Skin with Redness and Visible Vessels

အကြောင်းရင်းမှာ မျက်နှာပေါ်ရှိ သွေးပြန်ကြောစနစ်ပုံမှန်မဟုတ်အလုပ်လုပ်ခြင်း‌ကြောင့် ဖြစ်သည်။ နီမြန်းခြင်း (ပူခြင်း သို့ မပူခြင်း) သည် ခဏတာ သို့မဟုတ် အချိန်ကြာမြင့်စွာ ဖြစ်တတ်သည်။ အောက်ပါအချက်များက ပိုမိုဆိုးရွားစေနိုင်သည်။ 

  • အပူချိန်တက်ကျမြန်လွန်းခြင်း (ပူခြင်း၊ အေးခြင်း)
  • ပူသောစပ်သောအစားများနှင့်အရက်စသည်တို့ကြောင့်ဖြစ်ခြင်း

Rosacea and couperosis ဆိုသည်မှာ rosacea ပုံစံတစ်မျိုးပင်ဖြစ်ပြီး မျက်နှာပေါ်တွင် နီမြန်းခြင်းနှင့် မျက်စိနှင့် မြင်နိုင်သော သွေးကြောမျှင်ပုံစံများနှင့် တွေ့ရတတ်သည်။ သို့ရာတွင် ထိုပုံစံများနှင့် တွေ့ရတတ်ခြင်းသည် ၎င်းအချက်များကြောင့်သာမဟုတ်၊ တချို့သော အရေပြားဆိုင်ရာရောဂါများ သည်လည်း သွေးကြောကျယ်စေနိုင်သည့်အတွက် အလားတူပုံစံတွေ့ရတတ်သောကြောင့် နောက်ခံရောဂါရာဇဝင်ကို ရှာဖွေလေ့‌လာရန် လိုအပ်သည်။ ထို့အပြင် ဆေးကုသမှုများကြောင့် သွေးကြောကာကွယ်ခြင်းဖြစ်စေတတ်သည့် အတွက် အလားတူရောဂါလက္ခဏာများ တွေ့ရတတ်သည်။ ထိုအခြေအနေများတွင် အရေပြားအထူးကုပညာရှင်တို့၏ အကြံပြုချက်ရယူခြင်း ဆွေးနွေးမေးမြန်းခြင်းများနှင့် ကွဲပြားသိရှိနိုင်သည်။

Couperosis ဆိုသည်မှာ အရေပြားအပေါ်ယံလွှာသွေးပြန်ကြောများကွယ်နေခြင်းကိုခေါ်သည်။ ဆေးပညာအခေါ်ဝေါ်ဖြင့် ဤကဲ့သို့သွေးကြောကွယ်ခြင်းကို  telangiectasias ဟုခေါ်သည်။ 
အပေါ်ယံသွေးကြောမျှင်များ စုဝေး၍ "capillary system" ဖြစ်လာသည်။ နီကြင့်ကြင့်အရောင်ဖြင့် မျက်နှာပေါ်တွင် အတန်းလိုက်လိုင်းပုံစံများတွေ့ရတတ်သည်။ လူတစ်ဦးချင်း၏ အရေပြားပုံစံ၊ အသက်၊ အပူချိန်ပြောင်းလဲခြင်း (ခန္ဓာကိုယ်တွင်းနှင့် ပြင်ပအပူချိန်) အကြောင်းအရာများကြောင့် သွေးကြောမျှင် အစုအဝေးပုံစံကွဲပြားမှုများ ရှိတတ်သည်။ သွေးကြောမျှင်အကျယ်အဝန်းနှင့် အရောင်ပုံစံ အမျိုးမျိုးကွာခြားတတ်သည်။
အနီထင်းထင်းမှ ခရမ်းရောင် (သို့) ပြာတာတာအရောင်ထိတိုင် တွေ့ရှိနိုင်သည်။ ကောက်ကြောင်းပုံစံ ကွဲပြားတတ်သော်လည်း အနီစပ်ဆုံးတစ်ထပ်တည်းရှိတတ်သည်။ တခါတရံနှာခေါင်းပေါက်တဝိုက်၊ ယေဘူယျအားဖြင့် ပါးရိုးနှင့် ပါးတဝိုက်အများဆုံး တွေ့ရလေ့ရှိသည်။ သို့သော်လည်း မျက်နှာတပြင်လုံးဖြစ်တတ်သည်။

