Woman with hair in the wind

ခဏတာနီမြန်းခြင်း (သို့) ကြာရှည်စွာနီမြန်းခြင်းဖြစ်စေ၊ rosacea or couperosis ဖြစ်စေ၊ အချို့သော တုံ့ပြန်လွယ်သော အသားအရေတို့သည် အခြေအနေတစ်ခုတွင် အလွယ်တကူ အလွန်အကျွံ တုံ့ပြန်တတ်ကြသည်။ အပူနှင့် ခရမ်းလွန် ရောင်ခြည်တို့သည် သွေးကြောကျယ်ခြင်းကို ဖြစ်စေသည်။ နေရောင်နှင့် ထိတွေ့ပါက အရေပြားပါးလွှာသော သူတို့တွင် သွေးကြောငယ်များသည် နီမြန်းပြီးကျယ်လာကာ မျက်စိဖြင့် ပိုမိုမြင်ရလေ့ရှိသည်။ ထိုကဲ့သို့ အသားအရေရှိသူ များသည် ခရင်မ်များကိုအသုံးပြုပြီး ကာကွယ်ဖို့လိုအပ်ပါသည်။

နေရောင်ဖြင့်ထိတွေ့ပြီးနောက် အမဲစက်များဖြင့် အသားအရေသည် မည်သို့တုံ့ပြန်သနည်း?

နေသည် ဝက်ခြံဖြစ်လွယ်သောအသားအရေရှိ ဆယ်ကျော်သက်များနှင် အရွယ်ရောက်သူများ၏ ရန်သူပင် ဖြစ်ပါသည်။ စစခြင်းတွင် ဝက်ခြံများကို ခြောက်သွေ့အောင်ပြုလုပ်ခြင်းဖြင့် အသားအရေတိုးတက်အောင်ပြုလုပ်ပေးသော်လည်း အမှန်စင်စစ် အရေပြား၏ အပေါ်ယံအလွှာ ပိုမိုထူစေပြီး ချွေးပေါက်များကိုပိတ်စေသည်။ ထိုသို့ ပိတ်ခြင်းကြောင့် အဆီ (Sebum) များကိုရွေ့လျားရန်ခက်ခဲသွားစေသည်။ အချိန်ကြာသည်အထိ သင်သတိထားမိမည် မဟုတ်ပါ။ ထူထပ်သော အဆီများကောင်းမွန်စွာမစီးဆင်းနိုင်သောကြောင့် ချွေးပေါက်များ အပတ်များစွာကြာရှည်စွာ ပိတ်လာပါက ဝက်ခြံများ ထွက်ပေါ်လာသည်။ ဤဖြစ်စဉ်သည် နေရောင်ခြည်နှင့်ထိတွေ့ပြီးနောက်ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် အဆိုပါ အသားအရေရှိသူတို့သည် အဆီပြန်အသားအရေအတွက်ထုတ်လုပ်ထားသောခရင်မ်များဖြင့် ကာကွယ်သင့်သည်။ ထိုခရင်မ်များသည် အဆီ Sebum များကို အရည်ပျော်စေပြီး အသားအရေကိုချောမွေ့စေကာ ဝက်ခြံများဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးသည်။ ခရင်မ် များသည် စေးကပ်မှုမရှိဘဲ ပုံစံ များစွာနှင့်ထုတ်လုပ်ထားပါသည်။ ၎င်းတို့ကို ပိတ်ရက်များအပြီး သင့်အသားအရေတို့ကို အထောက်အကူပြုစေရန် ဖော်မြူလာဖြင့်ထုတ်လုပ်ထားပါသည်။

အိုရီများအရ ထိုကဲ့သို့သောအသားအရေသည် ပတ်ဝန်းကျင်ပေါ်မူတည်၍ အလွန်အမင်းတုံ့ပြန်လေ့ရှိကြသည်။ သို့ဖြစ်၍ ၎င်းအသားအရေပိုင်ရှင်များသည် နေရောင်ဖြင့် ထိတွေ့ခြင်းမပြုလုပ်သင့်ပါ။ နေရောင်ခြည်ကာကွယ်သုံးပစ္စည်းကို အသုံးပြုရန် အကြံပေးချင်ပါသည်။ သို့သော် ပြဿနာများကိုအဖြေရှာရန်လည်းအရေးကြီးပါသည်။

