Damaged skin - Scars

အရေပြားသည် ခန္ဓာကိုယ်ကို ပြင်ပပတ်ဝန်းကျင်မှ ကာကွယ်ပေးသည်။ အရေပြားဒဏ်ရာ ရသောအခါ ခန္ဓာကိုယ်သည် သဘာဝဇီဝဖြစ်စဉ်ဖြစ်သည့် အနာပျောက်ကင်းစေသောအရာကို အလိုအလျှောက်သက်ဝင် စေသည်။
၎င်းသည် ရှုပ်ထွေးသောပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်ဖြစ်ပြီး ခန္ဓာကိုယ်မှ သွေးထွက်ခြင်းကို ရပ်တန့်ရန်နှင့် အနာကိုကာကွယ်ရန်၊ သန့်ရှင်းစေရန်နှင့် အနာကိုပိတ်ရန်လိုအပ်သည်။ ဒဏ်ရာရသွားသော tissue ကို မူလအကောင်းအတိုင်း tissueများဖြစ်နိုင်ရန် အနီးစပ်ဆုံးပြန်လည် တည်ဆောင်ရန်ဖြစ်သည်။

Step 1

အဆင့် (၁) ကနဉီးအဆင့် (၂ ရက်နှင့် ၄ ရက်အထိကြာသည်)

ပထမဉီးစွာသွေးထွက်ခြင်းကို ရပ်တန့်စေရန်သွေးခဲသည်။ ထို့နောက် ခန္ဓာကိုယ်သည် ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ပိုးမွှားများကို ခုခံသည်။ ပျက်စီးသွားသော tissue များကို အထူးဆဲလ်များက စုပ်ယူပြီး ဖျက်ဆီးသည်။ သွေးကြောမျှင်ကလေးများသည် ပိုမိုစိမ့်ဝင် နိုင်လာကြပြီး သွေးရည်ကြည်ရောက်ရှိမှုကို ဒဏ်ရာရသောနေရာကို ရောက်ရှိစေရန်အားပေးပြီး ကိုယ်ခံအားဆဲလ်များ (ဥပမာ Antibodies) များကို မြှင့်တင်ပေးသည်။

Step 2


အဆင့် (၂) ပြန်လည်ပြုပြင်ခြင်း (၁၀ ရက်မှ ၁၅ ရက်အထိ)

အရေပြားဒဏ်ရာရစဉ်အတွင်းထိခိုက်သွားသောသွေးကြောမျှင်သည် မိမိကိုယ်တိုင်ပြန်လည်တည်ဆောက် ကြသည်။ ခန္ဓာကိုယ်သည် ဆုံးရှုံးသွားသော tissue များနေရာတွင် အသစ် tissue များဖြင့် အစားထိုးရန်  collagen fibre များကို fibroblast များမှ ဖန်တီးပေးသည်။ အရေပြားအပေါ်ဆုံးအလွှာတွင် Epthelium ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာသည် ကျုံ့သွားပြီး ဒဏ်ရာ၏အစွန်းများကို အနာလုံးဝ ပိတ်သွားသည်အထိ ရွှေ့လျားသွားသည်။ မြောက်များစွာသော ဆဲလ်များနှင့် မော်လီကျူးများကို သက်ဝင်လှုပ်ရှားစေသည်။ ကျွန်ုပ်တို့အားလုံးသည် တူညီစွာ မကောင်းနိုင်ကြပါ။ ထို့ကြောင့် ဤအဆင့်သည် အရေပြားအလှအပအတွက် အရေးကြီးသည်။ အရေပြားအရောင်ရင့်ပြီး နုလေလေမြင်သာသောအမာရွတ်ဖြစ်နိုင်ချေများလေလေဖြစ်သည်။ ထို့အပြင်ရင်ဘတ်၊ လည်ပင်းရိုး၊ ကျောဘက်နှင့် အဆစ်အမြစ်နေရာတွေမှာ အနာကျက်ခြင်းသည် သိပ်မကောင်းမွန်ပါ။
 

Step 3


အဆင့် (၃) ပြန်လည်ကောင်းမွန်ခြင်း (၂ လမှ ၂ နှစ်ထိကြာသည်)

