Normal hair and scalp

ကျွန်ုပ်တို့ ဦးရေပြားပေါ်တွင် ဆံသား ၁၀၀,၀၀၀ နှင့် ၁၅၀,၀၀၀ (အနီရောင်ဆံသားပိုင်ရှင် များတွင် ၂၀၀,၀၀၀ ခန့်ထိ) ရှိကြပါသည်။ ဆံသားတစ်ခုတွင်  ဆံပင်အရင်း နှင့် ဆံပင်ချောင်း ဟူ၍ အစိတ်အပိုင်း ၂ မျိုးခွဲခြားနိုင်ပါသည်။ ဆံသားကို keratin နှင့် melanin (သဘာဝအရောင်ကို ပေးစွမ်းနိုင်သော pigment) တို့ဖြင့်ဖွဲ့စည်းထားပါသည်။ ဆံသားကြီးထွားမှုသည် ဆံပင်ချောင်း များစွာပွားများလာပြီး တွန်းတင်ခြင်းခံရကာ shaft အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့ဖြစ်၍ ဦးရေပြားသည် ကျန်းမာခြင်းနှင့် ဆံသားရှင်သန်ရန် လိုအပ်သော အာဟာရဓာတ်ကို ပေးစွမ်းနိုင်ဖို့အလွန်ပင် အရေးကြီးပါသည်။

ဆံသားဖွံ့ဖြိုးမှု အဆင့်ဆင့်ရှိပါသည်။

Step 1

1/ the anagen phase

အချိန်ကာလအားဖြင့် ၃ နှစ် မှ ၇ နှစ်အထိခံပြီး ဆံသားသည် ၁ ပတ်လျှင် ၂ မီလီမီတာနှုန်းကြီးထွားပါသည်။

Step 2

2/ the catagen phase

အချိန်ကာလအားဖြင့် တိုတောင်းပြီး ၁ ပတ် မှ ၂ ပတ်ထိသာခံကာ ဆံသားသည်ကြီးထွားမှုရပ်သွားပြီး သေဆုံးလေ့ရှိကြသည်။

Step 3

3/ the telogen phase

အချိန်ကာလအားဖြင့် ၃ လ ကြာပြီး သေဆုံးသွားသော ဆံသားများသည် မကျွတ်ကျမီ ဦးရေပြားပေါ်တွင် ကပ်တွယ်နေကြသည်။ ဤအချိန်ပမာဏသည် ဆံသားဆဲလ်များ အဖြစ်သို့ပြန်သွားပြီး နောက်တဖန် အသစ်ပြန်လည်ရှင်သန်ရန် လိုအပ်သော အချိန်ပမာဏဖြစ်သည်။ Bulb တစ်ခုစီ အနေဖြင့် တစ်သက်တွင် ၂၀ မှ ၂၅ hair shaft ထုတ်လုပ်လေ့ရှိသည်။

ညီမျှမှုပြဿနာများကို ဆံသားပေါ်တွင် တွေ့မြင်နိုင်သော်လည်း အမှန်ပင်စင်စစ်တွင် ဦးရေပြားပေါ်တွင် သက်ရောက်လျက်ရှိသည်။


လူများသည် အဓိကအားဖြင့် စပ်ခြင်း၊ ယားယံခြင်း၊ သက်တောင့်သက်သာမရှိခြင်း၊ ပူလောင်ခြင်း၊ နီမြန်းခြင်း အစရှိသဖြင့် ခံစားရလေ့ရှိသည်။ ၎င်းတို့ကိုဖြစ်စေသော အရာများမှာ အပူ၊ အ‌အေး၊ ညစ်ညမ်းမှုများ၊ စိတ်ခံစားမှုများ၊ ခြောက်သွေ့သော သို့ စိုစွတ်သော လေ၊ ရေ၊ ရှန်ပူ တို့ဖြစ်ပါသည်။ ထိုသို့ ဦးရေပြားမခံမရပ်ဖြစ်ရာမှ ကြာလာသောအခါ အရေပြားဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။ တခါတရံ ဦီးရေပြားကို အန္တရာယ်ပေးနိုင်သော ပစ္စည်းများပါဝင်သည့် ရိုးရာရှန်ပူများကို အသုံးပြုသောအခါ ထိုရှန်ပူတို့သည် ဦးရေပြား၏ အဆီနှင့် ရေအလွှာကို ပြောင်းလဲစေပြီး အရေပြားအကာကွယ်ကို မညီမမျှဖြစ်စေပါသည်။ အဆိုပါ ပြဿနာများ၏ နောက်ဆုံးရလဒ် အနေဖြင့် ရေသည် အလွယ်တကူ ငွေ့ပျံသွားပြီး အရေပြား ပိုမိုခြောက်သွေ့ကာ ပြင်ပအန္တရာယ် များဝင်ရောက်လာပြီး မခံမရပ်နိုင်ဖြစ်ခြင်း၊ ယားယံခြင်း၊ တင်းရင်းခြင်း၊ မသက်မသာဖြစ်ခြင်းတို့ ဖြစ်ပွားလေ့ရှိပါသည်။


