Bioderma - woman face

Micellar water ကို မိတ်ကပ်အကြွင်းအကျန်များဖယ်ရှားရာတွင် အဆီနှင့်တခြားအညစ်အကြေး များစွာ ကပ်ညှိနေသော အရေပြားကို ပျက်စီးမှုမရှိစေရန် တစ်ဆင့်တည်း လွယ်ကူစွာဖယ်ရှား သန့်စင်ပေးနိုင်ရန် အသုံးပြုနိုင်သည်။ သင်၏အရေပြားကို နေ့စဉ်သန့်စင်ရန် အသုံးပြုဖို့ အကောင်းဆုံးဖြစ်သည်။ သင့်အရေပြားအပေါ်ယံအကာကွယ်လွှာကို မပျက်စီးစေပဲ  ညင်သာထိရောက်စွာသန့်စင်ပေးသဖြင့် မနက်နှင့်ည စိတ်ချစွာ အသုံးပြုနိုင်သည်။

Micelle ဆိုသည်မှာ ညင်သာစွာသန့်စင်သောပစ္စည်းများ (non-ionic surfactants) မြောက်များစွာ ပါဝင်သည့် မျက်စိနှင့် မမြင်နိုင်သောအရာများဖြစ်သည်။ Micelles တွင် ၂ ပိုင်း ပါဝင်သည်။  ရေကြိုက်သောခေါင်းပိုင်း (ရေတွင်ပျော်ဝင်နိုင်သော) နှင့် အဆီကြိုက်သောအမြှီးပိုင်းတို့ဖြစ်သည်။ အမြှီးပိုင်းသည် အဆီကို စုပ်ယူပြီး ရေတွင်မပျော်ဝင်နိုင်ပါ။ ဒီ့အတွက် ဂွမ်းစနှင့်အသုံးပြုမှသာလျှင် အညစ်အကြေးများ (မိတ်ကပ်၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန်နှင့်အညစ်အကြေးမှုန်များ စသဖြင့်) နှင့် အရေပြားမှစွန့်ထုတ်သော အညစ်အကြေးများ (အဆီ၊ ချွေး၊ အရေပြားအဖတ်ကွာကျမှု စသဖြင့်)တို့ကို ကောင်းစွာဖယ်ရှားသန့်စင်ပေးနိုင်သည်။

Micellar water mode of action

Laboratoire Bioderma ၏ micellar water သည် အရေပြားဆရာဝန်များ၏ ထောက်ခံချက် နှင့် မိတ်ကပ်ပညာရှင်တို့

Your Skin - Sensibio

ကြိုက်နှစ်သက်သော ထုတ်ကုန်ဖြစ်သည်။ ပါဝင်ပစ္စည်းများကို ရွေးချယ် စိစစ်
အသုံးပြုထားသောကြောင့် ပြိုင်စံရှား micellar ထုတ်ကုန်အဖြစ် ရှေ့ပြေးရပ်တည်နိုင်ခြင်းဖြစ်သည်။
ပါဝင်ပစ္စည်းမှာ

  • glycerol ester ခေါ် fatty acid ester တမျိုး၊ ၎င်းသည် လူ့အရေပြား၏ ပါဝင်ပစ္စည်းနှင့် ဇီဝဆိုင်ရာ တူညီမှုကြောင့် အရေပြား၏ ခံနိုင်ရည်အားကို မြင့်မားစွာ မြှင့်တင်ပေးနိုင်သဖြင့် တုံ့ပြန်ထိရှလွယ် sensitive အရေပြားတွင်ပါ အသုံးပြုနိုင်စေသည်။
  • မြင့်မားစွာသန့်စင်ထားသောရေကြောင့် အရေပြား၏ pH ကို ထိန်းညှိပေးပြီး ပြင်ပမှဓာတုထိတွေ့မှုနှင့် ရောဂါပိုးအန္တရာယ်မဖြစ်အောင် ထိရောက်စွာ သန့်စင်ပေးခြင်းဖြင့် ကာကွယ်ပေးသည်။ ဒီ့အတွက် Micellarရည်ကို cotton pad နှင့် အသုံးပြုပြီး ရေနှင့် ပြန်လည် ဆေးချ၍မလိုသည်တိုင် စိတ်ချရသော သန့်စင်ရည်ဖြစ်သည်။

Hypoallergenic ဓာတ်မတည့်မှုကို လျော့ချထားပြီး ဆပ်ပြာ၊ အယ်လ်ကိုဟော၊ paraben တို့ မပါဝင်သောကြောင့် အရေပြား၏ အကာအကွယ်အလွှာကို ထိန်းသိမ်းပေးထားသည်။

ရေနှင့်ဘယ်လိုကွာသလဲ?