Woman looking at her skin in the mirror


သစ်ကိုင်းပုံသွေးကြောမျှင်များသည် ပုံမှန်မျက်စိနှင့် တွေ့ရခဲပြီး နီမြန်းမှုပိုဆိုးနေလျှင် ၎င်းကို erythrosis ဟုခေါ်သည်။ အကျိုးအကြောင်းသင့်စွာ အထက်ပါဖော်ပြချက် ၂ ခု ကွာခြားချက် အလယ်ဆုံမှတ်ကို ယေဘူယျအ‌ခေါ်အရ erythro-couperosis ဟုခေါ်သည်။ Spider angioma ကို couperosis တွင်တွဲမြင်နိုင်သည်။ ဤအရာသည် ကြယ်ပုံစံဖြာထွက်နေသော သစ်ပင်ပုံသွေးကြောမျှင် ပုံသဏ္ဍန်တွေ့မြင်နိုင်ပြီး အလယ်ဗဟို အနီစက်သည် ကြွတက်နေသောအသွင်ရှိတတ်သည်။ 
များသောအားဖြင့် couperosis သည် ရောဂါအခံနှင့်ဆက်စပ်မှုမရှိပဲ၊ တဖြည်းဖြည်းပေါ်လာတတ်ပြီး ပိုများလာတတ်သည်။ ၎င်းသည် rosacea တစ်မျိုးဖြစ်သည်။ Couperosis မဖြစ်မီ သွေးရောင်ဖြန်းခြင်း ပေါ်လာတတ်သည်။ တခြားမြင်တွေ့ရမှုများမှာ rosacea ကို နီမြန်းမှု၊ အနီစက်ငယ်များ ပုံစံဖြင့် တွေ့ရတတ်သည်။  အရက်သောက်ခြင်းကြောင့် couperosis  (သို့) rosacea မဖြစ်စေပါ။

Woman with hair in the wind
  • ပြင်ပရာသီဥတုအခြေအနေ၊ ရာသီဥတုမမှန်ခြင်း၊ နေရောင်ခြည်ဒဏ်နှင့် ပြင်ပအပူချိန်အပြောင်းအလဲ
    များကြောင့် ဖြစ်နိုင်သည်။ အရက်သောက်ခြင်းကြောင့် couperosis သို့ rosacea မဖြစ်စေပါ။

ဘယ်သူတွေမှာဖြစ်လေ့ရှိသလဲ?

အရေပြားပါးလွှာသူများတွင် couperosis ပိုမိုတွေ့ရှိရလေ့ရှိသည်။

 

Rosacea ရဲ့လက္ခဏာများ?

Rosacea သည်တွေ့ရများသော အရေပြားဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး မျက်နှာတွင် အဓိက တွေ့ရတတ်သည်။ အထူးသဖြင့် နှာခေါင်း၊ ပါး၊ နဖူး နှင့် မေးစေ့တွင် တွေ့ရများသည်။ မျက်လုံးတဝိုက်တွင် တွေ့ရတတ်သော်လည်း ရှားပါးသည်။

Rosacea ဆိုသည်မှာ ဝက်ခြံမဟုတ်၍ “acne rosacea” အခေါ်အဝေါ် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထိုကဲ့သို့ rosacea အသွင်ပြင်ကြောင့် စိတ်ပိုင်းဆိုင်ရာထိုခိုက်မှုများဖြစ်တတ်သည်။ နှစ်နဲ့ချီအရက်သောက်ခြင်းကြောင့် ဖြစ်တတ်သောမျက်နှာနီမြန်းခြင်းနှင့် မကြာခဏမှားတတ်သည်။

 

ပုံစံ ၃ မျိုး၊ လက္ခဏာ ၃ မျိုး

Step 1

1/ သွေးကြောမျှင်ပုံစံ : နီမြန်းခြင်းနှင့် couperosis

မျက်နှာနီမြန်းခြင်း၊ couperosis နှင့်တွဲ၍သော်လည်းကောင်း (သို့) မတွဲ၍သော်လည်းကောင်း (သေးငယ်သောသွေးကြောမျှင်ကျယ်များ၊ နှာခေါင်းနှင့်ပါးတဝိုက်၊ telangiectasias) တွေ့ရတတ်သည်။ Vasomotor flushes (မျက်နှာပူစပ်စပ်ဖြစ်ပြီး အလျင်အမြန်ပျောက်ကွယ်သွားတတ်ခြင်း) နှင့် တွဲ၍ မကြာခဏဆိုသလို တွေ့ရတတ်သည်။