၎င်းတို့သည် လေးလံပြီး ထုထည်မရှိကာ အပြင်၌ အဆီများကို တွေ့ရလေ့ရှိသည်။ ၎င်းဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ပုံမှန်မဟုတ်ဘဲ အဆီလွန်ကဲစွာ ထုတ်နေခြင်းကြောင့် သည်များစွာသော အဆီများသည် ဆံသားအမြစ်တွင် သွား‌ရောက်စုနေသောကြောင့်ဖြစ်ပါသည်။ ဆံသားကို ကြည့်ပါက လေးလံပြီးပြားနေကာ တခါတရံ ညစ်ပေလျက်ရှိသည်။ အဆီများသည် လေထုထဲရှိ အညစ်အကြေးများကို ကပ်တွယ်ထားပြီး ဆံသားကို စေးကပ်စေပါသည်။


ဆံသားသည် ခြောက်သွေ့ပြီး ထိခိုက်လွယ် ကျွတ်လွယ်လေ့ရှိပါသည်။ ဆံသားပုံစံသွင်းရာ၌ ခက်ခဲလေ့ရှိပြီး ဆံသားအဆုံး၌ ၂ ခွဖြစ်လေ့ရှိပါသည်။ ခြောက်သွေ့သော ဦးရေပြားကြောင့် ခြောက်သွေ့သော ဆံသားဖြစ်လာသည်။ ထိုသို့ဖြစ်လာခြင်းမှာ အဆီလုံလောက်မှုမရှိသော ကြောင့်ဖြစ်သည်။ လူတစ်ချို့တွင် မွေးရာပါအဆီထွက်ရှိမှုနည်းပါးသောကြောင့်ဖြစ်စေ ပြင်ပမှ အရာများဖြစ်သည်။ နေ၊ လေ၊ ပင်လယ်၊ ညစ်ညမ်းမှု၊ ဆံသားဖြေင့်ခြင်း၊ ကောက်ခြင်း၊ အရောင်ဆိုးခြင်း၊ အရောင်ချွတ်ခြင်းတို့ကြောင့်ဖြစ်စေ အရေပြားအကာကွယ်ဆုံးရှုံးသွားပြီးရေဓာတ်ဆုံးရှုံးမှုမြန်ကာ ခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ကျွတ်လွယ်ခြင်းတို့ဖြစ်လေ့ရှိသည်။ ရေဓာတ်လုံလောက်စွာ မရှိသောကြောင့် ဆံသားပုံစံသွင်းရာ၌ ခက်ခဲလေ့ရှိပြီး ဆံသားသေခြင်း ဖြစ်သွားတတ်ပါသည်။

ကျွန်ုပ်ဆံသားကို သန့်ရှင်းအောင်ဘယ်လိုထိန်းသိမ်းမလဲ?

မည်သည့်ဆံသားအမျိုးအစားမဆို hydrolipidic အလွှာကို ထိခိုက်မှုမရှိစေပဲ သန့်စင်ပေးဖို့လိုအပ်ပါသည်။ Detergent မပါသော ရှန်ပူသာလျှင် ဆံသား၏ ဇီဖြစ်စဉ်ကို ထိန်းညှိပေးပါသည်။ သို့ဖြစ်၍ သင်သည် ဦးထုပ်ဆောင်းသည်ဖြစ်စေ၊ ပင်ပင်ပန်းပန်း အားကစားပြုလုပ်ထားသည်ဖြစ်စေ၊ ညစ်ညမ်းမှုမြင့်မားသော နေရာများတါင် နေထိုင်သည်ဖြစ်စေ နေ့တိုင်း ဆံသားကို လျှော်သင့်ပါသည်။ ထို့ကြောင့် မှန်ကန်သော detergent မပါဝင်သော ရှန်ပူကို ရွေးချယ်ဖို့ အလွန်အရေးကြီးပါသည်။ အချို့သော ဆေးဖက်ဆိုင်ရာသုံး ရှန်ပူတို့တွင် detergent များ မပါတတ်ပါ။

