ထုတ်ကုန်တစ်ခုက သင့်ထိခိုက်လွယ်အသားရေကို ပိုဆိုးစေနိုင်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ⁉⁉

ထုတ်ကုန်တစ်ခုက သင့်ထိခိုက်လွယ်အသားရေကို ပိုဆိုးစေနိုင်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ⁉⁉

ထိခိုက်လွယ်အသားရေပိုင်ရှင်တွေ ဘယ်လိုအရာမျိုးတွေကို ရှောင်ကျဉ်သင့်လဲ⁉

သင်ဟာ ထိခိုက်လွယ်အသားရေပိုင်ရှင်တစ်ယောက်ဆိုရင် အသားရေထိန်းသိမ်းမှုပစ္စည်းတွေ ရွေးချယ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ သူများတွေနဲ့အဆင်ပြေနေတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေတောင် ကိုယ်နဲ့ဆို အဆင်မပြေတာမျိုး ဖြစ်တဲ့အပြင် သင့်တော်တယ်ဆိုပြီး အသုံးပြုနေတဲ့ပစ္စည်းတွေတောင် တစ်ခါတလေမှာ ကိုယ့်အသားရေကို ထိခိုက်နေတတ်တာမျိုး ဖြစ်တတ်ပါတယ်

 သင်အခုသုံးနေတဲ့ ထုတ်ကုန်က သင့်ရဲ့ ထိခိုက်လွယ်အသားရေကို ပြဿနာဖြစ်နေစေတယ်ဆိုတာကို ဒီအချက်အလက်တွေနဲ့ သိနိုင်ပါတယ်

၁။ ပူပြီးတော့ စပ်ဖျင်းဖျင်း ဖြစ်နေမယ်။ အသားအရေတွေ နီရဲ ရောင်ရမ်းလာမယ်

ဘယ်လို အသားရေထိန်းသိမ်းမှုပစ္စည်းအမျိုးစားဖြစ်ဖြစ် အသုံးပြုတဲ့အခါမှာ ပူပြီးတော့ စပ်ဖျင်းဖျင်း ဖြစ်လာမယ်၊ အသားအရေတွေနီမြန်းရောင်ရမ်းလာမယ်ဆိုရင် ဒီပစ္စည်းဟာ အသားရေကို ဒဏ်ရာဖြစ်နေစေပြီလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်

၂။ အရမ်းခြောက်သွေ့ပြီး အရေခွံတွေကွာမယ် 

 အသားရေထိန်းသိမ်းမှုပစ္စည်းတွေက အရေပြားကို သက်တောင့်သက်သာဖြစ်စေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ခြောက်သွေ့ပြီး အရေခွံကွာတာမျိုးတွေထိဖြစ်နေရင်တော့ ကိုယ်နဲ့မတည့်တဲ့ ပစ္စည်းကိုအသုံးပြုမိနေပြီဆိုတာ သိသာပါတယ်

၃။ အနီစက်တွေ၊ အဖုအပိန့်နဲ့ အရေကြည်ဖုတွေဖြစ်မယ် - ဒီပစ္စည်းက အသားရေကို လောင်ကျွမ်းမှုဖြစ်နေစေတယ်လို့ သိသာပါတယ်

၄။ အသားရောင်ပြောင်းလဲမှုတွေဖြစ်မယ် 

 အသားရောင်ပြောင်းလဲဖို့အတွက် အသုံးပြုနေရတဲ့ မိတ်ကပ်လိုမျိုးကလွဲရင် အသားရေထိန်းသိမ်းမှုပစ္စည်းက အရေပြားအရောင် မပြောင်းလဲသင့်ပါဘူး။ ပြောင်းလဲနေပြီဆိုရင် တစ်ခုခုကတော့ မှားနေပါပြီ 

၅။ အသုံးပြုပြီးတိုင်း ယားယံနေမယ် - ဒါကတော့ ရှင်းပါတယ်။ အရေပြားက ဓာတ်မတည့်တဲ့အတွက်ကြောင့် ယားယံရောင်ရမ်းစေတဲ့ဓာတ်တွေထုတ်လွှတ်တာကြောင့်ပါ

ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအနေနဲ့ အောက်ပါ ပါဝင်ပစ္စည်းတွေကို ရှောင်ရှားပြီး အသုံးပြုသင့်ပါတယ်

၁။ အမွှေးနံ့များ - ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအနေနဲ့ အမွှေးနံ့ပါတဲ့ပစ္စည်းတွေကို ရှောင်ရှားသင့်ပါတယ်။ အမွှေးနံ့တွေဟာ ဓာတုပစ္စည်း ဒါမှမဟုတ် အပင်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကြောင့်ပါ။ မွှေးရနံ့ပါတာကို ကြိုက်နှစ်သက်တဲ့သူလေးတွေအတွက်ကတော့  
Alcohol၊ paraben Free နဲ့ ဓာတ်မတည့်မှုမဖြစ်စေတဲ့ ထုတ်ကုန်လေးတွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်