Your skin - child protected under the sun
Don't

နေရောင်တုံ့ပြန်လွယ်သော အသားအရေ သည် နေနှင့်ထိတွေ့ခြင်းမပြုလုပ်သင့်ပါ။ ၎င်းတို့သည် မွေးရာပါရောဂါအချိုု့ကြောင့်ဖြစ်စေ၊ မွေးဖွားပြီးနောက် ဖြစ်စေ ဖြစ်ပွားလေ့ရှိသည်။ အချို့သောဆေးဖက်ဆိုင်ရာကုသမှုများသည်လည်း ခဏတာနေရောင်မခံနိုင်ခြင်းကိုဖြစ်ပေါ် စေသည်။ သို့ဖြစ်၍ ကာကွယ်နိုင်စွမ်းမြင့်မားသော 50+/UVA 50 index ရှိသော Sun ခရင်မ်များကို UVA, UVB နှင့် နေရောင်ခြည်ကြောင့်ဖြစ်သော ရောင်ရမ်းသည့် ပြဿနာများကို ကာကွယ်ရန်အသုံးပြုသင့််ပါသည်။

Mineral

အချို့သူများ၏အရေပြားသည် Sun ခရင်မ်ဖော်မြူလာတွင်ပါဝင်သည့် အချို့သောရိုးရာ ဓါတုပစ္စည်းများနှင့် အလာဂျီရှိတတ်ကြသည်။ အဆိုပါ ရှားပါးသည့်ဖြစ်ရပ်များတွင် နေရောင်ကာကွယ်များကို သဘာဝသတ္တုဓါတ် ဖော်မြူလာဖြင့်ထုတ်လုပ်ထားပြီး အရေပြားအခြေအနေတိုးတက်စေရန်ပြုလုပ်ထားပါသည်။

Calendar

နောက်ဆုံးအနေဖြင့် နေဖြင့် ပထမဆုံးထိတွေ့ပြီးနောက် နေရောင်ခြည်ဓါတ်မတည့်ခြင်းသည် အမျိုးသမီးငယ် များ၏ 80 ရာခိုင်နှုန်းတွင် တွေရလေ့ရှိပြီး အသားညိုလာသည်နှင့်အမျှ လက္ခဏာများပျောက်ကွယ်သွားလေ့ရှိသည်။  ၎င်းသည် ပြင်းထန်သော ရောဂါမဟုတ်သော်လည်း ထိုရောဂါ၏ လက္ခဏာများသည် လူနေမှုဆိုင်ရာအရည်အသွေး ကို ထိခိုက်ပါသည်။
- လက္ခဏာများမှာ နီမြန်းခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် ယားယံသောခံစားချက်တို့ဖြစ်ပါသည်။ အရေပြားကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းအနေဖြင့် ကျယ်ပြန်သော UVA နှင့် UVB ရောင်ခြည်များကို ကာကွယ်ပေးသည့် sun ခရင်မ်များကို အသုံးပြုသင့်ပါသည်။ ဤနေရာတွင် 1:1 SPF/IP UVA အချိုးသည် အရေးကြီးပါသည်။ (ဆိုလိုသည်မှာ UVB နှင့် UVA ရောင်ခြည်များကို တူညီစွာ ကာကွယ်ပေးပြီး ဓါတ်မတည့်မှုများကိုလျော့ချပေး သည်။)

