Woman playing with her baby

နူးညံ့ချောမွတ်သော အသားအရေရှိသူတို့ကို “baby-soft-skin” ဟုခေါ်ကြသည်။ ရက်မပြည့်၊ ပေါင်မပြည့် ကလေးငယ်များများမှလွဲ၍ ကလေးငယ်များ၏ အရေပြားသည် မွေးဖွားသည်နှင့် ပြီးပြည့်စုံနေပါသည်။ သို့သော် ၎င်းသည် ပါးလွှာပြီး လူကြီးများ၏ အရေပြားလောက် ကာကွယ်နိုင်စွမ်းမမြင့်မားပါ။ မွေးဖွားပြီးနောက် ရက်သတ္တပတ်များအကြာ ကလေးများ၏

အရေပြားသည် sebum ထုတ်လုပ်မှုရပ်သွားပြီး အဆီဂလင်းများသည် ဆယ်ကျော်သက်အရွယ် ရောက်မှသာ ပြန်လည်လုပ်ဆောင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အရေပြားအလွှာသည် ပါးလွှာပြီး ကောင်းမွန်စွာ မကာကွယ်နိုင်ခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့်

  • ခြောက်သွေ့ပြီး ယားယံခြင်းများဖြစ်ခြင်း
  • အကောင်များ၊ allergens များ ဝင်ရောက်ပြီး ပိုမိုဆိုးရွားစေခြင်း၊
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”

    Mr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာ၀န်.

    အင်တာနက်အသုံးပြုသူတစ်ဦး - ကျွန်ုပ်၏သမီးသည် သွားပေါက်ခါစတွင် သွားဖုံးတွင် နီရဲနေသည်။ သူမ Paraben နှင့်မတည့်သောကြောင့် ကျွန်ုပ် Paraben မပါဝင်သော ပစ္စည်းကို သုံးနေပါတယ်။ ဒါပေမယ့် သိပ်မကောင်းဘူး။ ဘာတွေသုံးလို့ရပါသလဲ?

    သင်ယခုသုံးနေသော ပစ္စည်းကိုပြောင်းလဲပြီး ရေဓာတ်ပါဝင်သော ပစ္စည်းကို အသုံးပြုပါ။

    Mr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာ၀န်.
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာ၀န်.

    အင်တာနက်အသုံးပြုသူတစ်ဦး - ကျွန်ုပ်၏ကလေးကို ရေချိုးပေးပြီးလျှင် အစိုဓာတ်ထိန်းသိမ်းရေးပစ္စည်း သုံးသင့်ပါ သလား? အစိုဓာတ်ထိန်းသော ဆပ်ပြာသုံးလျှင် လုံလောက်ပါ သလား?

    သင်၏ကလေးတွင် ခြောက်သွေ့ယားယံသောအရေပြား ပိုင်ဆိုင်ပါက ရေချိုးပြီးလျှင် အစိုဓာတ်ထိန်းသိမ်းရေးပစ္စည်း သုံးသင့်ပါသည်။ သို့မဟုတ် တခါတရံ ကလေးသုံး အဆီလေး တွေကို ရေထဲတွင်ထည့်၍ချိုးပေးပါ။ အကယ်၍ သင့်ကလေးတွင် ခြောက်သွေ့သော အသားအရေမရှိပါကလည်း ရေချိုးပြီး အစိုဓာတ်ထိန်းသိမ်းရေး ပစ္စည်းလိမ်းပေးခြင်းသည် သင်နှင့် သင့်ကလေးကို ပိုမိုနီးကပ်စေသည်။

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာ၀န်.
Baby in a bath

ထို့အပြင် ကလေးများ၏ အရေပြားမျက်နှာပြင်သည် လူကြီးများ၏ အရေပြားမျက်နှာပြင်ထက် ၂ ဆ မှ ၃ ဆ အထိ ပို၍ကျယ်ပါသည် (higher surface/weight ratio)။ သို့ဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို ကလေးများအရေပြားပေါ်တွင် အသုံးပြုပါက ပိုမိုဖောက်ဝင်စုပ်ယူလွယ်သည်။
ထို့ကြောင့် ထိရောက်ပြီး အလွန်နူးညံ့ပျော့ပျောင်းကာ သန့်စင်ပေးသော ပစ္စည်းများကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။