Step 2

2/ Papulo-pustular ပုံစံ

နီမြန်းခြင်းနှင့် ဝက်ခြံကဲ့သို့အဖုလေးများနှင့်တွဲတွေ့ရခြင်း (အနီစက်နှင့် အဖုငယ်များ သို့သော် အဆီ ဆားဝက်ခြံပုံစံများမဟုတ်ပေ)၊ မျက်နှာတွင်သာတွေ့ရတတ်သည်။

Step 3

3/  Hypertrophic ပုံစံ

ရှားပါးပုံစံ၊ အမျိုးသားများတွင်သာတွေ့ရတတ်သည်။ Rhinophyma ဟုခေါ်ပြီး တချို့သောသူများ ထင်နေသကဲ့သို့ နီရုံသာမက ကြီး၍ကြမ်းတမ်းနေသော နှာခေါင်းပုံစံမျိုးနှင့်တွေ့ရသည့်အတွက် နေ့စဉ်လူနေမှုတွင် အဆင်မပြေမှုများဖြစ်စေနိုင်သည်။

Rosacea ကဘာကြောင့်ဖြစ်တာလဲ?

Adult

မျိုးရိုးဗီဇ

အသားလတ်သည့် ဥရောပမြောက်ပိုင်းရှိ အမျိုးသမီးများတွင် အများဆုံးဖြစ်သည်။

Sun

အခြားပြင်ပမှ ပတ်ဝန်းကျင်ဆိုင်ရာအချက်များ

UV ရောင်ခြည်နှင့် ထိတွေ့မှု၊ အပူချိန်အပြောင်းအလဲ (တချို့သောအလုပ်အကိုင်များကြောင့် ပိုမိုထိတွေ့ခံရခြင်း)

Stress

အစားအသောက်

အရက်၊ အစပ်တို့က rosacea ကို သက်ရောက်သည်

Body areas

မျက်နှာရှိသွေးကြောများ ပုံမမှန်ဖြစ်ခြင်း

မျက်နှာရဲခြင်း၏ အဓိကအကြောင်းအရင်းဖြစ်နိုင်

Immunity

ကပ်ပါးကောင်ငယ်

Demodex folliculorum ဟုခေါ်သော အရေပြားရှိကပ်ပါးကောင်ကြောင့်ရောင်ရမ်းမှုဖြစ်ပြီး အဓိကကျသော အပိုင်းတွင်ပါဝင်သည်။

Rosacea ဘယ်လိုလူတွေမှာဖြစ်သလဲ?

အမျိုးသားများထက် အမျိုးသမီးများတွင် ၃ ဆ ပို၍တွေ့ရသည်။ အသားအရောင်ဖျော့သောသူများ၊ အသက် ၃၀ ပတ်ဝန်းကျင်တွင် တွေ့ရတတ်ပြီး အသက် ၅၀ တွင် အများဆုံး တွေ့ရတတ်သည်။  တုံ့ပြန်ထိရှလွယ်အသားအရေ sensitive skin တွင် မကြာခဏဖြစ်ပေါ်တတ်သည်။

အရေပြားကျွမ်းကျင်ပညာရှင်များထံသွားရောက်မေးမြန်းပါ။ သို့မှသာ couperosis၊ rosacea (သို့)
တခြားသော အရေပြားရောဂါမှန်းသေချာသိရမည်။

Doctor with a patient in a medical office

ကာကွယ်ခြင်းဖြင့် ကုသခြင်း
ဖြစ်စေတတ်သောအရာများ ရှောင်ရှားခြင်း - အပူချိန်အပြောင်းအလဲ၊ UV ထိတွေ့ခြင်း၊ အပူရည်သောက်သုံးခြင်းများ၊ အစပ်စားခြင်း၊ ကော်ဖီနှင့်အရက်၊ အရက်သောက်ခြင်းက rosacea ကို ဖြစ်စေခြင်းမဟုတ်သော်လည်း ပိုဆိုးလာစေတတ်သည်။
အကယ်၍ မျက်နှာပူစပ်စပ်ဖြစ်ခြင်းဖြစ်နေလျှင် ဆရာဝန်အကြံပြုချက် - ရေခဲတုံးကို ပါးစပ်ထဲ  မိနစ်အနည်းငယ်ကြာ အရည်ပျော်သည်အထိငုံထားရန်။

