အရေပြားသည် နေရောင်ခြည်ကို တုံ့ပြန်ပုံခြင်းတစ်ခုနှင့်တစ်ခုမတူညီကြပါ။ လူတိုင်း လူတိုင်းသည် သူ/သူမတို့၏ phototype ပေါ်မူတည်၍ တုံ့ပြန်တတ်ကြသည်။ Phototype ဆိုသည်မှာ နေရောင်ခြည်အပေါ် လူသားတို့၏ တုံ့ပြန်ခြင်း အရည်အသွေးဖြစ်ပါသည်။ အသားအရောင်၊ ဆံပင်အရောင်၊ တစ်ဦးချင်းစီ၏ နေလောင်မှုခံနိုင်စွမ်းရည်တို့ပေါ်မူတည်၍ phototype (၆)မျိုး ရှိပါသည်။
Phototype I : ထိခိုက်လွယ်သော အသားအရေ၊ အမြဲတမ်းနေလောင်ခြင်း၊ အသားညိုခြင်းမရှိ၊ အမဲစက်များ၊
Phototype II : ထိခိုက်လွယ်သော အသားအရေ၊ အမြဲတမ်းနေလောင်ခြင်း၊ အတော်အတန်အသားညိုခြင်း၊ အမဲစက် မြောက်မြားစွာ၊
Phototype III : ထိခိုက်လွယ်၍ သံလွင်ရောင်အသားအရေ၊ တစ်ခါတစ်ရံနေလောင်ခြင်း၊ အမြဲတမ်းအသားညိုခြင်း (အတော်အသင့်)၊ အမဲစက်အနည်းငယ်များ၊
Phototype IV : သံလွင်ရောင်အသားအရေ၊ နေလာင်မှုသိပ်မရှိခြင်း၊ နေရောင်ကြောင့်အသားမဲခြင်း၊ အမဲစက်များမရှိခြင်း၊
Phototype V : အညိုရောင်အသားအရေ၊ နေလောင်မှုလုံးဝမရှိခြင်း၊ နေရောင်ကြောင့်အသားမဲခြင်း၊ အမဲစက်များမရှိခြင်း၊
Phototype VI : အမဲရောင်အသားအရေ၊ နေမလောင်ခြင်း၊ အမဲစက်မရှိခြင်း၊
သင့်ရဲ့ Phototype နည်းလေလေ နေရောင်ခြည်ကာကွယ်မှုများများ ပိုလိုအပ်လေဖြစ်ပါသည်။