Red, Scaly Skin

Seborrhoeic dermatitis သည် မျက်နှာ နှင့်ဦးရေပြားတွင် အဓိကတွေ့ရသော ရောင်ရမ်းပြီး အကြေးဖတ်ဖြစ်သော အခြေအနေကို ခေါ်သည်။ မျက်နှာပေါ်တွင် အဆီပြန်သောနေရော၌ အဓိကဖြစ်သည်။ (အဆီဂလင်းများစွာရှိသောနေရာ) နှာခေါင်းတောင်ပံ ၂ ချက်ကြား၊ ရယ်လိုက်လျှင်ပေါ်လာသော smile line ၊ nasolabial folds တစ်လျှောက်၊ မျက်ခုံး ၂ ခုကြား၊ မျက်ခုံးတဝိုက်၊ နားအနောက်ဖက်ကြားလိုင်းနေရာ အမွှေး၏ထွက်သောနေရာများ၊ မျက်ခွံနှင့် မျက်ခမ်းစပ်နေရာကြောင့် (blepharitis ဖြစ်ခြင်း) နှင့် ဆီးခုံတဝိုက် အမွှေးထွက်သောနေ

Dandruff and scales

ရာ၊ အမျိုးသားများတွင် မုတ်ဆိတ်နှင့် ရင်ဘတ်ပိုင်းများတွင်လည်းတွေ့ရသည်။
ဦးရေပြားတွင် အကြေးခွံ အဖတ်များသည် ဝါကျင့်ကျင့်အရောင် နှင့် အဆီအညစ်အကြေးထေးနေသောပုံစံ၊ သို့သော် ဦးရေပြား နှင့် ကပ်လျှက်မရှိနေပါ။ Hairline တလျှောက်မှ နဖူးထိဖြစ်တတ်သည်။ ပိုမိုလေ့လာသိရှိရန် ဤ “dandruff and scales” နေရာတွင်လေ့လာပါ။ Seborrhoeic dermatitis သည် အချိန်အပိုင်းအခြား အလိုက်ဖြစ်တတ်ပြီး လုံးဝပျောက်ကင်းသွားနိုင်သလို မပျောက်ပဲလည်း ကျန်ရှိနေတတ်သည်။ ရာသီဥတုနှင့် စိတ်ဖိစီးမှုပေါ်မူတည်၍ ထပ်မံပြန်လည်ဖြစ်ပေါ်တတ်သည်။ ဆောင်းရာသီတွင် ပိုဆိုးတတ်သည်။ လက္ခဏာရပ် တွေ့ရပုံခြင်း မတူညီကြပေ။ သို့သော် ယေဘုယျအားဖြင့် ယားယံခြင်း နှင့် အရေပြားပူစပ်စပ်ဖြစ်ခြင်း တွေ့ရလေ့ရှိသည်။

ဘယ်လိုအရာတွေက Seborrhoeic Dermatitis ကို ဖြစ်စေနိုင်လဲ။

တချို့သောအချက်များကြောင့် seborrhoeic dermatitis ရုတ်တရက်ဆိုသလို ဖြစ်နိုင်သည်။ လက္ခဏာရပ်များမှာ လူငယ်လူရွယ်တွေမှာလည်းတွေ့ရတတ်သည်။ 
ဖြစ်စေသောအကြောင်းရင်းခံများမှာ :

Sebaceous gland
အဆီပမာဏ
Immunity
Malassezia yeast (fungi) ဟုခေါ်သော မှိုရောဂါတစ်မျိုးသည် လူ့အရေပြားပေါ် အညစ်အကြေးဆဲလ်သေ များတွင် ရှင်သန်နေထိုင်ကြပြီး ခုခံအားစနစ်မှ ပြန်လည်တိုက်ခိုက်ပေးသောအခါ အရေပြားရောင်ရမ်းခြင်း ဖြစ်လာရသည်။

သို့ဖြစ်၍ seborrhoeic dermatitis သည် အချိန်ကြာမြင့်စွာတည်ရှိနိုင်ခြင်း၊ မျက်နှာနီမြန်းခြင်း နှင့် အကြေးဖတ် နှင့်/သို့မဟုတ် ဗောက်ရှိခြင်းတို့ကြောင့် ဤကဲ့သို့အရေပြားရောဂါရှိသူများသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ခြင်းများ ဖြစ်လာရသည်။ (ယားယံခြင်း၊ ပူလောင်ခြင်း၊ စသဖြင့်)

 

ဂျွတ်ပွေးနာရောဂါ  ကို ဘယ်လိုတွေ့ရမလဲ?

