Dandruff and scales

ဗောက်သည် Malassezia ဟုခေါ်သော မှိုရောဂါတစ်မျိုးဝင်ရောက်လာမှုကြောင့်ဖြစ်ပွားလေ့ရှိပါသည်။ ၎င်းသည် အရေပြားအပေါ်ဆုံး အလွှာရှိ ဆဲလ်များကို အသစ်တဖန် လျင်မြန်စွာပွားများစေပြီး ထိုဆဲလ်များသည် ဦးရေပြားပေါ်တွင် အဖတ်ကြီးများကဲ့သို့ဖြစ်ပေါ်လာပြီး စေးကပ်ခြင်း (သို့) ဦးခေါင်းမှ ကွာကျခြင်းတို့ ဖြစ်တတ်လေ့ ရှိပါသည်။ ထိုအဖတ်များသည် အဆီပြန်သကဲ့သို့ အဝါရောင် နှင့် မီးခိုးရောင် စပ်ထားသော အရောင်အနေဖြင့် တွေ့ရလေ့ရှိပါသည်။
ဗောက်ထပါက ဦးရေပြားမခံနိုင်ဖြစ်ခြင်း၊ အလွန်အမင်းယားယံခြင်းတို့ ဖြစ်လေ့ရှိပါသည်။ ဗောက်များကို သင်၏ ဆံသားများကြားတွင် တွေ့မြင်နိုင်ပြီး များသောအားဖြင့် ဆံသားပုံစံပြုပြင်ရာ၌ သင်၏ လည်ပင်းနှင့် ပခုံးတို့တွင် တွေ့မြင်ရလေ့ရှိသည်။ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ ညစ်ညမ်းမှုနှင့် ဆောင်းရာသီတို့သည်Malassezia မှိုကို ပိုမိုပွားများလာစေနိုင်ပြီး ဗောက်များကို ပိုမိုဖြစ်ပွားစေနိုင်ပါသည်။

ခြောက်သွေ့သောဗောက်နှင့် အဆီပြန်ဗောက်ဟူ၍ နှစ်မျိုးရှိပါသည်။ ၎င်းတို့ပုံသဏ္ဍန်ကို ကြည့်ခြင်းဖြင့် 
၎င်းတို့ကို ဖြစ်စေသော အဓိကအကြောင်းအရင်းကို သိရှိနိုင်ပါသည်။

  • အသင့်အတင့်သော ဗောက်ထသော ပြဿနာများတွင် အဖတ်များသည် သေးငယ်ခြောက်သွေ့ကာ မီးခိုးရောင်(သို့) အဖြူရောင်များအနေဖြင့် တွေ့ရလေ့ရှိပြီး ဦးရေပြားပေါ်တွင် မကပ်တွယ်ပဲ ပခုံးများပေါ်သို့ ကွာကျလေ့ရှိပါသည်။
  • စေးကပ်ထူထပ်ပြီး အဝါရောင်ရှိသော ဗောက်များသည် ဦးရေပြားပေါ်တွင် ကပ်တွယ်‌လေ့ရှိပြီး
  • ယားယံခြင်းကို ဖြစ်ပေါ်စေပါသည်။ ၎င်းသည် seborrhoeic dermatitis ဟုခေါ်သော အရေပြားမှိုရောဂါ တစ်မျိုး၏ ပုံစံငယ်တစ်မျိုးဖြစ်ပြီး ဦးရေပြားသည် မကြာခဏ ပန်းရောင်သန်းပြီး မခံမရပ်နိုင်ဖြစ်နိုင်ပါသည်။ခြောက်သွေ့ပြီး အဖြူရောင်အဖတ်များနှင့်အတူ နီမြန်းခြင်းတို့သည် ဂျွတ်ပွေးနာ ဟုခေါ်သော အရေပြားရောဂါတစ်မျိုး၏ လက္ခဏာများဖြစ်ပြီး ယားယံခြင်းလည်း မကြာခဏ ဖြစ်လေ့ရှိပါသည်။

အကယ်၍ ဆိုးရွားသောဗောက်များအ‌ကြောင်း စိုးရိမ်ပူပန်ပါက အရေပြားဆိုင်ရာအထူးကုများဖြင့် ဆွေးနွေးတိုင်ပင်ပါ။

Doctor with patient - Talking

ဘယ်အရာများသည် ဂျွတ်ပွေးနာ ကိုဖြစ်စေနိုင်သနည်း?