ဤအဆင့်တွင်  collagen နှင့် elastin များသည် ပိုမိုထူထပ်လာပြီး အရေပြားကိုတည်ဆောက်ရန် ကြီးထွားလာလိမ့်မည်။ အောက်ခြေရှိသွေးကြောများသည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် ပြင်ဆင်သည်။ ရလဒ်အနေဖြင့် အရေပြား၏ခံနိုင်ရည်သည် ပိုမိုမြင့်တက်လာမည် ဖြစ်ပြီး ၎င်း၏ ကျုံ့နိုင်ဆန့်နိုင်အားကြောင့် ပိုမိုတောင့်တင်းလာမည်ဖြစ်သည်။ အရေပြားမှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပြုလုပ်ပြီးသည့်တိုင်အောင် ၂ နှစ်အတွင်း ပြန်လည်ကောင်းမွန်လာသောနေရာသည် ထိခိုက်လွယ်နေဉီးမည်ဖြစ်သည်။
 

ထိခိုက်ထားသောဒဏ်ရာကိုပြန်လည်ပြုပြင်ရန် အနာကျက်မြန်စေသောအဆင့်များစွာဖြင့် စတင်သည်။ အဆင့် ၃ ဆင့်ဖြင့်သွားလေ့ရှိသည်။ ထိုအဆင့်များမှာ ဆဲလ်လုပ်ငန်းဖြစ်စဉ်များကိုမူတည်၍ ပြုပြင်ပြောင်းလဲခြင်းဖြစ်စဉ်ကို တိုကျစွာ အစဉ်လိုက်အတိုင်း ခွဲထားသည်။ အဆင့် တစ်ခုစီအတွက် အောက်ပါအတိုင်းဖြစ်သည်။

ဒဏ်ရာအမျိုးအစားမည်မျှရှိသလဲ?

အရည်ထွက်နေသော ဒဏ်ရာ- အရည်စိုနေသောဒဏ်ရာဖြစ်ပြီး ၎င်းဒဏ်ရာပေါ်တွင်ပိတ်မနေပဲ လေနှင့်ထိတွေ့နေသော ဒဏ်ရာဖြစ်သည်။

  • Diaper ကြောင့်လောင်ခြင်း ဒဏ်ရာ
  • အရေပြားတွန့်နေသောနေရာတွင် ဖြစ်သောဒဏ်ရာ
  • အရည်ထွက်နေသော ရေကျောက်ရောဂါ
  • အရည်ဖုများ

 

အရည်မထွက်သော ဒဏ်ရာ- အပေါ်ယံ (သို့ ) အလယ်အလတ် ဒဏ်ရာများ ဖြစ်ပြီး အပေါ်ယံကိုလုံးဝ မပိတ်စိုစေပဲ အစိုဓာတ်လိုနေသောဒဏ်ရာ 

  • ခွဲစိတ်ကုသမှုများ အပြီးဒဏ်ရာ (ဥပမာ ချုပ်ရိုး)
  • ရှခြင်း၊ခြစ်မိခြင်း နှင့် အနာခြောက်သွားပြီးသောအနေအထားတွင်ရှိသည့် ထိခိုက်ဒဏ်ရာများ
  • အရည်မထွက်သော Diaper လောင်ခြင်းဒဏ်ရာ
  • ဓာတ်ရောင်ခြည် ကုထုံးများ

 

အရည်မထွက်သော ဒဏ်ရာ- အလယ်အလတ် အဆင့်မှ အကြီးစားဒဏ်ရာများဖြစ်ပြီး အပေါ်ယံတွင် အလွှာတခုနှင့် ပိတ်ထားသကဲ့သို့ ဖြစ်နေသောဒဏ်ရာ

  • အက်ကွဲကြမ်းထော်နေသော ဒဏ်ရာ၊ အဖတ်များလန်နေသော အနာ၊ သွားဖုံးရောင်နေခြင်း
  • မီးလောင်ဒဏ်ရာများ
  • ကုတ်ခြစ်ခြင်း
  • Laser ကုသမှုကြောင့် ရသောဒဏ်ရာ

