ္မဖြစ်စဉ်များကို လိုက်နာခြင်းဖြင့် သင့်အတွက် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။
ပြင်ပမှဒဏ်များကြောင့် အရေပြားတုံ့ပြန်ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်စေသည်။ ဤ မူပိုင်ခွင့်သည် မည်သည့် အရေပြားအမျိုးအစားမဆို ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။ ဤမူပိုင်ခွင့် patent သည် NAOS Research ၏ မူပိုင်ဖြစ်ပြီး Aix-en-Provence တွင်ဒီဇိုင်းပြုထားပြီး ကျွန်ုပ်တို့ ဓာတ်ခွဲခန်းများတွင်ထုတ်လုပ်ထားသည်။