ဂျွတ်ပွေးနာ ဟုခေါ်သော အရေပြားရောဂါသည် ခြောက်သွေ့သောနေရာများတွင် အကြေးခွံများကဲ့သို့ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဦးရေပြား၏ အစွန်းများတွင် ထူထပ်သော အဖတ်များအဖြစ် တွေ့မြင်နိုင်ပါသည်။ ၎င်းအဖတ်များသည် လုံးဝန်းသောပုံစံ (သို့) ဘဲဥပုံသဏ္ဍန်ရှိပြီး နီမြန်းခြင်း၊ အကြေးခွံများနှင့်အတူ တွေ့မြင်နိုင်ပါသည်။ ထိုအကြေးခွံများသည် အရွယ်အစားမျိုးစုံရှိပြီး ဦးရေပြားတစ်ခုလုံးကို ခမောက်ဖြင့်ကာထားသကဲ့သို့ ဖြစ်နေပါသည်။ ၎င်းတို့သည် ခြောက်သွေ့ပြီး ငွေရောင်၊ အဖြူရောင်ရှိကာ စေးကပ်နေတတ်ပါသည်။ 
ထိုကဲ့သို့ဖြစ်ပေါ်စေခြင်းသည် အလွန်အမင်း ယားယံခြင်း၊ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ပိုးစင်ရောဂါများ (မျက်လုံး၊ နှာခေါင်း၊ လည်ပင်း၊ သွား အစရှိသဖြင့်) အချို့သောဆေးဝါးများ (ငှက်ဖျားဆေး နှလုံးဆေး စသဖြင့်) သက်ဆိုင်ပါသည်။


ဂျွတ်ပွေးနာ သည် အခြေအနေ ၃ မျိုးပေါင်းစပ်ခြင်းဖြင့် ဖြစ်လေ့ရှိပါသည်။

Step 1
1/ အပေါ်ယံအရေပြားအလွှာအလွန်ပွားများခြင်းဖြင့် သိသိသာသာအဖတ်များထူထပ်ပြီး နီမြန်းခြင်း နှင့် အကြေးခွံများဖြစ်ပေါ်ခြင်း
Step 2
2/ ဆဲလ်ပွားများမှုများ ပုံမှန်မဟုတ်ခြင်း၊ ဆဲလ်ပွား ဆဲလ်ပွားခြင်းသည် ပုံမှန်အခြေအနေတွင် ရက် ၃၀ ကြာလေ့ရှိပြီး ရောဂါအခြေအနေတွင် တစ်ပတ် (၃ ရက်မှ ၆ ရက်) အတွင်းသာကြာမြင့်တော့သည်။ Keratinocytes ဟုခေါ်သော ဆဲလ်များသည် ဆဲလ်ပွားရာ၌ မူမဟန်ခြင်းများကို တွေ့ကြုံရပါသည်။
Step 3
3/ အရေပြားအလွှာတွင် ရောင်ရမ်းခြင်း
အလွန်ပြင်းထန်သော အခြေအနေများတွင် နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပွားနှုန်းမြင့်မားခြင်း

Immunity

အကြေးခွံတွေဖြစ်လာခြင်းသည် (SD) နှင့် ဂျွတ်ပွေးနာ ရောဂါနှစ်မျိုးနှင့် သက်ဆိုင်ပါသည်။
1. Seborrhoeic dermatitis တွင် အကြေးခွံများသည် ဗောက်များကဲ့သို့ Malassezia ဟုခေါ်သောမှိုရောဂါကြောင့် ဖြစ်လေ့ရှိပါသည်။

Cold

2. ဂျွတ်ပွေးနာ တွင်မူ မှိုရောဂါကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်ဆိုင်ရာ လက္ခဏာများ၊ မျိုးရိုးဗီဇများကြောင့် ဖြစ်လေ့ရှိပါသည်။

သင်၏ဆံသားနှင့်ဦးရေပြားကို တစ်ပတ်တွင် ၂ ကြိမ် မှ ၃ ကြိမ် အောက်ပါပါဝင်ပစ္စည်းများပါသည့် 
နူးညံ့ပျော့ပျောင်းသော ရှန်ပူဖြင့် လျှော်ပါ။

  • မှိုရောဂါကာကွယ်သည့် ပါဝင်ပစ္စည်းများ
  • ဗောက်ထခြင်းကို နှိမ်နင်းပြီး ဆဲလ်ပွားခြင်းကို ပုံမှန်ဖြစ်စေသော ပါဝင်ပစ္စည်းများ
  • ယားယံခြင်းကို သက်သာစေသော ပစ္စည်းများ