 

 

ပုံမှန်မဟုတ်သောဆံသားကျွတ်သည့်လက္ခဏာများ

နေ့စဉ်ဆံပင် အပင် ၁၀၀ အောက်ကျွတ်ခြင်းသည် ပုံမှန်ဖြစ်ပါသည်။ အကယ်၍ ထိုထက် များများကျွတ်ပါက သင့်၏ ဆံသား အခြေအနေကို ပြန်လည်သုံးသပ်သင့်ပါသည်။ မျိုးရိုးဗီဇ ကြောင့် ဆံပင်ကျွတ်ခြင်း (ထိပ်ပြောင်ခြင်း) များမရှိပါက အလွန်အမင်းဆံပင်ကျွတ်ခြင်းသည် အောက်ပါအကြောင်းများကြောင့်ဖြစ်လေ့ရှိသည်။

Body areas

ခဏတာအခြေအနေများ

စိတ်ဖိစီးမှုများ၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ်ဝန်ဆောင်ခင်း၊ ရာသီဉတုအပြောင်းအလဲ၊ အာဟာရဓာတ်ချို့တဲ့မှု ( iron, silicon, B group vitamins, zinc, essential fatty acids, sulphur-containing amino acids, trace elements)၊ ဟော်မုန်းပြဿနာများ

Pollution

ပြင်ပမှ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ

(ခမောက်ဝတ်ထားရလေ့ရှိသည့်အလုပ်အကိုင်များ)၊ ဓာတုဆိုင်ရာ ဖိစီးမှုများ (ညစ်ညမ်းမှုများ၊ ဆံသားဆိုးဆေးနှင့်ကောက်ဆေးများ အလွန်အကျွံအသုံးပြုခြင်း၊ အလွန်ပူသော ဆံသားအခြောက်ခံပစ္စည်း ၊ အဆီပြန်ဆံသားအတွက် အန္တရာယ်ဖြစ်စေသော cosmetic ပစ္စည်းများ၊ ရောဂါများ (မှိုရောဂါ) သို့မဟုတ် ကပ်ပါးကောင်များ ဝင်ရောက်ခြင်း (lice)။


အထက်ပါအချက်များသည် ဆံသားအပေါ်တွင် ဆိုးကျိုးများကို မလွဲမသွေ ပေးစွမ်းလေ့ရှိသည်။
အာဟာရဆိုင်ရာဖြည့်တင်းမှုများသည် ဆံသားအတွက် ကောင်းကျိုးသက်ရောက် နိုင်ပါသည်။ သို့ဖြစ်၍ ကောင်းမွန်သော အရည်အသွေးရှိသည့် ဆံသားအတွက်လိုအပ်သော ပရိုတိန်းဓာတ် များထုတ်လုပ်မှု hyperseborrhoea ကိုတားဆီးနိုင်မှု၊ ဆံသားကြီးထွားမှုကို အားပေးနိုင်သည်။ အာဟာရဓာတ်ဆိုင်ရာ ဖြည့်တင်းမှုများကို ပြုလုပ်သင့်ပါသည်။ အကယ်၍ သင်သည် ကြာရှည်စွာဆံသားကျွတ်ခြင်း သိသာထင်ရှားနေပါက အရေပြားဆိုင်ရာ အထူးကုများဖြင့် သွားရောက်ဆွေးနွေးပါ။

Woman taking medication

Too much sebum pore

ဆံသားအဆီပြန်ခြင်းသည် ဦးရေပြားပေါ်ရှိ အဆီဂလင်းများမှ အဆီထုတ်လုပ်မှု များသောကြောင့်ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို hyperseborrhoea ဟုခေါ်သည်။ ၎င်းဖြစ်စဉ်အပြင်