  • ကလေးအရေပြား၏ လိုအပ်ချက်ကိုမူတည်၍ မြင့်မားသည့်ခံနိုင်ရည်စွမ်းအား
  • ဘေးအန္တရာယ်ကင်းပြီး အရေပြားအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးသည့် ဖော်မြူလာများ

Atopic Skin

ပြင်ပပတ်ဝန်းကျင်ဆိုင်ရာများ (လေ, အေးသောရာသီဥတု, ရေ, အပူ အစရှိသဖြင့်) ကြောင့် ကလေးများ၏ အရေပြားကို အားနည်းစေပြီး ခြောက်သွေ့စေကာ ပိုမိုတုံ့ပြန်လွယ်တတ်ကြသည်။ 

ဝဲနှင်းခူ (Atopic dermatitis) တွင်မူ သင့်ကလေးအရေပြားသည် အလွန်ခြောက်သွေ့ပြီး ကြမ်းတမ်းနေပါသည်။ တစ်ခါတစ်ရံ အနီရောင်အသားအဖတ်များတွေ့ရပြီး ယားယံ၍ အိပ်စက်၍ မရနိုင်ခြင်းဖြစ်တတ်သည်။ ဝဲနှင်းခူ (Atopic dermatitis) သည် အသက် ၂ လ၊ ၃ လ အရွယ်မှစ၍ ဖြစ်တတ်လေ့ရှိပြီး များသောအားဖြင့် နှစ်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလေ့ရှိ သည်။ အဆိုပါ အရေပြား၌ အဆီဓာတ် မရှိသောကြောင့် horny layer အလွှာသည် အလွယ်တကူ ဖောက်ဝင်နိုင်သည်။ သို့ဖြစ်၍ အရေပြားသည် ခန္ဓာကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိတော့ဘဲ ဓာတ်မတည့်မှုများ ဝင်ရောက်လာကာ ရောင်ရမ်းမှုများဖြစ်စေကာ နှင်းခူနာအစရှိသည်တို့ဖြစ်ပွားလေ့ရှိပြီး အလွန်အမင်းယားယံလေ့ရှိပါသည်။
ယားယံသဖြင့် ကုတ်သောကြောင့် ပိုမိုဆိုးရွားစေပြီး ဓာတ်မတည့်မှုများ ပိုမိုဝင်ရောက်ကာ ပိုမိုရောင်ရမ်းခြင်းများဖြစ်ပေါ်ပြီး ပျောက်ကင်းခြင်းမရှိဘဲ ခဏခဏပြန်လည်ဖြစ်တတ်ပါသည်။ ရောင်ရမ်းမှုကို အဓိကဖြစ်စေသော အကြောင်းရင်း ၃ ချက်မှာ
. လေမှတစ်ဆင့် သယ်လာသော ဓာတ်မတည့်မှုများ
. အစားအစာမှတစ်ဆင့် သယ်လာသော ဓာတ်မတည့်မှုများ
. ထိတွေ့မိသောကြောင့် ရရှိလာသော ဓာတ်မတည့်မှုများ
Atopic အကြောင်း ပိုမိုသိရှိလိုပါက ဤစာတမ်းကို ဖတ်ရှုနိုင်ပါသည်။

ယားယံသဖြင့် ကုတ်သောကြောင့် ပိုမိုဆိုးရွားစေပြီး ဓာတ်မတည့်မှု များ ပိုမိုဝင်ရောက်ကာ ပိုမိုရောင်ရမ်းခြင်းများဖြစ်ပေါ်ပြီး ပျောက်ကင်းခြင်းမရှိဘဲ ခဏခဏပြန်လည်ဖြစ်တတ်ပါသည်။ ရောင်ရမ်းမှုကို အဓိကဖြစ်စေသော အကြောင်းရင်း ၃ ချက်မှာ