အကယ်၍ သင်၏နေရောင်ဖြင့်ထိတွေ့နေသောနေရာများတွင် ခွဲစိတ်ထားခြင်းများ၊ ပြုပြင်ထားခြင်းများ(သို့) ဒဏ်ရာများရှိနေပါက အနာကောင်းစွာမကျက်မီ အရောင်ပြောင်းနိုင်ခြေများပြားလျက်ရှိပါသည်။ ၈ လ မှ ၁၂ လအထိ သို့မဟုတ် ပိုမိုကြာနိုင်ပါသည်။ အကယ်၍ အနာကောင်းမွန်စွာ မကျက်ပါက အမှတ်များသည် အညိုရောင်အဖြစ်ပြောင်းလဲ သွားပြီး တစ်သက်လုံးမပျောက်ဘဲဖြစ်တတ်ပါသည်။ ထိုဖြစ်စဉ်သည် ကျွန်ုပ်တို့ကြုံတွေ့နေရသော အန္တရာယ်ဖြစ်ပါသည်။ UVA သည် နေရာမျိုးစုံမရွေး၊ ဥတုရာသီမရွေးရှိနိုင်သောကြောင့် အဆိုပါအသားအရေရှိသူများသည် သင့်တော်သော နေရောင်ကာကွယ်ပစ္စည်းများအသုံးပြုပြီး နေရောင်ဖြင့်ထိတွေ့ခြင်းမရှိစေရန် ထိခိုက်ဒဏ်ရာရထားသောအရေပြားကို ကာကွယ်သင့်ပါသည်။

နေရောင်နှင့်ထိတွေ့မှုအချိန်ကြာလာသည်နှင့်အမျှ အစက်များသည် အရေပြားပေါ်တွင် ပေါ်လာလေ့ရှိသည်။ (မျက်နှာ၊ လက်၊ နောက်ကျောအစရှိသဖြင့်)။ ထိုသို့ဖြစ်ရခြင်းသည် melanin ဖြန့်ဝေမှုမညီမျှခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ အဆိုပါအသားအရေပိုင်ရှင်များသည် melanin ထုတ်လုပ်မှုကိုထိန်းညှိပေးသော ပစ္စည်းများပါဝင်သည့် နေရောင်ကာခရင်မ်ကို အသုံးပြုသင့်ပါသည်။ 

Back of a woman under the sun

ပြင်သစ်၌ ခုနှစ်ယောက်တွင် တစ်ယောက်၌ဖြစ်ပွားလေ့ရှိသည်။ နေရောင်ခြည်ထိတွေ့မှုသည် အနာကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုများနှင့် ပင်ပန်းနွမ်းနယ်မှုတို့လည်း ပါဝင်သည်။ ထိုနှုတ်ခမ်းတွင် အနာဖြစ်ခြင်းကို ကာကွယ်ရန်ထုတ်လုပ်ထားသော နှုတ်ခမ်းလိမ်းသည့် အတောင့်များကို နေရောင်ကာကွယ်သည့်ဖော်မြူလာများဖြင့် ထုတ်လုပ်ထားပါသည်။

*J Am Acad Dermatol. 2006
Bioderma - Woman protecting from the sun
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”
    Dr Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.

    အင်တာနက်အသုံးပြုသူတစ်ဦး - ကလေးငယ်များအတွက် အကောင်းဆုံး နေရောင်ကာလိမ်းဆေး ကိန်းညွှန်းက ဘယ်လောက်ဖြစ်မလဲ?

    ၁၈လအရွယ်အထိ သင့်ကလေးအား နေရောင်ထဲမထွက်မိစေရန် အထူးအကြံပြုလိုပါသည်။ သို့သော် မဖြစ်နိုင်ပါက လုံလောက်သော ကာကွယ်မှုပေးမည့် SPF 50+ ပါဝင်သော ပစ္စည်းကို သင်အသုံးပြု သင့်သည်။ အသက်(၃) နှစ်အရွယ်ထိ ဓာတုအခြေခံပါဝင်သော နေရောင်ကာလိမ်းဆေး မသုံးသင့်ပဲ တွင်းထွက်ပစ္စည်းများ ပါဝင်အောင် အခြေခံထားသော နေရောင်ကာလိမ်းဆေးကို အသုံးပြုသင့်သည်။

    Dr Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.

