မျက်နှာကို နှစ်ဆင့်သန့်စင်မှု ပြုလုပ်စရာလိုအပ်လား⁉ ဘာတွေပိုကောင်းသွားမှာလဲ⁉

မျက်နှာကို နှစ်ဆင့်သန့်စင်မှု ပြုလုပ်စရာလိုအပ်လား⁉ ဘာတွေပိုကောင်းသွားမှာလဲ⁉

မျက်နှာကတော့ လူတိုင်းသစ်ကြတာပါပဲ။ မျက်နှာသစ်ခြင်းက အသားရေထိန်းသိမ်းမှုတစ်ခုရဲ့ အစမဟုတ်လား။ ဒါဆိုရင် မျက်နှာကို နှစ်ဆင့်သန့်စင်မှု လုပ်ဖို့ကရော လိုအပ်လား။ ဒါမှမဟုတ် သတ်သတ်ကြီးလုပ်စရာမလိုတဲ့အရာလား။ ဒီဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။ 

နှစ်ဆင့်သန့်စင်ခြင်း (Double Cleansing) ဆိုတာက အတိုဆုံးပြောရရင်တော့သန့်စင်တဲ့အရာနှစ်ခုကို အသုံးပြုပြီး မျက်နှာကို နှစ်ခါသန့်စင်တာပါပဲ။  အဲဒီအဆင့်နှစ်ဆင့်ပြီးမှပဲ နောက်ဆက်တွဲအသားရေထိန်းသိမ်းမှုတွေ ပြုလုပ်ကြပါတယ်။

နှစ်ဆင့်သန့်စင်ခြင်းက အကျိုးများလား⁉⁉

အဆင့်နှစ်ဆင့်သန့်စင်ခြင်းက မျက်နှာကို ပိုပြီးသန့်စင်ချောမွေ့နိုင်စေတယ်ဆိုတာက တကယ်ပါ။ မျက်နှာသစ်ဆေးရည်အသုံးပြု သန့်စင်တဲ့အခါ ဖုန်မှုန့်တွေ အဆီတွေနဲ့ မိတ်ကပ်တွေ၊ နေလောင်ကာခရင်မ်တွေ အစရှိတဲ့ တနေကုန်မျက်နှာကိုထိတွေ့နေတဲ့ အညစ်အကြေးတွေကို သန့်စင်လိုက်တယ်။ အဲဒီနောက်မှာ Micellar water အသုံးပြုသန့်စင်တဲ့အခါ ပထမအဆင့်သန့်စင်မှုမှာ ကျန်ရစ်ခဲ့တဲ့အညစ်အကြေး အကြွင်းအကျန်တွေသာမက မျက်စိနဲ့မမြင်ရတဲ့ ဓာတုပစ္စည်းတွေ၊ နေ​ ၊ ရေ၊ လေနဲ့ သတ္ထုဓာတ်အညစ်အကြေးတွေအကုန်လုံးကို သန့်စင်လိုက်တယ်

နေ့တိုင်းမှာ နှစ်ဆင့်သန့်စင်ခြင်း မဖြစ်မနေ လုပ်စရာမလိုအပ်ပေမယ့် ကိုယ်က အပြင်ထွက်နေရတဲ့သူဖြစ်တယ်၊ နေဒဏ်လေဒဏ်ခံရပြီး မိတ်ကပ်အသုံးပြုရတဲ့သူဖြစ်နေတယ်၊ ဓာတုပစ္စည်းတွေ ညစ်ညမ်းတဲ့အရာဝတ္ထုတွေနဲ့ ထိတွေ့နေရမှုရှိနေတယ်ဆိုရင်တော့ နှစ်ဆင့်သန့်စင်ခြင်းကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။

အဆင့်နှစ်ဆင့်သန့်စင်ခြင်းကို ညဘက်တွေမှာလုပ်နိုင်ရင် ပိုကောင်းပါတယ်။ မနက်ပိုင်းမှာကျတော့ သန့်စင်မှုပြုလုပ်ပြီးလည်း တနေကုန်အပြင်ထွက်လှုပ်ရှားနေရတာဆိုတော့ ညဘက်မှာ မျက်နှာကို အသေအချာနှစ်ဆင့်သန့်စင်ပြီး အသားရေထိန်းသိမ်းမှုတွေလုပ် အိပ်စက်လိုက်မယ်ဆိုရင် မျက်နှာရဲ့ပြောင်းလဲလာမှုက သိသာစေပါလိမ့်မယ်

