ဝက်ခြံတွေ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုဖြေရှင်းရမလဲ
ဝက်ခြံတွေ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုဖြေရှင်းရမလဲ
သင်ဟာ ဝက်ခြံနှိပ်စက်မှုကို ခံစားနေရတဲ့သူတစ်ယောက်လား။ ကြည့်ရဆိုးတဲ့ အဖုအပိန့်တွေနဲ့ ဆားဝက်ခြံမည်းမည်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးပြီး လူကြားထဲ မသွားရဲမလာရဲအောင်ဖြစ်နေရသူလား။ ဒါဆို ဒီဆောင်းပါးလေးကို ဖတ်ကြည့်သင့်ပါတယ်။
နာမည်ကြီး ကြားတာနဲ့တင် မုန်းဖို့ကောင်းတဲ့ ဝက်ခြံက အသက် ၁၃ နှစ်ကနေ ၃၀ ကြားမှာဆိုရင် လေးယောက်မှာ သုံးယောက်နှုန်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သင်ကအဲဒီအပိုင်းအခြား အသက်အရွယ်လောက်မှာဖြစ်ပြီး ဝက်ခြံပေါက်လို့ စိတ်ညစ်နေရတယ်ဆိုရင် တစ်ယောက်တည်းမဟုတ်ပါဘူး ကိုယ့်လိုလူတွေအများကြီးရှိနေသေးတယ်ဆိုတာ သိထားနော်။
ဝက်ခြံတွေ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။
ဝက်ခြံဖြစ်ရတဲ့ အကြောင်းရင်း လေးခုရှိပါတယ်။
၁။ အဆီထုတ်လုပ်မှု များပြားခြင်း
၂။ မွေးညှင်းပေါက်များမှာ အဆီနဲ့ ဆဲလ်သေများပိတ်ဆို့ခြင်း
၃။ ဘက်တီးရီးယားများ ပေါက်ဖွားခြင်း
၄။ ရောင်ရမ်းခြင်း
အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ အစားအသောက်၊ ဆေးဝါးအချို့နဲ့ စိတ်ဖိစီးမှုများတာတွေကြောင့် အဆီထုတ်လုပ်မှု များလာတာကနေ အဲဒီပိုလျှံနေတဲ့အဆီတွေက မွေးညှင်းပေါက်လမ်းကြောင်းလေးတွေထဲမှာ ဆဲလ်သေတွေနဲ့ရောထွေးပြီး ပိတ်ဆို့ကုန်တယ်။ အဲဒီနေရာမှာ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းပြည်တည်တာတွေ ဆက်ဖြစ်တာကနေ အဖုအပိန့်တွေနဲ့ ကြည့်ရဆိုးတဲ့ ဝက်ခြံတွေဖြစ်ရပါတယ်။
ဘယ်လိုဖြေရှင်းကြမလဲ။
ဝက်ခြံက ဘာမှသိပ်မထူးဆန်းတဲ့အရေပြား ပြဿနာတစ်ခုဆိုပေမယ့် ခံရတဲ့သူတွေအဖို့မှာတော့ တော်တော်ဆိုးပါတယ်။ အရေပြားနဲ့ အလှအပဆရာဝန်တွေနဲ့ ကုသတိုင်ပင်မှု အများဆုံးပြုလုပ်ရတာကလည်း ဝက်ခြံပဲဖြစ်ပါတယ်။
၁။ ဝက်ခြံကို မကုတ်မဖဲ့ပါနဲ့။ မဆွပါနဲ့။ မညှစ်ပါနဲ့
ဝက်ခြံနဲ့ပတ်သက်လို့ အရေးကြီးဆုံး နံပါတ် ၁ က ဝက်ခြံကို မကလိဖို့ပါ။ ဝက်ခြံက အချိန်တန် ဟော်မုန်းတွေ နေသားတကျဖြစ်ပြီဆိုရင် ပျောက်သွားပေမယ့် ကလိထားတဲ့ အမာရွတ်တွေက ကျန်နေပြီး ကုသရခက်တတ်ပါတယ်။ ဒါကြောင့် လုံးဝ မကလိဖို့ အရင်ဆုံးမှာချင်ပါတယ်။
၂။ ဝက်ခြံသမားသီးသန့် အသားရေထိန်းသိမ်းမှုပစ္စည်းများ
