ထိခိုက်လွယ်သော (သို့) ဓာတ်မတည့်ဖြစ်လွယ်သော အသားအရေ
ဤအသားအရေအမျိုးအစားတွင် အရေပြား၏ တုံ့ပြန်မှုကို တွေ့မြင်နိုင်ပါသည်။ အရေပြား မသက်မသာဖြစ်ခြင်း၊ တင်းရင်းခြင်း၊ အသားအရေပူလောင်ခြင်းကို ခံစားရခြင်း၊ နီမြန်းခြင်း အစရှိသည် တို့သည် ထိခိုက်လွယ်သော (သို့) ဓာတ်မတည့်ဖြစ်လွယ်သော အသားအရေတို့တွင် တွေ့ရလေ့ရှိသည့် လက္ခဏများဖြစ်ပါသည်။ အသားအရေထိခိုက်လွယ်ခြင်းသည် သင့်အရေပြား၏ ခံနိုင်အား လျော့ကျခြင်းနှင့် အားနည်းသော အရေပြားအကာအကွယ်ကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ သင့်အရေပြားသည် ခန္ဓာကိုယ်တွင်းနှင့် ပြင်ပဒဏ်များကို ပိုမိုခံစားရပြီး ထိခိုက်လွယ်စေပါသည်။ ဤအသားအရေတွင် တိကျသော မော်လီကျူးတခုခုကြောင့် ဖြစ်တတ်သော အလက်ဂျစ်အသားအရေနှင့် ခွဲခြားသိမြင်ဖို့ လိုအပ်ပါသည်။