Picto Animal

လေမှတစ်ဆင့် သယ်လာသော ဓာတ်မတည့်မှုများ

လေ, အေးသောရာသီဥတု, ရေ, အပူ အစရှိသဖြင့်

Picto Arachide

အစားအစာမှတစ်ဆင့် သယ်လာသော ဓာတ်မတည့်မှုများ

Mineral

ထိတွေ့မိသောကြောင့် ရရှိလာသော ဓာတ်မတည့်မှုများ

nickel, fragrances, etc.

Diaper rash(ဒိုက်ပါရ်လောင်ခြင်း) သည် မကြာခဏဖြစ်လေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ အများအားဖြင့် ဒိုက်ပါရ်လောင်ခြင်း သည် nappies ပွတ်တိုက်ခြင်း၊ ဆီးနှင့်ဝမ်းတို့ဖြင့် အချိန်ကြာမြင့်စွာထိတွေ့မှုကြောင့် ဘက်တီးရီးယားအကောင်များ ပေါက်ဖွားလာခြင်း

Baby - Atopic Skin

တို့ကြောင့် ဖြစ်တတ်လေ့ရှိသည်။

  • သင့်ကလေးရဲ့ Diaper ကို မကြာခဏလဲလှယ်ပေးပါ။
  • Diaper လဲတိုင်း သင့်ကလေးအား ဆပ်ပြာပါဝင်မှုမရှိသော အလွန်ပျော့ပျောင်းသည့်ပစ္စည်းများဖြင့် သန့်စင်ပေးပါ။
  • ညင်သာစွာလဲပေး၍ ခြောက်သွေ့အောင်ထားပါ။
  • ပါဝင်ပစ္စည်းများပါသော ထုတ်ကုန် များကို အသုံးပြုပေးပါ။ သို့မှသာ ကလေးငယ် အောက်ပိုင်းအရေပြားအလွှာကိုပြန်လည်တည်ဆောက်ပေးမည် ဖြစ်ပါသည်။
  • အကယ်၍ Diaper rash ဆက်လက်ရှိနေပါက ဆရာဝန်ဖြင့်သွားရောက်ပြသပါ။

ပါးစပ်နားတစ်ဝိုက်ယားယံခြင်းသည် ဘာကြောင့််ဖြစ်တတ်လေ့ရှိသနည်း?

ပါးစပ်နားတစ်ဝိုက်အရေပြားယားယံခြင်းကို နီမြန်းခြင်း၊ သေးငယ်သောအစက်၊ ခြောက်သွေ့ ကြမ်းတမ်းသော အရေပြားများနှင့်အတူတွေ့ရလေ့ရှိသည်။ အဓိကဖြစ်သောအကြောင်းရင်းများမှာ စုပ်ခွက်ကို ခဏခဏအသုံးပြုသောကြောင့် ဖြစ်စေ၊ လက်မစုပ်ခြင်း၊ သွားပေါက်ခြင်း များကြောင့်ဖြစ်သည်။
တံတွေးတွင်ပါဝင်သော Amylase enzyme သည် အဓိက ယားယံမှု၏တရားခံဖြစ်ပြီး လေနှင့်အအေး တို့ကြောင့် ပိုမိုဆိုးရွားနိုင်ကာ အထူးသဖြင့် ဆောင်းရာသီတွင် အဆိုးရွားဆုံး ဖြစ်လေ့ရှိသည်။

ကလေးငယ်များကို နေရောင်ခြည်ထိတွေ့ခြင်း လုံးဝမပြုလုပ်သင့်ပါ။ ငယ်ရွယ်သောကလေးများ၏ အရေပြား အတွက် ကာကွယ်မှုမြင့်မားပြီး စိတ်ချလုံခြုံမှုကို အာမခံနိုင်သော အကာအကွယ်သုံး ပစ္စည်းများ လိုအပ်ပါသည်။ နေရောင်ခြည်ထိတွေ့မှုမှ ကာကွယ်ရန်လိုက်နာရမည့်အချက်များကို ဤတွင်ဖတ်ရှုနိုင်ပါသည်။

