ဤဖြစ်စဉ်နှစ်မျိုးလုံးတွင် အရေပြားအိုမင်းခြင်းကို အဓိကဖြစ်စေသော ဓါတ်တိုးစေခြင်းဖိအားကို ရင်ဆိုင်ရသည်။ ဤဖြစ်စဉ်တွင် ကျွန်ုပ်တို့၏ DNA, membrane နှင့် protein များ ပြိုကွဲခြင်းမှထွက်လာသော ဓာတ်တိုးစေသောအရာ များကြောင့် ဖြစ်သည်။ သဘာဝအတိုင်းဆိုရင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှ ဓာတ်တိုးစေသောအရာများ ထုတ်လုပ်ပြီး ဆဲလ်များမှ ခုခံရေးစနစ်ကို ပြုလုပ်သည်။ အသက်ကြီးလာသည်နှင့်အမျှ external stress factors များနှင့် ခန္ဓာကိုယ်ခုခံရေးစနစ်များတွင် မညီမျှမှုများ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ခုခံရေးစနစ်များ နည်းပါးလာပြီး အိုမင်းခြင်းများစတင်လာသည်။ ထို့ကြောင့် အသက်အရွယ် အိုမင်းလာခြင်းတွင် Antioxidant များသည် အရေးကြီးလာသည်။ ၎င်း မော်လီကျူး များသည် ဓာတ်တိုးစေသောအရာ များကို Vitamin C နှင့် E များမှ ဖမ်းယူလိုက်ခြင်း (သို့မဟုတ်) အရေပြား၏ (selenium, zinc, coenzyme Q 10 နှင့် superoxide-dismutase) ကဲ့သို့ ဓာတ်တိုးစေသောအရာဆန့်ကျင်ရေးပစ္စည်းများဖြင့် သန်မာအောင်ပြုလုပ်ပေးလိုက်သည်။ ၎င်းတို့သည် အရေပြား ဆဲလ်များ၏ အိုမင်းမှုကိုဖြစ်စေပြီး အန္တရာယ်ဖြစ်စေသည့် oxidative stress သက်ရောက်မှုကိုဟန့်တားပေးသည်။