Body areas

ပထမဦးစွာ အမာရွတ်၏ တည်နေရာကို ထည့်သွင်းစဉ်းစားရန် မဖြစ်မနေ လိုအပ်သည်။ ကိုယ်ခန္ဓာ၏ အချို့နေရာများသည် တခြားနေရာများကဲ့သို့ ပြန်လည်မကောင်းမွန်နိုင်ပါ။
ဥပမာအားဖြင့် နောက်ကျောနှင့် ရင်ဘတ်တွင်ရှိသော အနာ၏ အစွန်းများသည်ကွဲထွက်နိုင်ခြေရှိသည့် အတွက်ကြောင့် ထိုနေရာများတွင် ထူလာခြင်း (သို့မဟုတ်) Keloid များဖြစ်ပေါ်လာနိုင်သည်။
ဒူး (သို့) ခြေဆစ်ပေါ်မှ ဒဏ်ရာများသည်လည်း ကုသနေချိန် များစွာလိုအပ်သည်။ ၎င်းတို့ကို သေချာ စောင့်ကြည့်ပြီး ပုံမှန်ကုသမှုခံယူရန် များစွာအရေးကြီးသည်။
မျိုးရိုးဗီဇသည်လည်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အရင်တုန်းက ဖြစ်ခဲ့ဖူးသော ပုံမှန်မဟုတ်ပဲ ကောင်းမွန်လာသည့် အမာရွတ်များကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။ ဒဏ်ရာအပေါ်ယံပိတ်သွားသည် နှင့် အနာကျက်မသွားသည်ကို သတိပြုပါ။ ကုသမှုသည် လနှင့်ချီကြာပြီး တစ်ဦး နှင့် တစ်ဦး ကွဲပြားနိုင်သည်။

Hour

ဒဏ်ရာပိတ်သွားပြီးဆုံးတာ နဲ့ သင်ဟာ လပေါင်းများစွာ ကြိုတင်ကာကွယ်မှု အချို့ကို လုပ်ချင်လုပ်ပါလိမ့်မည်။ ဒဏ်ရာသည် ခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာတွင်ရှိသည်နှင့် အညီ ၎င်းကိုအလွန်အမင်း ဖိအားမပေးဖို့သတိပြုသင့်ပါတယ်။ ဥပမာအားဖြင့် လေးလံသော သယ်ဆောင်မှုကို သင့်နောက်ကျောတွင် ဒဏ်ရာရှိပါက မလုပ်ဆောင်သင့်ပါ) ၎င်းသည် ချုပ်ရိုးများပြေသွားစေနိုင်ပြီး အနာ၏အစွန်းများကို ကွဲထွက်သွားစေနိုင်သည်။

Sun


ဤဒဏ်ရာကို တတ်နိုင်သမျှ သဘာဝကျကျ ကောင်းမွန်လာစေသင့်သည်။ သို့သော် အချို့ထုတ်ကုန်များ သည် အနာဖေး ယားယံခြင်းနှင့် နာကျင်ခြင်းကို ကန့်သတ်လိုက်သောကြောင့်ပိုမိုကောင်းမွန်လာစေ ပါသည်။ နောက်ဆုံးအနေဖြင့် သင်သည်နေရောင်ခြည်ကို ကာကွယ်ပေးပြီး UV way များဒဏ်မှ ကြာရှည်စွာ ကာကွယ်ပေးသော နေရောင်ခြည် ကာကွယ်ရေးပစ္စည်းကို သုံးသင့်သည်။ ထိခိုက်ထားသော အရေပြားသည် UV ray များသည် တစ်နှစ်ပတ်လုံးသင့်အား ထိခိုက်စေနိုင်သည်။ အမာရွတ်ဖြစ်နိုင်ချေသည် ပုံမှန်အားဖြင့် ခြောက်လမှ နှစ်နှစ်အထိကြာမြင့်နိုင်သည်။ ၎င်းကို ဆရာဝန်များကသာ ပျောက်ကင်းသည်ကို ခန့်မှန်းပေးနိုင်သည်။

အချို့လူများတွင် အနာကောင်းကောင်းမကျက်နိုင်ပဲ ရှိနေတတ်သည်။ ထူထဲသော အမာရွတ်များသည် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပြီး ခြောက်ပတ်မှ သုံးလအထဲ ကျန်ရှိနေတတ်ကာ နီရဲနေတတ်သည်။ ၎င်း မှသည် Keloid အဆင့်သို့ပြောင်းသွားသည်။ ၎င်းသည် မကောင်းသောအနာကျက်ခြင်းဖြစ်ပြီး ၎င်း မှာ ဆဲလ်များ နှင့် သွေးကြောများစုပုံလာခြင်း ကြောင့် ဖြစ်သည်။ ဤတွင်သင်သည် သင်၏အမာရွတ်ကို သုံလအတွင်း ပြန်လည်စစ်ဆေးသင့်ပြီး နီရဲရောင်ရမ်းနေပါက ဆရာဝန်နှင့်ပြသသင့်သည်။