Your skin - child protected under the sun

မျက်နှာ၊ ပါးစပ်နားတစ်ဝိုက်၊ nappy ဝတ်ပေးသောနေရာများအစရှိသည့်နေရာတို့ကို သတိထား၍ စောင့်ကြည့်ပါ။ ကိုယ်တိုင်ကလေးများကို ဆေးကုသခြင်းမပြုလုပ်ပါနှင့်။ ကလေးအထူးကု (သို့) ဆေးဝါးပညာရှင်များ နှင့် ဆွေးနွေးပါ။
ဝါဂွမ်းဖြင့်လုပ်ထားသော အဝတ်များကို မဝတ်ဆင်ပါနှင့်။
အရုပ်များကို မကြာခဏဆေးကြောပေးပါ။
ကော်ဇော၊ အခင်းများကိုရှောင်ရှားပါ။
ကလေးငယ်၏ ပတ်ဝန်းကျင်ခြောက်သွေ့ခြင်းမရှိစေ၍ ပြုလုပ်ပေးပါ။ အခန်းအပူချိန်ကို ၁၉°C မှ ၂၀°C ထက် မကျော်ပါစေနှင့်။

Your Skin - Children

ရေချိုးချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်ပါသည်။ ရေမချိုးမီ လိုအပ်သည်များကို ပြင်ဆင်ပါ။ သို့မှသာ ကလေးငယ် ကို ကောင်းစွာ အာရုံစိုက်၍ ရေချိုးပေးနိုင်မည်ဖြစ်ပါသည်။ ကလေးသုံးပစ္စည်းများ အားလုံးသည် ဘေးကင်းရှင်းကြောင်း အာမခံပြီး ခံနိုင်ရည်စွမ်းအားမြင့်မားရမည်။
ခန္ဓာကိုယ်နှင့် ဆံသားများအတွက် 
သင့်ကလေးကို ဆပ်ပြာမပါဝင်ဘဲ အလွန်နူးညံ့ပျော့ပြောင်းသော မျက်စိစပ်ခြင်း မရှိသော သန့်စင်သုံးပစ္စည်းများဖြင့် ဆေးကြောပေးပါ။
ညင်ညင်သာသာခြောက်သွေ့အောင်ထားပါ။
သင့်ကလေးဦးရေပြားနှင့် ဆံသားကို ၂ ရက်မှ ၃ ရက်ကြာတိုင်း လျှော်ပေးပါ။ အလွန်နူးညံ့ပြီး မျက်လုံးစပ်ခြင်းမရှိ သော ဆံသားကို ထိန်းသိမ်းပေးသော ရှန်ပူများကိုရွေးချယ်ပါ။ ရေဖြင့်ဆေးကြောရာ၌လည်း ပုံမှန်အပူချိန်နှင့် ဖိအားရှိသောရေကိုသာအသုံးပြုပါ။ အသက်နည်းနည်းကြီးသော ကလေးများတွင် ရေဆေးစရာမလိုသည့် စပရေး များကို ဆံသားပုံစံလုပ်ရာ၌အသုံးပြုနိုင်ပါသည်။
ရေချိုးပြီးသည့်အခါတိုင်း သင့်တော်သော အာဟာရဖြည့်ပစ္စည်းများဖြင့် သင့်ကလေးအရေပြားအား အစိုဓါတ်ဖြင့် ပေးပါ။
မျက်နှာနှင့် မျက်လုံးအတွက် 
သင့်ကလေး၏မျက်နှာသန့်စင်ရန် ဆပ်ပြာမပါ ညင်သာသောသန့်စင်ထုတ်ကုန်များကို ဂွမ်းစနှင့် အသုံးပြုပါ။ လက်တွေ့တွင် ရေသည်သန့်စင်သည်ဟုမပြောနိုင်သည့်အတွက် micellar ရည် ကို အသုံးပြုပေးသင့်သည်။ အရေပြားဆိုင်ရာ ထောက်ခံချက်ရထားသော တစ်ရှူးအစို (သို့မဟုတ်) ရေဆေးရန်မလိုသော သန့်စင်နို့ရည်များကိုအသုံးပြုပါ။
လက်အ‌ရေပြားအတွက်
နေရာမရွေးသင့်ကလေး၏လက်အရေပြားသန့်စင်ဖို့ လွယ်ကူရန် အရေပြားဆိုင်ရာနည်းပညာဖြင့် ထုတ်လုပ်ထားသော တစ်ရှူးအစိုသန့်စင်ပစ္စည်းကို အသုံးပြုပါ။
Nappy လဲလှယ်သည့်အချိန်အတွက်
Nappy လဲလှယ်ပြီးသည့်အခါတိုင်း သင့်ကလေး၏တင်ပါးနေရာတွင်ကျန်ရှိနေသော အညစ်အကြေးများ၊ လိမ်းထားသောခရင်မ်များကို ညင်သာစွာသန့်စင်ပေးနိုင်သော ဆပ်ပြာမပါ သန့်စင်ထုတ်ကုန်များဖြင့် သန့်စင်ပေးပါ။ အရေပြားကြားနေရာများကို ညင်သာစွာ ခြောက်သွေ့မှုပြုပါ။ ထို့နောက် ခြောက်သွေ့အောင်ထားပါ။ လက်တွေ့တွင် ရေသည်သန့်စင်သည်ဟုမပြောနိုင်သည့်အတွက် micellar ရည် ကို အသုံးပြုပေးသင့်သည်။ အရေပြားဆိုင်ရာ ထောက်ခံချက်ရထားသော တစ်ရှူးအစို (သို့မဟုတ်) ရေဆေးရန်မလိုသော သန့်စင်နို့ရည်များကိုအသုံးပြုပါ။ ရေဆေးပြီး သန့်စင်မှုပြုလိုသော မိခင်များအတွက် ဆပ်ပြာမပါ နူးညံ့သော သင့်ကလေးအရေပြားနှင့်အသင့်တော်ဆုံး သန့်စင်ဂျယ်လ်ကို ရွေးချယ်ပါ။