  • အဆီအရည်အသွေးပြောင်းလဲသွားခြင်း၊ အဆီများကျဲသွားပြီး ပိုမိုစီးဆင်းသွားပြီး အလွယ်တကူ hair shaft သို့ရောက်သွားခြင်း
  • သုံးရေများတွင် ပါဝင်သည့် calcium ဓာတ် နှင့် sebum တို့ထိတွေ့ပြီး calcium salt များဖြစ်ပေါ်လာခြင်း၊ ၎င်းတို့သည် ဆံသားကို လေးလံစေပြီးတောက်ပစေပါသည်။

 

Note

ထို့အပြင် မကြာခဏခေါင်းလျှော်ခြင်း နှင့် ချွတ်ဆေးအပြင်းစား ပါဝင်သော ရှန်ပူများကို လွန်ကဲစွာ အသုံးပြုခြင်းတို့သည်လည်း hyperseborrhoea ကို လှုံ့ဆော်ပေးပါသည်။ ခဏခဏ သန့်စင်ခြင်းကြောင့် အဆီများဖယ်ရှားသွားသော်လည်း အဆီကလင်းများသည် အဆီများကို လိုအပ်သည်ထက် ပိုမိုထုတ်လုပ်နိုင်ကာ ဆံသားနှင့် ဦးရေပြားတို့ကို ပိုမိုအဆီပြန်စေ ပါသည်။

  • သင့်တင့်မျှတပြီးကျန်းမာသော အများအားဖြင့် အသီးအရွက် cereals နှင့် essential fatty acids၊ sulphur ပါဝင်သော amino acids၊ zinc နှင့် vitamin B ပါဝင်သော (အခွံပါငါးများ၊ အသည်း၊ ဥ အဆီနှင့် ဒိန်ချဉ်တို့ကို စားသုံးပါ။ 
    ဖိအားကင်းစင်သော ဘဝကို ရွေးချယ်ပါ။ အနားယူပါ။
    ဖြည့်စွက်စာများကို စားသုံးပါ။
Woman eating healthy food

သင်၏ ခေါင်းလျှော်ရည်ကို မသုံးစွဲမီ သင်၏ ဦးရေပြားကို လည်ပင်းမှ ဦးခေါင်းထိ နှိပ်နယ်ပါ။ ၎င်းသည် သွေးလည်ပတ်အားကောင်းမွန်စေခြင်းအားဖြင့် ဆံပင်ကို တိုးတက်စေရုံသာမက ခေါင်းလျှော်ရည်၏ လုပ်ဆောင်မှုကိုပါ ကောင်းမွန်စေသည်။ သင့်ဦးရေနှင့် ဆံပင်အတွက် သင့်လျှော်သော ခေါင်းလျှော်ရည်ကို အသုံးပြုပါ။
ခေါင်းနေ့စဉ်လျှော်မည်ဆိုပါက ချွတ်ဆေးမပါဝင်သော ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။ ဆရာဝန်၏ ညွှန်ကြားမှုဆိုပါက ဆေးပညာရှင်၏ အကြံပြုချက်ကို လိုက်နာပါ။ ဆံပင်ကို ရေနွေးဖြင့်ဆေးပါ။ ဆံပင်ကိုလျှော်ခြင်းထက် ရေဆေးခြင်းကို ပိုမိုအသုံးပြုပါ။

Bioderma - woman cleansing her back

  • ဆံပင်ကို ဂရုတစိုက်ခြောက်သွေ့စေပါ။ လေမှုတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး နွေးသောလေကို အသုံးပြုပါ။ အလွန်ပူသော လေကို အသုံးပြုခြင်းသည် ချွေးနှင့် အဆီထုတ်ခြင်းကို အားပေးပြီး ဆံသားသေခြင်းကို ဖြစ်စေသည်။ ညင်သာစွာဖီးပါ။ ဦးရေနှင့် ဆံပင်အား မထိခိုက်အောင် ညင်သာစွာဖီးပါ။ ၎င်းသည် ဖုန်မှုန့်များကို ကင်းစေပြီး ဆံသားရှုပ်ခြင်းကိုကာကွယ်ပေးသည်။ သဘာဝပစ္စည်းမျးနှင့် လုပ်ထားသော ဘီးကို အသုံးပြုပြီး မကြာခဏ ဆပ်ပြာနှင့်ဆေးပေးပါ။ 
Woman with hair in the wind