မျက်နှာကို နှစ်ဆင့်သန့်စင်မှုပြုလုပ်ဖို့အတွက် အကောင်းဆုံးထုတ်ကုန်ပစ္စည်းတွေ BIODERMA မှာရရှိနိုင်ပါတယ်။ ပထမအဆင့် သန့်စင်မှုအတွက် Sensibio Foaming Gel ကိုအသုံးပြုနိုင်ပြီး ဒုတိယအဆင့်သန့်စင်မှုအတွက်မှာတော့ Sensibio H2O Micellar Water ကိုအသုံးပြုနိုင်ပါတယ်

Sensibio Foaming Gel - ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အထူးပြုထုတ်လုပ်ထားတာဖြစ်ပေမယ့် သာမန်အသားရေပိုင်ရှင်တွေလည်း အသုံးပြုနိုင်ပါတယ်။ Alcohol ၊ ဆပ်ပြာလုံးဝမပါဝင်တဲ့အပြင် မွှေးစေတဲ့ဓာတုပစ္စည်းတွေမပါဝင်ပါဘူး။ ချွေးပေါက်တွေကို မပိတ်ဆို့စေတဲ့ဖော်မြူလာကိုအသုံးပြုထားပြီး အသားရေကို နူးညံ့စွာ သန့်စင်ပေးပါတယ်။ BIODERMA ရဲ့ မူပိုင် DAF Patent ပါဝင်တာကြောင့် အသားရေရဲ့ ခံနိုင်ရည်စွမ်းအားကို တိုးမြှင့်စေပြီး ပြင်ပက အန္တရာယ်ရှိတဲ့အရာတွေ မဝင်ရောက်လာနိုင်အောင် ကာကွယ်ပေးထားပါတယ်

Sensibio Foaming Gel နဲ့ ပထမအဆင့်သန့်စင်ပြီးပြီဆိုရင်တော့ နောက်ထပ်အဆင့်အနေနဲ့ နက်နက်ရှိုင်းရှိုင်းသန့်စင်စေဖို့အတွက် Sensibio H2O ကိုအသုံးပြုနိုင်ပါတယ်။ Sensibio H2O Micellar Water ကတော့ အများကြီးတောင် မိတ်ဆက်ပေးနေစရာမလိုတော့ပါဘူး။ BIODERMA ရဲ့ ထုတ်ကုန်တွေထဲ နာမည်အကြီးဆုံး သန့်စင်ရည်တစ်ခုဖြစ်သလို micellar water တွေရဲ့ စဦးဆုံးတီထွင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အရေပြားကို ညင်ညင်သာသာနဲ့ အနက်ရှိုင်းဆုံးသန့်စင်ပေးနိုင်ပါတယ်။ အသားရေကို နူးညံ့ချောမွေ့စေပြီး အသုံးပြုပြီးတဲ့အခါ ရေပြန်ဆေးစရာလည်းမလိုပါဘူး

တချို့က Micellar Water ကို မိတ်ကပ်သန့်စင်ရည်လို့ပဲ ထင်နေတတ်ကြပါတယ်နော်။ Micellar Water က မိတ်ကပ်အညစ်အကြေးသန့်စင်ရုံသာမက မျက်နှာအတွင်းပိုင်းထိ ဝင်ရောက်ကပ်ညှိတွယ်နေတဲ့ မျက်လုံးနဲ့မမြင်နိုင်တဲ့ 
အမှုန်ငယ်လေးတွေ ၊ ဓာတ်သတ္တုပစ္စည်းများကို လည်း နက်ရှိုင်းစွာ သန့်စင်ဖယ်ရှားပေးတဲ့ ဆပ်ပြာ နှင့် Alcohol မပါဝင်တဲ့ သန့်စင်ရည်ဖြစ်ပါတယ်

Micellar Water ကို ရွေးချယ်တဲ့ အခါမှာလည်း ဆရာဝန်တွေ ထောက်ခံချက်ပေးထားတဲ့ စိတ်ချယုံကြည်ရတဲ့ Micellar Water ကိုရွေးချယ်သုံးစွဲသင့်ပါတယ်။ သာမာန် Micellar Water မဟုတ်ပဲ Pharmaceutical Grade Micellar Water ကိုသုံးစွဲပါက မျက်နှာအသားအရေအတွက် ပိုစိတ်ချရပါတယ်နော်