Baby in a bath

သင့်ကလေးအရေပြားသည် နူးညံ့သောကြောင့် ပြင်ပအရာများကိုကာကွယ်နိုင်ရန် သင်ယူရမည် ဖြစ်ပါသည်။ ထိုသို့ ကာကွယ်နိုင်ရန်အတွက် သင့်တော်သော ကုသမှုပစ္စည်းများကိုဆွေးနွေး သင့်ပါသည်။ သင့်ကလေးတွင် ပုံမှန်အသားအရေ ရှိပါက moisturizing milk ကို ရွေးချယ်ပါ။ ပိုမိုခြောက်သွေ့သောအသားအရေဆိုပါက မြင့်မားသော အာဟာရဓါတ်ပြည့် cold cream ကုသမှု ပစ္စည်းကိုရွေးချယ်ပါ။ Cold cream ဆိုသည်မှာ ထူထပ်သော ဖော်မြူလာဖြင့် ထုတ်လုပ် ထားပြီး အသုံးပြုရာ၌ အေးမြမှုကိုပေးစွမ်းပါသည်။ ယခုလက်ရှိနေ့များတွင် cold cream အထိအတွေ့သစ်များကို စမ်းသပ်တီထွင်လာကြပြီး ပြင်ပဖိစီးမှုများကိုကာကွယ်ပေးပြီး သက်တောင့်သက်သာဖြစ်စေပါသည်။

Baby - Mom putting cream

ခြောက်သွေ့သောအသားအရေနှင့် Atopic အသားအရေရှိသောကလေးများအတွက် အကြံပြုချက်

အရေပြားအထူးကုများမှရရှိလာသော အကြံပေးချက်များအပြင် သင်သည် အောက်ပါကြိုတင်ကာကွယ်မှုများကို လိုက်နာသင့်ပါသည်။