Weakened skin

ဘာလုပ်သင့်လဲ

နေ့စဉ်နေ့တိုင်း

ဆရာဝန်ညွှန်ကြားချက်အတိုင်းထိခိုက်သောနေရာကို ကာကွယ်ပါ။ အကယ်၍ သင်သည် ဆရာဝန်ထံ သွားမပြလိုသော အသေးစိတ်ထိခိုက်မှုဆိုပါက အနာကို ပိုးသတ်ခြင်းဖြင့် စတင်သင့်သည်။ ထို့နောက်၎င်းင်း နှင့် သက်ဆိုင်သော ကုသမှုဆိုင်ရာ ထုတ်ကုန်ကို ရွေးချယ်ပါ။ သင့်တွင် မေးခွန်းများရှိပါက သင်၏ ဆေးဝါးပညာရှင်နှင့် ဆွေးနွေးပါ။ အကယ်၍ ထိခိုက်ထားသောနေရာသည် နေရောင်နှင့် ထိတွေ့နိုင်ပါက အမြဲတမ်းအမှတ်အသားတခု ကျန်စေနိုင်သည့် Hyperpigmentation ကိုကာကွယ်ရန် နေရောင်ခြည် ကာကွယ်ရေး ပစ္စည်းများကို အရေပြားလုံးဝကောင်းသွားသည်အထိ အသုံးပြုပေးပါ။

သန့်စင်ခြင်း

ကုသမှု မခံယူမှီ အနာကို သန့်စင်ပြီး ပိုးသတ်သင့်သည်။

အရေပြား ထိန်းသိမ်းခြင်း

အထက်တွင်ဖော်ပြထားသော အဓိကတွေ့ရှိချက် သုံးမျိုးသည် အရေပြားပြုပြင်ခြင်းကို တိုးမြှင့်ခြင်း နှင့် ၎င်းင်းတို့၏ လိုအပ်ချက်များဖြစ်သော ခြောက်သွေ့ခြင်း၊ အစိုထိန်းခြင်း၊ အဟာရဖြစ်စေခြင်း စသည့် ကုသမှုအမျိုးမျိုး လိုအပ်သည်။ပြုပြင်ခြင်း ကုသမှုတွင် မသက်သာဖြစ်ခြင်းကို လျော့ချပေးပြီး ယားယံခြင်းကို ဖြစ်စေနိုင်သည့်အတွက် ၎င်းင်းတို့သက်သာစေသော ပစ္စည်းများပါဝင်သည့် ထုတ်ကုန်ကို အသုံးပြုသင့်သည်။ Bacteria ပိုးများပေါက်ဖွားခြင်းကို ကာကွယ်နိုင်ရန်ပိုးသတ်ဆေးများလည်း ပါဝင်သင့်သည်။ ဤထုတ်ကုန်အားလုံးသည် အသေးစားဒဏ်ရာ ( သို့ ) သင့်ဆရာဝန်မှ သတ်မှတ်ထားသည့် ကုသမှုပြီးဆုံးပြီးနောက် အသုံးပြုရန်အတွက် ပြုလုပ်ထားသည်။ သူတို့သည် ပြုပြင်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုကောင်းအောင် ကူညီလိမ့်မည်။

Bioderma Cicabio repairing cream

ရံဖန်ရံခါတွင်သာသုံးသောအသားအရေထိန်းသိမ်းခြင်း

ယားယံပြီးထိခိုက်ထားသောအသားအရေ

Antalgicine™ technology

Cicabio Creme

အနာကျက်မြန်စေပြီး နာကျင်မှု သက်သာစေသော ခရင်မ်

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)

ရံဖန်ရံခါတွင်သာသုံးသောအသားအရေထိန်းသိမ်းခြင်း

နေရောင်ခြည်နှင့်ထိတွေ့မှုကြောင့် အားနည်းနေသောထိခိုက်လွယ်အသားအရေ

Antalgicine™ technology

Cicabio SPF 50+

တစ်မိသားစုလုံးသုံးနိုင်သော နေရောင်ခြည် ကာကွယ်ပေးပြီး အမာရွတ်မဖြစ်စေသော အနာကျက်မြန်ခရင်မ်

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (နေ့မစေ့လမစေ့မွေးဖွားသည့်ကလေးငယ်မှလွဲ၍)