Psoriasis သည် နာတာရှည်ရောဂါဖြစ်ပြီး ကူးစက်တတ်သောရောဂါမဟုတ်ပေ။ လူဦးရေ၏ ၂ မှ ၃ % တွင် တွေ့ရတတ်သည်။ အသက်အရွယ်မရွေး တွေ့ရတတ်သည်။ အဓိကဖြစ်စေသော အကြောင်းအရာမှာ မျိုးရိုးဗီဇကြောင့် ဖြစ်ပြီး တဖြည်းဖြည်း ပေါ်လာတတ်သည်။
အနီရောင်အကွက်ပုံစံဖြင့် တွေ့နိုင်ပြီး အဖြူရောင်အကြည် ကြေးခွံအဖတ်ဖုံးထားသော ပုံစံအားဖြင့် တွေ့မြင်နိုင်သည်။ ကျန်းမာသောအရေပြားနှင့် ယှဉ်လျှင် သိသိသာသာကွဲပြားနေမည်။ ပုံမှန်အားဖြင့် တံတောင်ဆစ်နှင့် ဒူးခေါင်းနေရာများ (ထိုနေရာများသည် ပွတ်တိုက်မှုများသောကြောင့်)။ သို့သော်လည်း နေရာမရွေးဆိုသလိုလည်း တွေ့နိုင်သည်။ ဦးခေါင်းနေရာဆိုလျှင် နောက်စေ့နေရာတွင် တွေ့ရအများဆုံး ဖြစ်သည်။ အရေပြားပေါ်တွင်ဆိုလျှင် ကြားနေရာများ (ပေါင်ကြား၊ ချိုင်ကြား၊ စသဖြင့်)။ ၎င်းကို ပြောင်းပြန် psoriasis ဟုခေါ်ပြီး scale ပုံစံဖြင့် သိပ်မတွေ့ရပေ။ လက်သည်း (ထူခြင်း၊ ချိုင့်ခြင်း နှင့် ပုံပျက်ခြင်း) ကိုလည်း တခါတရံတွေ့ရတတ်သည်။
အရေပြားပေါ်တွင် "အစက်ပုံစံ" အကွက်များ (သို့) ပြည်တည်နာပုံစံနီမြန်းခြင်းဖြင့်လည်း ရံဖန်ရံခါတွေ့ရတတ်သည်။
အရေပြားကြားနေရာများတွင် ယားယံခြင်းနှင့် ပူနေခြင်းကို ခံစားရတတ်သည်။ Psoriasis သည် လူနေမှုဘဝကို ဆိုးရွားစွာထိခိုက်စေတတ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ပြင်လုံး ပျံ့နှံ့ပုံစံ (သို့) ထင်ပေါ်သော (သို့) မမြင်သာသောနေရာ စသဖြင့် အမျိုးမျိုးဖြစ်တတ်သောကြောင့် ဖြစ်သည်။

Scratching

အရေပြားကိုထိခိုက်စေရုံမျှမက အကြောအဆစ်ဆိုင်ရာ ပြဿနာရပ်များလည်း ဖြစ်စေတတ်သည်။ ၂၅% သောသူများတွင် အရေပြား ထိခိုက်မှုနှင့် တွေ့ရတတ်သည်။ အကြောအဆစ်ဆိုင်ရာ ထိခိုက်နေရာဆိုလျှင် ပင်မကြောရိုး (သို့) လက်ဆစ်ခြေဆစ်များ ထိခိုက်ခြင်းတို့ဖြစ်တတ်သည်။

ဂျွတ်ပွေးနာရောဂါ  ကို ဘယ်သူတွေမှာတွေ့ရလဲ?

အမျိုးသား၊ အမျိုးသမီး၊ အရွယ်အမျိုးမျိုးတွင် တွေ့ရနိုင်သည်။ သို့သော် ‌ဝေဒနာခံစားရသူ ၃ ပုံ ၁ ပုံတွင် အသက် ၂၀ နှင့် ၄၀ ကြားတွင် မကြာခဏပေါ်လာလေ့ရှိသည်။

 

ဘာတွေက ဂျွတ်ပွေးနာရောဂါ  ကို ဖြစ်စေသလဲ?