 

  • နေ့စဉ်နေ့တိုင်း ပူနွေးသောရေဖြင့်ချိုးပေးပါ။ ရေအပူချိန် ၃၅°C ထက်မပိုပါစေနှင့်။ ရေမြှုပ်များ၊ ပူဆီဖောင်းများ၊ ဆားများပါဝင်သောရေဖြင့် မချိုးပေးပါနှင့်။ ၎င်းတို့သည် ကလေးအရေပြားကို ခြောက်သွေ့စေပြီး တုံ့ပြန်လွယ်စေ ပါသည်။
  • နူးညံ့ပြီး ဆပ်ပြာပါဝင်မှုမရှိသော မွှေးရနံ့ပါဝင်မှုမရှိသော ခံနိုင်စွမ်းမြင့်မားပြီး ဘေးကင်းစေရန် အာမခံချက်ပေး သော ပိုးမွှားများကပ်တွယ်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသော သန့်စင်သုံးပစ္စည်းများဖြင့် ဆေးကြောပေးပါ။
  • သင့်ကလေးအရေပြားကိုညင်သာစွာပွတ်၍ အခြောက်ခံပေးပါ။
  • တစ်နေ့ ၁ ကြိမ် (သို့) ၂ ကြိမ် အာဟာရဓါတ်ဖြည့်ဆည်းပေးပြီး ဘေးအန္တရာယ်မရှိသော ယားယံမှုကို သက်သာစေသော ခြောက်သွေ့ခြင်းကိုသက်သာစေသော ပိုးမွှားများ ကပ်တွယ်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသော ကုသမှုများကို အသုံးပြုပေးပါ။
  • နှင်းခူနာကိုပြန်ဖြစ်စေသော allergens များ (တိရစ္ဆာန်အမွှေး၊ ငှက်မွှေး၊ ပန်းဝတ်မှုံအစရှိသည်) တို့ကို ရှောင်ရှားပါ။
  • သိုးမွှေးအဝတ်များထက် ဝါဂွမ်းဖြင့်လုပ်ထားသော အဝတ်များကို ဝတ်ဆင်ပေးပါ။
  • ပျော့ပျောင်းနည်းပါးသော detergent များကိုရွေးချယ်ပြီး အဝတ်အစားကိုလျှော်ဖွတ်ပေးပါ။ လျှော်ဖွတ်ပြီးနောက် မီးပူတိုက်ဖို့မမေ့ပါနှင့်။ သို့မှသာ နူးနူးညံ့ညံ့ခံစားမှုပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
  • သင့်အိမ်၏ အပူချိန်နှင့် သင့်ကလေးအခန်း၏ အပူချိန်ကို ပူနွေးအောင်မထားပါနှင့် (၁၉°C မှ ၂၀°C) ပူနွေးခြင်းသည် လေထုကိုခြောက်သွေ့စေပြီး အရေပြားကိုထိခိုက်သောကြောင့်ဖြစ်ပါသည်
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.

    အင်တာနက်အသုံးပြုသူတစ်ဦး - ဝဲနှင်းခူ (Atopic Dermatitis) ကို ဘယ်လိုကာကွယ်/ကုသရမလဲ?

    အနည်းဆုံးဓာတ်မတည့်မှုဖြစ်နိုင်သော မိဘတစ်ဦးရှိသည့် ကလေးများသည် ဖြစ်နိုင်ခြေရှိသောကလေးအဖြစ်သတ်မှတ်ပြီး ကာကွယ်ရမည်။ ဥပမာအားဖြင့် ကလေးအသက် တပတ်အတွင်း ကြောင်နှင့်ဓာတ်မတည့်ပါက ထိတွေ့ခြင်းမှ ကာကွယ်ရမည်။ ကုသမှုနှင့်စပ်လျဉ်း၍ နှင်းခူရောဂါဖြစ်ပွားမှုကို ဖြစ်နိုင်သမျှ စောစောလိမ်းပေးသင့်သော Steroids ပါသည့် လိမ်းဆေးဖြင့် ကုသသင့်သည်။ အရေပြား အပေါ်ယံအလွှာပြောင်းလဲမှုများကို နေ့စဉ်ဆေးရည်ဖြင့် ကုသပေးသင့်သည်။

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.
  • Dr Michèle Sayag, “ဓာတ်မတည့် အထူးကု ဆရာဝန်”

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.