ပထမဆုံးအနေဖြင့် ကလေးငယ်များကို အရိပ်အောက်တွင်ထား၍ အဝတ်အစားများကို လုံခြုံစွာ ဝတ်ဆင်ပေး

Bioderma - care for family skin

ပါ။ နေနှင့်မထိတွေ့အောင်ထားပါကအကောင်းဆုံးဖြစ်ပါသည်။ ၃ လအောက် ကလေးများသည် နေဖြင့်ထိတွေ့ခြင်း လုံးဝ မပြုလုပ်ရပါ။ ကလေးအရေပြားသည် ပါးလွှာပြီး ပျက်စီးလွယ်ပါသည်။ UV rays ကိုကာကွယ်နိုင်စွမ်းနည်းပါသည်။ နေလောင်ခြင်းနှင့် အပူရှပ်ခြင်းတို့ လျှင်မြန်စွာဖြစ်နိုင်သည်။ သမားတော်များသည် ကလေးဘဝ၌ နေလောင်ခံရခြင်းသည် နောက်ပိုင်းတွင် အလွန်ကြီးမားသော ပြဿနာဖြစ်လာနိုင်သည်ဟု အစဉ်အမြဲသတိပေးလျက်ရှိသည်။ မိဘများအနေဖြင့် စည်းကမ်းများကို လိုက်နာသင့်ပါသည်။ ကလေးများကို နေပူထဲမသွားခိုင်းပါနှင့်။ 

. အထူးသဖြင့် မနက် ၁၁ နှင့် ညနေ ၄ နာရီကြား အကာအကွယ်အဝတ်အစားများဝတ်ဆင်ပေးပါ။ ဦးထုပ်၊ နေကာမျက်မှန်၊ လက်ရှည်တီရှပ်များ (အနက်ရောင်) ကာကွယ်စွမ်းမြင့်မားသော SPF 50 ၊ sun ခရင်မ် (သို့) ကလေးများအတွက် ဖော်မြူလာဖြင့်ထုပ်လုပ်ထားသောပစ္စည်းများကို 2 နာရီခြား တစ်ခါ အသုံးပြုပါ။ ရေကူးပြီးနောက်(သို့) သဲများဖြင့် ကစားပြီးနောက်(သို့) တာဝါဖြင့် သုတ်ပြီးနောက် ပြန်လည် အသုံးပြုရန် မမေ့ပါနှင့်။
. ရေဓါတ်ဖြည့်တင်းရန်အတွက် တစ်နေ့လုံး ရေတိုက်ပေးရန်လိုအပ်ပါသည်။
 

နေရောင်အောက်တွင်ထိခိုက်ခံရသောအရေပြား

အကယ်၍ အချို့သောနေရာများ (ဥပမာ-မျက်နှာ)သည် နေရောင်ထိတွေ့မှုကို တုံ့ပြန်လွယ်ပါက ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကိုလည်း ကာကွယ်ဖို့သတိရပါ။ နေရောင်ခြည်ကာကွယ်သည့် အကြံပေးချက်များ (ဤနေရာတွင် ဖက်ရှုနိုင်ပါသည်။) နေရောင်နှင့်ထိတွေ့နေသမျှကာလပတ်လုံး အရေပြားကို ရေဓါတ်ဖြည့်ပေးပြီး skin care products များကို မှန်မှန်အသုံးပြုဖို့ သတိရပါ။ ထို့အပြင် နေရောင်ခြည် တုံ့ပြန်လွယ်သော ဆေးဖက်ဆိုင်ရာကုသမှုများ ခံယူထားပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အရေးကြီးပါသည်။

ကလေးများအတွက်ထိရောက်သော နေရောင်ကာကွယ်မှု

ပုံမှန်လသားနှင့်ကလေးများအသားအရေ

Cellular bioprotection™ patent

Photoderm KID

နေပူထဲဆော့ကစားတတ်သော ကလေးငယ်များအတွက် ကလေးဆရာဝန်များမှ အသိအမှတ်ပြုထားသော ကာကွယ်မှုမြင့် နေရောင်ကာခရင်မ်

ဘယ့်သူ့အတွက်လဲ?

မိသားစုဝင်အားလုံး (၁၂ လနှင့်အထက်ကလေး)