ထိခိုက်လွယ်အသားရေပိုင်ရှင်တွေ ဘာလို့နေလောင်ကာခရင်မ် မဖြစ်မနေလိမ်းဖို့လိုအပ်တာလဲ

ထိခိုက်လွယ်အသားရေပိုင်ရှင်တွေ ဘာလို့နေလောင်ကာခရင်မ် မဖြစ်မနေလိမ်းဖို့လိုအပ်တာလဲ

 ထိခိုက်လွယ်အသားရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။ နဂိုကတည်းကမှ မတည့်တဲ့အရာတွေများတယ်ဆိုကာမှ နေရောင်ကပါ သူတို့ရဲ့ရန်သူဖြစ်နေပြန်ပါတယ်။ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေဟာ နေရောင်ဒဏ်ကိုခံရတဲ့အခါ အသားတွေနီရဲလာတာကနေစလို့ အဖုအပိန့်တွေထွက်တာ၊ ရောင်ရမ်းတာတွေအထိ ဖြစ်နိုင်ပါတယ်။ တခြားအသားရေပိုင်ရှင်တွေမှာလည်း နေရောင်ဒဏ်ခံရခြင်းက အရေပြားတွေနေလောင်တာ၊ အရေးအကြောင်းဖြစ်တာ၊ ခြောက်သွေ့ပြီးအရေပြားအိုမင်းမှုမြန်ဆန်တာကနေ အရေပြားကင်ဆာအထိဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေကတော့ ပိုပြီးဆိုးနိုင်ပါတယ်။ သူတို့မှာ တခြားအသားရေပိုင်ရှင်တွေထက်ပိုပြီး ပါးလျတဲ့အရေပြားရှိပြီး အရေပြားထဲမှာရှိသင့်တဲ့ အကာအကွယ်အလွှာဟာ သာမန်ထက်လျော့နည်းနေတာကြောင့် နေရောင်ကြောင့် အသားရေပျက်စီးမှုဒဏ်ကို တခြားအသားရေပိုင်ရှင်တွေထက်ပိုခံစားရတာဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် တခြားအသားရေမှာ တစ်နာရီကြာနေရောင်ထိရင် နေလောင်တယ်ဆိုရင် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေမှာတော့ နာရီဝက်နဲ့ နေလောင်ခံရနိုင်ပါတယ် 

ဒီလိုပြင်းထန်တဲ့နေရောင်ဒဏ်ခံရမှုကြောင့် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေဟာ နေလောင်ကာခရင်မ်ကို အမြဲတမ်းအသုံးပြုဖို့လိုအပ်ပါတယ်။ ဒီမှာကြုံကြိုက်တုန်း တစ်ခုရှင်းပြရရင် နေရောင်ထဲကိုသွားမှ နေလောင်ကာခရင်မ်လိုအပ်တာမဟုတ်ဘူးနော်။ အရိပ်ထဲမှာနေနေပေမယ့်လည်း နေရောင်ကနေလာတဲ့အလင်းကိုခံရနိုင်တဲ့ ပြတင်းပေါက်တွေနား၊ နေရောင်ဝင်တဲ့နေရာတိုင်းမှာရှိနေသမျှ နေလောင်ဒဏ်ကိုခံရနိုင်ပြီး နေလောင်ကာခရင်မ်လိမ်းဖို့လိုအပ်ပါတယ်။

ဘယ်လိုနေလောင်ကာခရင်မ်မျိုးကိုအသုံးပြုမလ

ထိခိုက်လွယ်အသားရေပိုင်ရှင်တွေဟာ အသားရေထိန်းသိမ်းမှုပစ္စည်းတွေရွေးချယ်တဲ့အခါမှာ သူများတွေထက်ပိုသတိထားရပါတယ်။ မတည့်တာများနေတတ်တာကြောင့်ပါ။ သေချာရွေးချယ်ရတဲ့ အထဲမှာနေလောင်ကာခရင်မ်လည်းပါပါတယ်။ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအနေနဲ့ နေလောင်ကာခရင်မ်ရွေးချယ်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ ပူမနေပါနဲ့။ အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်များစွာရရှိထားတဲ့ BIODERMA ရှိပါတယ်

BIODERMA ကထုတ်လုပ်တဲ့ Photoderm Aquafluide SPF 50+ 

Photoderm Aquafluide SPF 50+ ဟာ အရေပြားပေါ်ရောက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ အရေပြားထဲသို့ စိမ့်ဝင်ခြောက်သွေ့သွားအောင် ဆန်းသစ်တီထွင်ထုတ်လုပ်ထားတဲ့ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အထူးပြုလုပ်ထားတဲ့ နေလောင်ကာခရင်မ်ဖြစ်ပါတယ်။ Neutral၊ Light and Gold အရောင်သုံးရောင်ရရှိနိုင်ပြီးတော့ ကိုယ်နဲ့ ကိုက်ညီတဲ့အရောင်လေးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်

နေလောင်ဒဏ်ကိုအပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ Aquafluide မှာပါဝင်တဲ့ Cellular Bioprotection က သဘာဝအတိုင်းအကာအကွယ်ပေးတဲ့လုပ်ငန်းစဉ်ကို နှိုးဆွပေးတာကြောင့် နေရောင်ထဲကပါဝင်တဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ (UVA and UVB) နှစ်ခုလုံးကို ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ လိမ်းရတဲ့အခါမှာလည်း အရည်ပုံစံနဲ့ထုတ်လုပ်ထားတာကြောင့် ရေနဲ့ထိတွေ့နေရသလို ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်။ လိမ်းပြီးရင် အဆီပြောင်ပြောင်ကြီးဖြစ်နေတာ စေးကပ်ကပ်ဖြစ်နေတာမျိုးလည်း မရှိပါဘူး။
နောက်ထပ်အားသာချက်တစ်ခုကတော့ လိမ်းထားတဲ့အခါမှာ ဖြူဖွေးပြီးကြည့်ရဆိုးနေတာမျိုးမဖြစ်ဘဲ အရေပြားရဲ့အရောင်အတိုင်းပဲ ရှိနေစေတယ်

 အသားရေအမျိုးအစားအားလုံးနဲ့ ကိုက်ညီအောင်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက်လည်း အဆင်ပြေပါတယ်။ ချွေးပေါက်တွေ ပိတ်ဆို့တာမျိုးမဖြစ်စေဘဲ ရေနဲ့ချွေးကြောင့် ပျက်ပြယ်သွားတာမျိုးလည်း မဖြစ်စေနိုင်ပါဘူးနော်