ရေပိုက်ခေါင်းမှရေသည် ကယ်လ်ဆီယမ်၊ ကလိုရင်းများ ပါဝင်သဖြင့် အရေပြားကို ထိခိုက်စေတတ်သည်။ Thermal water ဓာတ်သတ္တုပျော်ဝင်သောရေသည်လည်း သန့်စင်နိုင်သော ဂုဏ်သတ္တိမရှိပါ။ ၎င်းတို့၏ပါဝင်ပစ္စည်းများသည်လည်း ရာသီဥတုနေရာဒေသပေါ်မူတည်ပြီး အမြဲပြောင်းလဲနေသည်။

 

 

ဘာကြောင့် micellar water အမျိုးမျိုးရှိနေသလဲ?

Laboratoire Bioderma မှ အရေပြားတစ်မျိုးစီ၏ လိုအပ်ချက်ပေါ်မူတည်၍ လိုက်ဖက်သင့်လျော်သော 
micellar ရည်ကို ထုတ်လုပ်ပေးထားသည်။ ဒီ့အတွက် အရေပြားခံနိုင်စွမ်းကို မြှင့်တင်ပေးထားပြီး အရေပြားအမျိုးအစားအားလုံးနဲ့သင့်လျော်စေသည်။ ထိရှလွယ်အသားအရေ sensitive skin နှင့် အဆီပြန်အသားအရေ oily skin သာမက ကလေးများ၏ နူးညံ့သောအရေပြားအတွက်ပါ သီးသန့် ထုတ်လုပ်ထားရှိပေးသည်။

ကျွန်ုပ်ဘယ်လိုလုပ်သင့်ပါသလဲ?

နေ့စဉ်သန့်စင်ခြင်း

  • မျက်နှာထိန်းသိမ်းမှုထုတ်ကုန်များမတိုင်ခင် micellar water နှင့် မျက်နှာသန့်စင်ခြင်းပြုပါ။ ညအိပ်ရာမဝင်ခင် မျက်နှာသန့်စင်ရန်လွန်စွာ အရေးကြီးသည်။ မိတ်ကပ်မလိမ်းထားရင်လည်း သန့်စင်မှုပြုပေးရမည်။ အကြောင်းအရင်းမှာ နေ့ဘက်တွင် လေထုထဲရှိ ဖုန်မှုန့်၊ ချွေးနှင့် အညစ်အကြေးများစွာရှိသည့်အတွက် သင့်အရေပြားအပေါ်တွင် စုပုံလာပြီး အရေပြားပျက်စီးစေနိုင် သောကြောင့် သန့်စင်မှုပြုလုပ်ရန် လွန်စွာ အရေးကြီးသည်။

Sébium H2O

အရေပြားဆိုင်ရာ micellar water မိတ်ကပ်ဖျက်‌ပေးခြင်းနှင့် အရေပြားကို မခြောက်သွေ့စေပဲ သန့်စင်ပေးနိုင်သည်။

အဆီပြန်ပြီး ၀က်ခြံထွက်လွယ်သောအသားရေများအတွက် ပေါင်းစပ်အသားရေနှင့် အဆီပြန်အသားရေများအတွက်

Sensibio H2O

မူပိုင် မြင့်မားစွာသန့်စင်ထားသောရေ၊ အရေပြားကို သက်သာစေပြီး အညစ်အကြေးနှင့် မိတ်ကပ်အန္တရာယ်မှ ကင်းဝေးစေသည်။

အသားရေအားလုံးအတွက် ထိခိုက်တုံ့ပြန်လွယ်သော အသားအရေများအတွက်

ABCDerm H2O

တုံ့ပြန်လွယ်အသားအရေအတွက် ထုတ်လုပ်ထားသော သန့်စင်သည့်ရေ

မွေးကင်းစနှင့်ကလေးငယ်များပုံမှန်အသားရေများအတွက် မွေးကင်းစနှင့်ကလေးငယ်များခြောက်သွေ့အသားရေများတွက်