မိသားစု တစ်စု၏ ၃၀ မှ ၄၀% ဖြစ်လေ့ရှိတတ်သည်။ ကူပြောင်းတတ်ပုံသည် မျိုးရိုးဗီဇ အမျိုးမျိုးပေါ်မူတည်ပြီး လူ့ခန္ဓာကိုယ်လုံး အတွင်းအင်္ဂါရပ်များအထိ မဖြစ်တတ်ပါ။

အရေပြားပေါ်တွင် တွေ့ရပုံ အသစ်သစ်သော အရေပြားအပေါ်ယံလွှာ လွန်စွာ ဖွဲ့စည်း ဖြစ်ပေါ်လာမှုကြောင့် အကွက်များဖြစ်လာတတ်သည်။ ထို့အတွက် ဖြစ်စေသော အကြောင်းအရာများမှာ 
 

Sun
ရာသီဥတုအပြောင်းအလဲ (အထူးသဖြင့် အေးသောရာသီ)
Microbiomy
ရောဂါပိုးဝင်ရောက်မှု (အထူးသဖြင့် rhinopharyngeal)
Stress
စိတ်ဖိစီးမှု - အာရုံကြောလှုံ့ဆော်မှုများ ထိန်းချုပ်ခံရခြင်းကြောင့် နှင့် ၎င်းသည် လွန်စွာ တုံ့ပြန်နေခြင်း ဖြစ်သည်။
Body areas
ထိခိုက်ဒဏ်ရာများ (အပူလောင်ခြင်း၊ ပွတ်တိုက်ခြင်း နှင့် ကုတ်ခြစ်ခြင်း)
Pills
ဆေးဝါးများ (ဖန်တီးထားသော ငှက်ဖျားဆေး၊ သွေးတိုးကျဆေး၊ lithium ဆား၊ မျက်စဉ်းခပ်ဆေးတချို့၊ စသဖြင့်)
ထိုဆေးဝါးများနှင့် ဆရာဝန်တို့အကျွမ်းတဝင်ရှိပြီး သက်ဆိုင်ရာပြဌန်းချက်များ မရှိပါက ကုသမှု ရပ်တန့်လိုက်ခြင်းများ လုပ်ဆောင်ရန် မလိုအပ်ပါ။
Doctor with patient - Prescription

တချို့သော ရောဂါများဖြစ်သော ဇီဝဖြစ်စဉ်ရောဂါများအစုအဝေး (အဝလွန်ခြင်းရောဂါလက္ခဏာ၊ သွေးတွင်းအဆီဓာတ်များခြင်း သွေးတွင်းအချိုဓာတ်များခြင်း၊ သွေးတိုးခြင်း) ကို psoriasis ဝေဒနာရှင်များတွင် တွေ့ရတတ်သည်။ အရက်အလွန်အကျွံသောက်ခြင်း နှင့် ဆေးလိပ်သောက်ခြင်းလည်း ပါဝင်သည်။

နီမြန်းခြင်းနှင့် အကြေးဖတ်ဖြစ်ခြင်းဖြစ်ပါက ရောဂါအမည်တပ်နိုင်ရန် အရေပြားအထူးကုပညာရှင်များထံမှ အကြံဉာဏ်ရယူပါ။ သို့မှသာ seborrhoeic dermatitis ၊ ဂျွတ်ပွေးနာရောဂါ  (သို့) အခြားရောဂါတစ်ခုခုဟူ၍ ရောဂါအမည်တပ်နိုင်မည်။

Doctor with a patient in a medical office

အချို့သောလူနာများတွင် မည်သည့်အရာက seborrhoeic dermatitis ဖြစ်ကြောင်း ဆရာဝန်မှ ရှာဖွေမှုပြုမည်။ အများစုတွင် သင့်တင့်လျောက်ပတ်သော မှိုသတ်ဆေး ညွှန်းသည်ကို တွေ့ရမည်။ ဤရောဂါတွင် အရေပြားကို မထိခိုက်စေသော ထုတ်ကုန်များသုံးရမည်။ Seborrhoeic dermatitis သည် အချိန်ကြာမြင့်စွာဖြစ်နိုင်ပြီး ပြန်လည်ထပ်မံပေါ်နိုင်ခြင်းကို နားလည်၍ ရေရှည်ထိန်းကုသမှုများ လိုအပ်သည်ကို လက်ခံရမည်။ မှိုသတ်ဆေးကို ခေါင်းလျှော်ရည်နှင့် ခရင်မ်များတွင် အသုံးပြုလာကြပြီး တချို့ lithium ဂျယ်လ်ပုံစံနှင့်လည်း မျက်နှာတွင်အသုံးပြုကြသည်။ Cortisone ပါသောထုတ်ကုန်များကို ရှောင်သင့်သည်။ ၎င်းသည် ချက်ချင်းသက်သာစေနိုင်သော်လည်း အရေပြားတုံ့ပြန်မှုကို များစေပြီး ဆေးကိုလည်း ထိန်း၍ပေးရမည်။

