Sensibio H2O သည် ထိရောက်သော micellar cleansing သန့်စင်ရည်ဖြစ်ပြီး မိတ်ကပ်များကိုပါ ဖယ်ရှားသန့်စင်ပေးသည်။ ထိရှလွယ်အရေပြားအတွက် အထူးထုတ်လုပ်ထားသည်။
မနက်တစ်ကြိမ် ညတစ်ကြိမ် အသုံးပြုသန့်စင်ခြင်းဖြင့် အညစ်အကြေးများကို ထိရောက်စွာ ဖယ်ရှားမပေးသည့် အတွက် ထိုအညစ်ကြေးများကြောင့် ထိရှလွယ်အရေပြား ပြဿနာများပိုမဆိုးလာစေပါ။
BIODERMA ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် micellar နည်းပညာကြောင့် အရေပြားအောက်လွှာရှိဆဲလ်တွင် အဆီကို မဆုံးရှုံးစေပဲ အရေပြားနှင့်တစ်သားတည်းလုပ်ဆောင်ပေးသည့်အတွက် အရေပြား သဘာဝအကာကွယ်လွှာကို မပျက်စီးစေပါ။ အရေပြား၏ pH 5.5 အတိုင်း အနီးစပ်ဆုံး ဖန်တီးထားသည့်အတွက် အရေပြား၏ ဇီဝမျှခြေကိုအလေးထားသောကြောင့် ကျန်းမာသော အရေပြားဖြစ်စေသည်။ အရေပြားကို သက်သာစေပြီး ရောင်ရမ်းမှုဒဏ်မှကင်းဝေးစေသည်။ အသုံးပြုထားသောရေမှာ ဆေးဝါးအဆင့်မီ pharmaceutical-grade ကို အသုံးပြုသည့်အတွက် မြင့်မားစွာသန့်စင်ထားသောရေဖြစ်သည်။ ဇီဝနှင့်ဆင်တူသော သကြားဓာတ် ၃ မျိုးပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကို ကာကွယ်ပေးသည်။
ပါဝင်ပစ္စည်းများကို သေချာစွာ ရွေးချယ်အသုံးပြုထားခြင်းကြောင့် ခံနိုင်ရည်အားအကောင်းဆုံးဖြစ်စေပြီး အသုံးပြုပြီးစဉ်ထုတ်ကုန် အရည်များကျန်ရှိနေပါကလည်း အရေပြားထိခိုက်မှုမရှိစေပါ။
Sensibio H2O
အသားရေအားလုံးအတွက် ထိခိုက်တုံ့ပြန်လွယ်သော အသားအရေများအတွက်
မူပိုင် မြင့်မားစွာသန့်စင်ထားသောရေ၊ အရေပြားကို သက်သာစေပြီး အညစ်အကြေးနှင့် မိတ်ကပ်အန္တရာယ်မှ ကင်းဝေးစေသည်။
Detailed description
SENSIBIO H2O
လူကြီး, ဆယ်ကျော်သက်
ကောင်းကျိုးများ
Bioderma ထုတ်ကုန်များကို NAOS ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရေပြား၏ သဘာဝလုပ်ငန်းဆောင်တာများအတိုင်းလိုက်နာ၍ အရေပြားကို ရေရှည်ကျန်းမာကြံ့ခိုင်နေစေရန် အဓိကထား၍ထုတ်လုပ်ထားပါသည်။



မနက် နှင့်/သို့ ညနေ - နေ့စဉ်အသုံးပြုနိုင်သည်
- အဆင့်များ 1 Sensibio H2O ကို cotton pad တွင် စွတ်စိုအောင်ပြုပြီး အသုံးပြုပါ။
- အဆင့်များ 2 ညင်သာစွာသန့်စင်ပေးသည်။ နှင့်/သို့ မျက်နှာနှင့်မျက်ခွံပေါ်ရှိ မိတ်ကပ်များပါ ဖယ်ရှားပေးသည်။
- အဆင့်များ 3 ရေဖြင့်ပြန်လည်သန့်စင်ရန်မလိုပါ။
ကျွန်ုပ်တို့၏ပစ္စည်းများကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နေ့စဉ်အထူးအလေးပေး ဆောင်ရွက်ပါသည်။ ပစ္စည်းထုတ်ပိုးမှုအများစုကို ပြန်လည်သုံးစွဲနိုင်သော ပလတ်စတစ်များနှင့်ပြုလုပ်ထားသည်။ ကဒ်ဗူးခွံများကိုလည်း ခွင့်ပြုထားသော သစ်တောမှ ထုတ်လုပ်ထားသည့် စက္ကူများဖြင့် ပြုလုပ်ထားသည်။ မိမိဒေသ၏ ပြန်လည်သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်များကို ကြည့်၍ အသင့်တော်ဆုံးဖြစ်ရန် ပြန်လည်သုံးစွဲနိုင်သည်။
ထိရှလွယ်အရေပြားသည် ပြင်ပအန္တရာယ်များဒဏ်မှ ကာကွယ်ပေးထားသော အရေပြားအကာကွယ်လွှာမကောင်းသူများဖြစ်ကြသည်။ နေ့စဉ် လှုပ်ရှားသွားလာမှုများ၊ လေထုညစ်ညမ်းမှု၊ မိတ်ကပ်၊ ပြင်ပဒဏ်များကြောင့် အရေပြားသည် အားလျော့လာပြီး တင်းကြပ်လာသည်။ ထိရှလွယ်အရေပြားရှိသူတို့သည် ၎င်းတို့တွင် အပူဒဏ်မခံနိုင်မှု၊ သက်တောင့်သက်သာမရှိမှု၊ နီမြန်းမှု (တနေရာတည်း သို့ တပြင်လုံး) ထိုအရာများကို ကိုယ်တိုင်သိရှိသည်။ထိုမှတဆင့် ရေဓာတ်အလွယ်တကူဆုံးရှုံးလာတတ်ပြီး အရေပြားခြောက်သွေ့ကာ တင်းကြပ်ပြီး အထိခိုက်မခံသော အရေပြားအသွင်ဖြစ်လာသည်။ ဤသို့ဖြစ်ခြင်းသည် ခဏတာဖြစ်တတ်သလို အမြဲတမ်း ထိရှလွယ်သော အရေပြားအသွင်လည်း ဖြစ်တတ်သည်။
အရေပြားဆိုင်ရာကြီးကြပ်ထိန်းချုပ်မှုဖြင့်စမ်းသပ်ပြီးဖြစ်သည်မိတ်ကပ်ဖယ်ရှားပေးခြင်း
၉၉% ဖယ်ရှားပေးခြင်း (၁)
သန့်စင်ခြင်း
လေထုညစ်ညမ်းမှုမှ အမှုန်အမွှားများကို ၉၉% ဖယ်ရှားပေးခြင်း (၂)
လေထုထဲရှိ သတ္တုဓာတ်များကို ၇၈% ထိ သန့်စင်ပေးခြင်း (၃)
