Your skin - hands skin colors

နေရောင်ခြည်ကြောင့်မဟုတ်ပဲသဘာဝအတိုင်း ရှိသည့် အသားအရောင်ကို ရောင်ခြယ်ခြင်း ဟုခေါ်သည်။ ထိုအရောင်သည် melanocytes ဟုခေါ်သော အရေပြားဆဲလ်များမှထုတ်သော melanin ပေါ်မူတည်သည်။ ထို melanin သည် နေရောင်ခြည်မှ ထုတ်သော UV ရောင်ခြည်ကို ကာကွယ်ပေးသည်။

Woman checking her skin in a mirror

Melanin (၂) မျိုးရှိသည်။
၁. Eumelanin
အသားမဲသောသူများတွင်ရှိသောအမဲရောင် melanin အစစ် (နေရောင်ခြည်ဒဏ်မှ ကာကွယ်သည်)
၂. Phaeomelanin
အသားဖြူသူများ၊ ဆံပင်အနီရှိသူများတွင် ရှိသော အနီရောင် melanin (UV ရောင်ခြည်ကို မကာကွယ်သည့်အပြင် အရေပြားကိုတိုက်ခိုက်သော ဓာတ်တိုးပစ္စည်းများကိုပါ ထုတ်လုပ်ပေးသည်။
ထို (၂) မျိုးသည် လူတိုင်းတွင် မတူညီစွာပါဝင်သည်။ ပါဝင်သည့်ပမာဏပေါ် မူတည်၍ အသားအရောင်ကွဲပြားသည်။

အရောင်ခြယ်ခြင်း၏ အလုပ်လုပ်ပုံ

ရောင်ခြယ်ခြင်းသည် အဆင့် (၄) ဆင့် ပေါ်မူတည်သည်။

Step 1

၁. UV ရောင်ခြည်နှင့် “biological mediators” (အရေပြားဆဲလ်ထဲရှိပစ္စည်း) တို့သည် ရောင်ခြယ်မှုကို စတင်စေပြီး melanocytes မှ melanin ကို ထွက်စေသည်။

Step 2

၂. Melanocytes မှ melanin ထုတ်လုပ်သည်။

Step 3

၃. ထုတ်လုပ်ထားသော melanin များကို အရေပြားအလွှာ ၂ ခုသို့ပို့သည်။

Step 4

၄. ထို့နောက် အရေပြားမျက်နှာပြင်ပေါ်သို့ ဆဲလ်အသစ်များအဖြစ် ထွက်လာသည်။

နေရောင်ခြည်ဒဏ်နှင့်အသက်ကြောင့်အစက်ပေါ်ခြင်း

UV ရောင်ခြည်သည် အပေါ်ယံအရေပြားကို ဖြတ်ကျော်ပြီး melanocytes ကို လှုံ့ဆော်သည်။ အချို့ melanocytes များသည် တောက်လျောက် melanin အမြောက်အများစစ်ထုတ်သည်။ အစက်ပေါ်ခြင်းသည် melanin ထုတ်လုပ်မှုများပြားပြီး အခြားနေရာများသို့မပို့နိုင်သောကြောင့် ဖြစ်သည်။ ထိုအခါ တစ်နေရာထဲတွင် စုနေပြီး အစက်အပြောက်ဖြစ်လာသည်။ နေရောင်ခြည်ပြင်းထန်စွာ ရေရှည်ထိပါက melanin ထုတ်လုပ်မှုများလာပြီး အစက် (သို့) lentigos (ပြားကပ်သေးငယ်သောအဝိုင်းစက်) ဖြစ်ပေါ်စေသည်။ ထို့ကြောင့်အပြင်တွင် အလုပ်လုပ်သည့် ဆောက်လုပ်ရေးဝန်ထမ်း၊ ပင်လယ်ကူးသင်္ဘောသားများသည် အခြားလူများထက်အမဲစက်များ စော၍ ဖြစ်သည်။ ထို့အပြင် အမဲကွက်ဖြစ်နိုင်ခြေသည် ဆဲလ်များအသက်ကြီး လာသည်နှင့်အမျှ ပိုများလာပြီး နေရောင်ထိသောနေရာတွင် အဓိက ဖြစ်သည်။ (မျက်နှာ၊ လည်ပင်း၊ လက်) နေရောင်ခြည်နှင့် အိုမင်းခြင်းသည် အမဲစက် ဖြစ်ခြင်း၏ အဓိက အကြောင်းအရာဖြစ်သည်။ Solar lentigo သို့ senile lentigo ဟုခေါ်ပြီး အသားအရေမရွေး အသက် (၅၀) အထက် လူဖြူ ၉၀% အထိ ထိခိုက်နိုင်သည်။