၂။ ဆိုးဆေးများ - အရောင်လှအောင် တမင်သက်သက်ထည့်သွင်းပြုလုပ်ထားရတာတွေက ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် ပြင်းထန်တဲ့နောက်ဆက်တွဲတွေဖြစ်ပေါ်စေနိုင်ပါတယ်

၃။ တာရှည်ခံ ဓာတုပစ္စည်းများ - Paraben လို ဓာတုပစ္စည်းတွေက ရောဂါဖြစ်နိုင်တဲ့အပြင် ထိခိုက်လွယ်အသားရေပိုင်ရှင်တွေမှာဆိုရင် နှင်းခူလိုမျိုး အရေပြားရောင်ရမ်းတာလိုမျိုးတွေ ဖြစ်နိုင်ပါတယ်💢

၄။ ဆာလဖာဓာတ် - ဆာလဖာကို တချို့သော သန့်စင်တဲ့အရေပြားထုတ်ကုန်တွေမှာအသုံးပြုတတ်ကြပါတယ်။ ဆာလဖာက မတည့်တဲ့သူတွေအတွက် ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်🤍

၅။ အပင်ထွက်ပစ္စည်းများ  - တချို့သော အပင်ထွက်ပစ္စည်းတွေဟာ သဘာဝပစ္စည်းဆိုပေမယ့် စနစ်တကျစမ်းသပ်မှုတွေမလုပ်ရသေးပါဘူး။ ဒါတွေက ထိခိုက်လွယ် အသားရေပေါ်မှာ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်

၆။ အယ်လ်ကိုဟော နဲ့ ဆပ်ပြာ ပါဝင်သောပစ္စည်းများ - အယ်လ်ကိုဟော နဲ့ ဆပ်ပြာပါဝင်ခြင်းက အသားကိုခြောက်စေပြီး နဂိုအတိုင်းထွက်ရှိတဲ့ အဆီကို ခမ်းစေနိုင်ပါတယ်။ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အယ်လ်ကိုဟော နဲ့ ဆပ်ပြာပါဝင်တဲ့ ပစ္စည်းတွေဟာ အသားအရေကို ပိုပြီးတော့ ဆိုးရွားစေနိုင်ပါတယ်

ဒါဆို ထိခိုက်လွယ် အသားရေပိုင်ရှင်တွေ ဘာကိုအသုံးပြုမလဲ⁉

အားလုံးသိကြတဲ့အတိုင်း ထိခိုက်လွယ်အသားရေပိုင်ရှင် (Sensitive Skin) တွေဟာ အသားရေထိန်းသိမ်းမှုပစ္စည်း အရမ်းရွေးပါတယ်။ တခြားသူတွေနဲ့အဆင်ပြေပေမယ့် ကိုယ်နဲ့မှ အဆင်မပြေတာမျိုးက အရမ်းအဖြစ်များပါတယ်

ဒီအတွက်တော့ သိပ်စိတ်မပူပါနဲ့။ BIODERMA ကထုတ်လုပ်တဲ့ Sensibio ထုတ်ကုန်တွေရှိပါတယ်

BIODERMA ဆိုတာက အသားရေအမျိုးအစားအကုန်လုံးနဲ့သင့်တော်အောင်ထုတ်လုပ်တဲ့ skincare company တစ်ခုအဖြစ်လူသိများပြီး အဲဒီထဲကမှ Sensibio products တွေဟာ ထိခိုက်လွယ်အသားရေပိုင်ရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်ပါတယ် 

အရေပြားကို သန့်စင်တာကနေစပြီး မိတ်ကပ်ဖျက်တာ၊ တိုနာ၊ အစိုထိန်းခရင်မ်၊ နေလောင်ကာခရင်မ် အစရှိတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းအမျိုးအစားအကုန်လုံးကို အမှတ်တံဆိပ်တစ်ခုတည်းနဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကမ္ဘာတဝှမ်းက အရေပြားအထူးကုဆရာဝန်တွေရဲ့ထောက်ခံများစွာ ရရှိထားတဲ့ ထုတ်ကုန်တွေပဲဖြစ်တာကြောင့် ပိုပြီးတော့ ယုံကြည်စိတ်ချရပါတယ်

 Sensibio ထုတ်ကုန်တွေဟာ အယ်လ်ကိုဟော၊ ဆပ်ပြာ၊ အမွှေးနံ့သာ၊ ဓာတုပစ္စည်းတွေ လုံးဝမပါဝင်ဘဲ ထိခိုက်လွယ် အရေပြားရဲ့ ခံနိုင်ရည်အားကို ပိုမိုမြှင့်တင်ပေးတဲ့အတွက် Bioderma ရဲ့ Sensibio ထုတ်ကုန်လေးတွေက ထိခိုက်လွယ်အသားအ​ရေပိုင်ရှင်လေးတွေအတွက် အကောင်းဆုံးထုတ်ကုန်လေးတွေပဲ ဖြစ်ပါတယ်