Doctor with a patient in a medical office

ဆရာဝန်သည် ပထမဆုံး  ဂျွတ်ပွေးနာရောဂါ  အခြေအနေကို အရင်ဆုံးလေ့လာပြီး ၎င်း၏ အကျိုးသက်ရောက်မှုများနှင့် ဇီဝဆိုင်ရာယိုယွင်းမှု၊ အရက်နှင့်ဆေးလိပ်အလွန်အကျွံသောက်သုံးမှု၊ အကြောအဆစ်ထိသက်ရောက်နေမှု နှင့် ၎င်းကို ပိုမိုဆိုးရွားစေသောအကြောင်းအရာတခုခုတို့ကို အရင်ဆုံးစစ်ဆေးသည်။ အကွက်များကြောင့် ယားယံခြင်းကို ရပ်တန့်ရန် လိုအပ်သည်။ အရက်၊ ဆေးလိပ်ကဲ့သို့ ဘေးဥပါဒ်ဖြစ်စေသောအရာများကိုလည်း ရပ်ရမည်။
ပုံစံအမျိုးမျိုးနှင့်ကိုက်ညီသော ကုသမှုအမျိုးမျိုးကြောင့် ဂျွတ်ပွေးနာရောဂါ အများစုသည် တအားမဆိုးရွားပဲ mild to moderate အဆင့်လောက်သာရှိ‌၍ ပြင်းထန်သောကုသမှုများပြုရန်မလိုအပ်ပေ။ လိမ်းဆေးနှင့်ပင် ရောဂါထိန်းထားရန် လုံလောက်သော်လည်း ပုံမှန်အမြဲလိမ်းပေးရမည်။ ဤရောဂါသည် ရေရှည်အရေပြားဖြစ်၍ ကုသမှုရပ်လိုက်လျှင် အနာပြန်ပေါ်လာမည်။ 
လိမ်းဆေးများ corticoids နှင့် ဗီတာမင် D အနွယ်ဝင်များ ပါဝင်သည်။ ထပ်မံပြန်ဖြစ်ခြင်းကို တားဆီးရန် နေ့စဉ် အရေပြားအစိုဓာတ်လိမ်းခရင်မ်များ ပေးရမည်။ အရေပြားခြောက်ခြင်းကြောင့် အနာပြန်ကြွလာတတ်သည်။ ဦးရေပြားအကြေးဖတ်များကို keratolytic treatment (salicylic acid, urea) တို့နှင့် သက်သာလာစေသည်။
ယေဘူယျကုသမှုတွင် အရေပြားအထူးကုပညာရှင်များမှ အလင်းကုထုံပေးခြင်းပါဝင်သည်။  retinoids, methotrexate, ciclosporin and biotechnology medicines

Doctor with a patient in a medical office

SD နှင့် ဂျွတ်ပွေးနာရောဂါ  တို့သည် ကူးစက်ရောဂါမဟုတ်သည်ကို သတိရရန်အရေးကြီးသည်။ ပထမဆုံးကာကွယ်ရန် ဖြစ်စေသောအရာများကို တားဆီးပါ။ ဥပမာယား၍ကုတ်ခြင်းမှ အကြေးဖတ်များဖြစ်ခြင်း၊ ကိုယ်နှင့်မတည့်သောထုတ်ကုန်များ စသည်တို့မှ ရှောင်ရှားရန်။ အပူချိန်ပြောင်းလဲလွန်ခြင်းကိုလည်း ရှောင်ရှားရမည်။  SD နှင့် ဂျွတ်ပွေးနာရောဂါ  သည် လုံးဝပျောက်ကင်းရန်ခက်သောကြောင့် အားပေးစကားပြောခြင်းများ ပြုသင့်သည်။ ပုံမှန်ကုသမှုများပြုခြင်းဖြင့် အချိန်အတန်ကြာအောင် သက်သာစေပြီး လူနေမှုဘဝကို တိုးတက်စေသည်။

