နေရောင်ကြောင့်ဖြစ်တဲ့ တင်းတိတ်မှဲ့ခြောက်နဲ့ အစက်အပျောက်တွေဟာ ကုသရတာ အင်မတန်ခက်ခဲပါတယ်။ ဖြစ်ပြီဆိုရင် သောက်ဆေး၊ လိမ်းဆေး၊ လေဆာ အစရှိတဲ့ ကုထုံးတွေယူကြရတဲ့အပြင် အချိန်အားဖြင့်လည်း လချီ နှစ်ချီကုသရပါတယ်။ ကုသမှုထက်စာရင်အကောင်းဆုံးနည်းလမ်းက ကာကွယ်ခြင်းပါ။
ကာကွယ်ဖို့မှာ အစက်အပျောက်တွေဖြစ်ပေါ်ရခြင်းအကြောင်းက နေရောင်နဲ့ထိတွေ့ခြင်းဆိုတော့ မဖြစ်စေချင်ရင် နေရောင်နဲ့မထိတာက အကောင်းဆုံးလို့ပြောရမှာပါ။ ဒါပေမယ့်လည်း လုံးဝနေရောင်နဲ့မထိတွေ့ဘဲ နေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ နေရောင်ထဲ တိုက်ရိုက်ထွက်နေတဲ့သူတွေမဟုတ်ရင်တောင် နေရောင်ရနိုင်တဲ့အခန်းမှာနေတယ်ဆိုရင် သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ နေရောင်ထိနေဦးမှာပါ။ ဒီတော့ လက်တွေ့ကျတဲ့ အကောင်းဆုံးနည်းလမ်းကတော့ နေလောင်ကာခရင်မ် (Sunscreen) အသုံးပြုခြင်းပဲဖြစ်ပါတယ်။
နေပူထဲထွက်နေရသူတွေ အကောင်းဆုံး နေလောင်ကာခရင်မ်ကို ရှာဖွေနေတယ်ဆိုရင် BIODERMA ကထုတ်လုပ်တဲ့ Photoderm Sunscreen တွေရှိပါတယ်။ အသားရေအမျိုးစားအလိုက် ခရမ်းလွန်ရောင်ခြည် UVA ရော UVB ကိုပါ ကာကွယ်နိုင်တဲ့ နေလောင်ကာခရင်မ်အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါဆိုရင် စိတ်ချလက်ချ နေပူထဲလည်း ထွက်လို့ရနိုင်ပြီပေါ့။