စက်ဝိုင်းကဲ့သို့ညင်သာစွာနှိပ်ပေးပါ။

  1. သင့်ဆံသားကို သေချာစွာဆေးကြောပါ။ 
  2. သင့်ဆံသားကို ဂရုစိုက်၍အခြောက်ခံပါ။ အကယ်၍ dryer အသုံးပြုပါက သင့်ဦးရေပြားကို ထိခိုက်မှု မရှိစေရန် အလွန်ပူသောလေများ အသုံးပြုခြင်းမှ ရှောင်ရှားပါ။
  3. သင့်ဦးရေပြားကို ကုတ်ခြင်းများ မပြုလုပ်ပါနှင့်။ သို့မှသာ အခြေအနေပိုမဆိုးရွားမည်ဖြစ်ပါသည်။ သင့်တော်သော ဆေးဘက်ဆိုင်ရာ ရှန်ပူများသည် ဦးရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါသည်။

သင့်ဆံသားနှင့်ဦးရေပြားကို တစ်ပတ်အတွင်း အကြိမ်များစွာ အောက်ပါပါဝင်ပစ္စည်းများပါသည့် 
အလွန်ခံနိုင်စွမ်းမြင့်မားသော ဆေးဘက်ဆိုင်ရာ ရှန်ပူဖြင့် လျှော်ပါ။

  • စေးကပ်သော အဖတ်များကို နှိမ်နင်းမည့် keratolytic ပါဝင်ပစ္စည်းများ
  • ယားယံခြင်းကို သက်သာစေသော ပါဝင်ပစ္စည်းများ
  • ခြောက်သွေ့သောနေရာများတွင် အစိုဓာတ်ဖြည့်ပေးသည့် ပစ္စည်းများ

စက်ဝိုင်းကဲ့သို့ညင်သာစွာနှိပ်ပေးပါ။

  1. သင့်ဆံသားကို သေချာစွာဆေးကြောပါ။ 
  2. သင့်ဆံသားကို ဂရုစိုက်၍အခြောက်ခံပါ။ အကယ်၍ dryer အသုံးပြုပါက သင့်ဦးရေပြားကို ထိခိုက်မှု မရှိစေရန် အလွန်ပူသောလေများ အသုံးပြုခြင်းမှ ရှောင်ရှားပါ။
  3. သင့်ဦးရေပြားကို ကုတ်ခြင်းများ မပြုလုပ်ပါနှင့်။ သို့မှသာ အခြေအနေပိုမဆိုးရွားမည်ဖြစ်ပါသည်။ သင့်တော်သော ဆေးဘက်ဆိုင်ရာ ရှန်ပူများသည် ဦးရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါသည်။

သင့်ဆံသားနှင့် ဦးရေပြားကို အောက်ပါ ပါဝင်ပစ္စည်းများပါသည့် အလွန်ခံနိုင်စွမ်းမြင့်မားသော ဆေးဖက်ဆိုင်ရာ ရှန်ပူဖြင့် လျှော်ပါ။

  • မှိုရောဂါ ကာကွယ်ပေးသည့် ပါဝင်ပစ္စည်းများ
  • ဗောက်ထခြင်းကို နှိမ်နင်းပြီး ဆဲလ်ပွားခြင်းကို ပုံမှန်ဖြစ်စေသော ပါဝင်ပစ္စည်းများ
  • သင့်ဦးရေပြားယားယံခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေသော ပါဝင်ပစ္စည်း

ရှန်ပူကို တစ်ပတ် ၂ ကြိမ် အထိ ၁၅ ရက်မှ ၂၁ ရက်အကြာ အသုံးပြုသင့်ပါသည်။ ထို့နောက် ကာကွယ်မှုဖြင့် တစ်ပတ်တစ်ကြိမ်ပျော့ပျောင်းသော ရှန်ပူဖြင့် တစ်လှည့်စီအသုံးပြုပါ။
ရှန်ပူကို သင့်ဦးရေပြားပေါ်တွင် အထူးသဖြင့် အဖတ်များဖြစ်ပွားရာနေရာတွင် မိနစ်ပိုင်းလောက်ထားပါ။ ရှန်ပူသည် ခရင်မ်အမျိုးအစားဖြစ်ပါက ၎င်း၏ပါဝင်ပစ္စည်းများသည် မျက်လုံးထဲသို့ စိမ့်ကျခြင်းမရှိပါ။
စက်ဝိုင်းကဲ့သို့ညင်သာစွာနှိပ်ပေးပါ။
သင့်ဆံသားကို သေချာစွာဆေးကြောပါ။ 
သင့်ဆံသားကို ဂရုစိုက်၍အခြောက်ခံပါ။ အကယ်၍ dryer အသုံးပြုပါက သင့်ဦးရေပြားကို ထိခိုက်မှု မရှိစေရန် အလွန်ပူသောလေများ အသုံးပြုခြင်းမှ ရှောင်ရှားပါ။
သင့်ဦးရေပြားကို ကုတ်ခြင်းများ မပြုလုပ်ပါနှင့်။ သို့မှသာ အခြေအနေပိုမဆိုးရွားမည်ဖြစ်ပါသည်။