ကိုယ်ဝန်ဆောင်ချိန် (သို့) တားဆေးသောက်ချိန်တွင် ဟော်မုန်းပြောင်းလဲမှုကြောင့်အမဲစက်များ ပေါ်တတ်သည်။ အသားမဲသော ဆံပင်အညိုရှိ အမျိုးသမီးတွင် ဟော်မုန်းပြောင်းလဲမှုကြောင့် မျက်နှာတွင် အညိုစက်ထွက်ခြင်း "melasma" သို့ "pregnancy mask" ဖြစ်တတ်သည်။ မျက်နှာအထက်ပိုင်းတွင် အဓိကဖြစ်ပြီး ဦးရေဘေးနှစ်ဖက်တွင်မဖြစ်ပါ။ နွေရာသီတွင် ပိုသိသာသည်။ UV ရောင်ခြည်ပေါ်မူတည်၍ အရောင်ပြောင်းလဲမှုရှိသည်။
ထိုပြောင်းလဲမှုသည် ရုတ်တရက်ဖြစ်တတ်သော်လည်း ဟော်မုန်းများ ပုံမှန်ပြန်ဖြစ်ချိန်တွင် သဘာဝအတိုင်း အကောင်းပကတိပြန်ဖြစ်သွားသည်။ (ဥပမာ - ကလေးမွေးပြီးချိန်)၊ အနည်းငယ်ကျန်ခဲ့လျှင်လည်း လအနည်းငယ် (သို့) နှစ်အနည်းငယ်အထိကျန်တတ်သည်။ အချို့တွင်တော့ pregnancy mask သည် ကိုယ်ဝန်မရှိ တားဆေးမသုံးပဲလည်းဖြစ်တတ်သည်။

Woman taking medication

Phototoxic substances အရာနှင့် အရေပြားဒဏ်ရာကြောင့်အစက်ပေါ်ြခင်း

နေရောင်ခြည်နှင့်ထိတွေ့လျှင် အချို့အပင်မျိုးစိတ် မွှေးရနံ့နှင့်ဆေးများကြောင့်
 အညိုကွက်များဖြစ်တတ်သေည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရထားသော 
အရေပြားသည်လည်းနေရောင်ခြည်နှင့်ထိတွေ့လျှင် အမဲကွက်များ ပိုဖြစ်နိုင်သည်။

အကောင်းဆုံးနည်းလမ်းသည် လုံလောက်သောနေရောင်ကာကွယ်မှုကို ပြုလုပ်ခြင်း ဖြစ်သည်။ အမဲကွက်များမဖြစ်အောင် ပိုမဆိုးအောင် သင့်ကိုယ်သင် နေရောင်မှကာကွယ်ပါ။ 
မနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း နေရောင်ခြည်သည် အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရှောင်ကျဉ်ပါ။
SPF အနည်းဆုံး ၂၀ (သို့) ၃၀ ရှိသည့် နေရောင်ကာလိမ်းဆေးကို ရွေးချယ်ပါ။ 
ဖြည့်စွက်အာဟာရများကို (ဆေးတောင့် သို့မဟုတ် ဆေးပြား) ကို နေရောင်ထဲ
မသွားမီနှင့် သွားချိန်တွင် သောက်ပါ။ ကလေးငယ်များကို နေရောင်ထဲ မခေါ်သွားပါနှင့်။ ခေါ်သွားပါက အဝတ်အစားနှင့် အထူးနေရောင်ကာ လိမ်းဆေး
သုံးပါ။ 
အသက် ၁၈ နှစ် မတိုင်မီ နေရောင်ခြည်ကြာရှည်စွာထိခြင်းကြောင့် ၈၀% သော အရေပြား ပြဿနာများဖြစ်သည်။ 
ရောင်ခြယ်ပြဿနာရှိပြီးသား ဆိုပါကလည်း လုံလောက်သော နေရောင်ကာကွယ်မှုကို ဧပြီလမှ အောက်တိုဘာလအတွင်း ၂ နှစ်မှ ၅ နှစ် ပြုလုပ်ပါက အရေပြားကောင်းမွန်လာခြင်းကို တွေ့ရမည်။ နေရောင်သည် အဓိကတရားခံ ဖြစ်သောကြောင့် စနစ်တကျ နေရောင်ကာကွယ်မှုပြုပါက ပြဿနာများ ဖြေရှင်းနိုင်လိမ့်မည်။

Bioderma - Woman protecting from the sun

အစက်အပြောက်ရှိအရေပြားအတွက် အထူးထုတ်လုပ်ထားသော သန့်စင်ပစ္စည်းကို သုံးပါ။

Woman washing her face with water

နေရောင်ကာလိမ်းဆေးများသည် ကြိုတင်ကာကွယ်နိုင်ရုံသာမက စိတ်ရှည်စွာ ယုံယုံကြည်ကြည် လိမ်းပါက လက်ရှိဖြစ်ပေါ်နေသော အစက်များကိုပါ ပျောက်စေနိုင်သည်။ ထိုသို့ဖြစ်စေရန် သင့်အရေပြားကို မထိခိုက်စေသည့် အမဲစက်ပျောက်ကုထုံးပစ္စည်းကို လိမ်းသင့်သည်။

Woman applying cream