    အင်တာနက်အသုံးပြုသူတစ်ဦး - ကျွန်ုပ်၏ ၂နှစ်အရွယ် သားလေး သည် နှင်းခူရောဂါရှိပါတယ်။ သူ့အတွက် အကောင်းဆုံး သန့်စင်ရေနှင့် အရေပြားထိန်းသိမ်း‌ရေးစနစ်က ဘာဖြစ်မလဲ?

    ၁) ဆပ်ပြာမပါသောသန့်စင်ဆေးရည်နှင့် အချိန်တိုတို ရေချိုးပေးခြင်း (သို့မဟုတ်) ရေနွေးနွေးနှင့် ရေပန်းဖြင့်ချိုးပေးပါ။ 
    ၂) ကလေးအထူးကု (သို့မဟုတ်) အရေပြားအထူးကုဆရာဝန်က ညွှန်ကြားထားသော အထူးသဖြင့် steroids' လိမ်းဆေးကို အသုံးပြုပါ။ ၎င်းသည် သင်၏ကလေးကို ‌ရောဂါအခြေအနေ ပိုမိုဆိုးရွားစေခြင်းမှ ရှောင်ရှားရန်အတွက် ဆရာဝန် ညွှန်ကြားချက် အတိုင်း လုံလောက်သော ပမာဏကို အသုံးပြုပါ။

    Dr. Michèle Sayag, ဓာတ်မတည့် အထူးကုဆရာဝန်.
ABCDerm Baby Diapper Cream

ရံဖန်ရံခါတွင်သာသုံးသောအသားအရေထိန်းသိမ်းခြင်း

လသားနှင့်ကလေးများအတွက်တိကျသောစောင့်ရှောက်မှု

ABCDerm DERMATOLOGICAL COMMITMENT

ABCDerm Change intensif

Nappy rash ပြုပြင်ရေးခရင်မ်

ဘယ့်သူ့အတွက်လဲ?

ကလေးငယ်

နေ့စဉ်သုံးသန့်စင်ပစ္စည်း

လသားနှင့်ကလေးများ၏ခြောက်သွေ့နေသောအရေပြား ပုံမှန်လသားနှင့်ကလေးများအသားအရေ

Micellar technology

ABCDerm H2O

တုံ့ပြန်လွယ်အသားအရေအတွက် ထုတ်လုပ်ထားသော သန့်စင်သည့်ရေ

ဘယ့်သူ့အတွက်လဲ?

ကလေး, ကလေးငယ်

နေ့စဉ်သုံးသန့်စင်ပစ္စည်း

ပုံမှန်လသားနှင့်ကလေးများအသားအရေ လသားနှင့်ကလေးများ၏ခြောက်သွေ့နေသောအရေပြား

Micellar technology

ABCDerm H2O Lingettes

တုံ့ပြန်လွယ်သော အသားအရေအတွက်ထုတ်လုပ်ထားသော သန့်စင်တစ်ရှုး (Wipes)

ဘယ့်သူ့အတွက်လဲ?

ကလေး, ကလေးငယ်

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

ပုံမှန်လသားနှင့်ကလေးများအသားအရေ

ABCDerm DERMATOLOGICAL COMMITMENT

ABCDerm Gel moussant

ကလေးအရေပြားအတွက် ဆပ်ပြာပါဝင်မှု မရှိသော နူးညံ့ပြီး သန့်စင်ပေးသော ဂျယ်လ်

ဘယ့်သူ့အတွက်လဲ?

ကလေးငယ်, ကလေး