Bioderma - Woman protecting from the sun

အရေပြားအတွက် ခံနိုင်ရည်အကောင်းဆုံးသော အညင်သာဆုံးသော သက်တောင့်သက်သာဖြစ်စေသော အနံ့မပါသော ဓာတုပစ္စည်းမပါဝင်၊ surfactant တနည်းအားဖြင့် ဆပ်ပြာအပြင်းစားမပါဝင်သော ပစ္စည်းများ ရွေးချယ်၍ သန့်စင်မှုပြုပါ။ မျက်နှာအခြောက်ခံရင်လည်း ပွတ်တိုက်ခြင်းမပြုပဲ ဂရုတစိုက်ခြောက်သွေ့အောင် ပြုပါ။ ဤလင့်ဒ်မှတဆင့် SD သို့ psoriasis အတွက် ဆံပင်နှင့်ဦးရေပြားထုတ်ကုန်များအကြောင်း ပိုမိုလေ့လာပါ။

Woman washing her face with water

သင့်အရေပြားအကြေးဖတ်များဖြစ်နေလျှင် ရေဓာတ်ဖြည့်မှုသည် အရေးပါလှသည်။ အရေပြားအတွက် ခံနိုင်ရည်အကောင်းဆုံးသော အညင်သာဆုံးသော သက်တောင့်သက်သာဖြစ်စေသော အနံ့မပါသော ဓာတုပစ္စည်းမပါဝင်၊ surfactant တနည်းအားဖြင့် ဆပ်ပြာအပြင်းစားမပါဝင်သော ပစ္စည်းများ ရွေးချယ်၍ တစ်နေ့ ၁ ကြိမ် (သို့) ၂ ကြိမ် အသုံးပြုပါ။ တစ်ပတ် ၁ ရက်/ ၂ ရက် မျက်နှာအစိုဓာတ်ကောင်းစွာ ဖြည့်ပေးနိုင်သော mask ကပ်ပါ။ သက်သာလာသည်နှင့် လနှင့်ချီဆက်လက်ကုသမှုပြုရမည်။ မဟုတ်လျှင် မျက်စိနှင့် မမြင်ရသော အရေပြားရောင်ရမ်းခြင်း ကြာရှည်နေလိမ့်မည်။ သင် psoriasis ဖြစ်နေလျှင် အရေပြားခြောက်သွေ့မှုကို ထိန်းချုပ်ဖို့ လိုအပ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် ခေါင်းမှခြေအဆုံး ထိရောက်သော အရေပြားအစိုဓာတ်ထိန်းမှုပြုပါ။

Bioderma - woman applying cream on the face

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

နီမြန်းခြင်းနှင့် အကြေးဖတ်များဖြစ်ပွားလွယ်သော ထိခိုက်တုံ့ပြန်လွယ် အေရျပား

D.A.F. Patent

Sensibio DS+ Creme

နီမြန်းမှုကို လျှော့ချပေးပြီး မှိုရောဂါကြောင့် အရေပြားအကြေးဖတ်များဖြစ်ခြင်းကို သက်သာစေသည်။

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

နီမြန်းခြင်းနှင့် အကြေးဖတ်များဖြစ်ပွားလွယ်သော ထိခိုက်တုံ့ပြန်လွယ် အေရျပား

D.A.F. Patent

Sensibio DS+ Creme

နီမြန်းမှုကို လျှော့ချပေးပြီး မှိုရောဂါကြောင့် အရေပြားအကြေးဖတ်များဖြစ်ခြင်းကို သက်သာစေသည်။

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

ထိခိုက်လွယ်သောအသားအရေ

D.A.F. Patent

Sensibio Gel moussant

အရေပြား၏ သဘာဝရေဓာတ်ကို ဖြည့်တင်းပေးပြီး သက်တောင့်သက်သာဖြစ်စေသော micellar သန့်စင်ဂျယ်လ်

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

နေ့စဉ်သုံးသန့်စင်ပစ္စည်း

ထိခိုက်လွယ်သောအသားအရေ ပုံမှန်အသားရေ

Micellar technology

Sensibio H2O

မူပိုင် မြင့်မားစွာသန့်စင်ထားသောရေ၊ အရေပြားကို သက်သာစေပြီး အညစ်အကြေးနှင့် မိတ်ကပ်အန္တရာယ်မှ ကင်းဝေးစေသည်။

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်