သင်က ဝက်ခြံပေါက်တတ်တဲ့သူတစ်ယောက်ဆိုရင် တခြားသူတွေအသုံးပြုတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲ အလွယ်တကူအသုံးပြုလိုက်တာက အဆင်မပြေပါဘူး။ လူတစ်ယောက်ချင်းမှာ အသားရေဖွဲ့စည်းတဲ့ပုံစံတွေ မတူညီလို့ skincare အသုံးပြုမယ်ဆိုရင် အသားရေနဲ့ကိုက်ညီတဲ့ပစ္စည်းတွေ ရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဝက်ခြံသမားတွေဟာ ယေဘူယျအားဖြင့် အရမ်းမပြင်းလွန်း မပျော့လွန်းတဲ့ skincare တွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။ အရမ်းပြင်းလွန်းတဲ့အခါ အသားရေတွေပျက်စီးပြီး ဝက်ခြံပိုဆိုးစေနိုင်သလို အရမ်းပျော့လွန်းရင်ကျပြန်တော့လည်း အဆီပိုတွေကို မထိန်းချုပ်နိုင်ဘဲ ဘာမှ မထူးဖြစ်တတ်ပါတယ်။ ဝက်ခြံသမားတွေအနေနဲ့ အသားရေထိန်းသိမ်းမှုအတွက်ဆိုရင် BIODERMA က ထုတ်လုပ်တဲ့ Sebium Series ရှိပါတယ်။ Sebium series က အဆီပြန်တဲ့အသားရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လွယ်သူတွေအတွက် အထူးဖော်စပ်ပြုလုပ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Seibum series မှာပါဝင်တဲ့ Fluidactiv က အဆီတွေရဲ့ အဆီအရည်အသွေးနဲ့ထွက်ရှိမှုကိုထိန်းချုပ်ပေးပြီး အဆီပေါက်တွေမပိတ်ဆို့နေအောင်၊ နီရဲရောင်ရမ်းတာတွေ မဖြစ်အောင် တားဆီးပေးနိုင်တဲ့အတွက်ကြောင့် ဝက်ခြံပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ အမျိုးအစားတစ်ခုစီလိုက်ရှာဝယ်စရာလည်းမလိုအောင် ဒီ Sebium range မှာဆိုရင် မျက်နှာသန့်စင်တာ၊ မိတ်ကပ်ဖျက်တာ၊ အစိုထိန်းတာ အကုန်လုံးအတွက် ရှိပြီးသားဖြစ်တာကြောင့် ဝက်ခြံကြောင့် စိတ်ညစ်နေရတယ်ဆိုရင် အသားရေထိန်းသိမ်းမှု အစအဆုံး အကုန် အဆင်ပြေစေပါလိမ့်မယ်။
၃။ သောက်ဆေးနဲ့ လိမ်းဆေးများ
ဝက်ခြံကို ကုသဖို့အတွက် အများဆုံးအသုံးပြုတဲ့ သောက်ဆေးလိမ်းဆေးနှစ်ခုရှိပါတယ်။ Retinoid ဒါမှမဟုတ် Antibiotics ဥပမာ Clindamycin ပါတဲ့ သောက်ဆေးလိမ်းဆေး တစ်ခုခုအသုံးပြုနိုင်သလို နှစ်ခုလုံးကို တွဲဖက်ပြီး အသုံးပြုတာလည်းရှိပါတယ်။
၄။ အိမ်တွင်းကုထုံးများ
ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝနေအောင်နေပါ။ မျက်နှာဆဲလ်သေဖယ်ရှားတာကို မှန်မှန်ပြုလုပ်ပါ။ ရေနွေးအပူကြီးနဲ့ ရေချိုးတာ မျက်နှာသစ်တာကိုရှောင်ရှားပါ။ နေရောင်ကို ရှောင်ပါ။ ပူလွန်းစပ်လွန်းတဲ့အစားအသောက်တွေကို လျှော့ပါ။