Bioderma - Woman protecting from the sun

ဆရာဝန်အညွှန်း

  • လိမ်းဆေး -  metronidazole gel (သို့) cream (သို့) compound
  • သောက်ဆေး - ပိုးသတ်ဆေး (tetracycline)၊ papulo-pustules သို့ ocular rosacea ပုံမှန်အားဖြင့် ၃ လကျော်ပေးလေ့ရှိသည်။

Rosacea သည်ကုသ၍မပျောက်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ပြန်ပြန်ဖြစ်တတ်သောရောဂါတစ်မျိုး ဖြစ်၍ လိမ်းဆေးတောက်လျှောက်ပေးထားပြီး ကုရတတ်သည်။
နီမြန်းခြင်းသည် ကုရခက်သော်လည်း လေဆာကုသမှုလုပ်လျှင် (အထူးသဖြင့် pulse dye lasers ၊ Nd Yag နှင့် KTP) နှင့်ကုလျှင် အကျိုးသက်ရောက်မှုရှိသည်။ Vascular lasers အမျိုးအမျိုး အောက်ပါအတိုင်းဖြစ်သည်။

Woman taking medication

လေဆာနှင့်ကုသခြင်း၊ ဤကုထုံးသည် သိသိသာသာ အကျိုးသက်ရောက်မှုရှိစေသည်။ အရေပြားရောဂါအမျိုးအစားအလိုက် လေဆာကုထုံးအမျိုးမျိုးရှိသည်။ ဆိုလိုရင်းမှာ သွေးပြန်ကြောနှင့် သွေးနီဥပေါ် အကျိုးသက်ရောက်ပြီး ကုသပေးခြင်း : KTP လေဆာသည် haemoglobin နှင့် couperosis အတွက် ၊ Nd:YAG laser နှင့် pulse dye lasers သည် erythrosis and spider angiomas ဖြစ်သည်။

Woman having skin therapy

Dermo-cosmetic ကုသမှုများသည် အပေါ်ယံအရေပြားအလွှာတွင် သွေးကြောမျှင်ပေါ်၍ နီမြန်ခြင်း  rosacea နှင့် couperosis တွင် အသုံးဝင်သည်။ အစိုဓာတ်ဖြည့်ခြင်း၊ သက်တောင့်သက်သာဖြစ်စေခြင်း၊ သွေးကြောဆိုင်ရာကာကွယ်မှု အာနိသင်ပါရှိခဲ့လျှင် ၎င်းသည် စံကုသမှုဖြစ်လာမည်။ သင့်တော် မှန်ကန်သော cleansing သန့်စင်ထုတ်ကုန်မျာသည်လည်းအရေးကြီးသည်။ သို့မှသာ ရေဘုံပိုင်မှ ရေနှင့် မထိတွေ့ရအောင် တားဆီးပေးနိုင်မည်။ နေရောင်ကာကွယ်ခြင်းလည်းလုပ်ရမည်။ တချို့သော နီမြန်းခြင်းကို ချေဖျက်ပေးနိုင်သည်။ ခရင်မ်များသည်လည်း အသုံးဝင်သည်။ (အစိမ်းရောင်ခြယ်များ ပါဝင်၍ နီမြန်းခြင်းကို လျော့ပါးစေသည်။)

Bioderma - woman applying cream on the face

ရေဆေးရသောနေ့စဉ်သုံးသန့်စင်ပစ္စည်း

ထိခိုက်လွယ်သောအသားအရေ

D.A.F. Patent

Sensibio Gel moussant

အရေပြား၏ သဘာဝရေဓာတ်ကို ဖြည့်တင်းပေးပြီး သက်တောင့်သက်သာဖြစ်စေသော micellar သန့်စင်ဂျယ်လ်

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

နေ့စဉ်သုံးအသားအရေထိန်းသိမ်းခြင်း

နီမြန်းခြင်းနှင့် အကြေးဖတ်များဖြစ်ပွားလွယ်သော ထိခိုက်တုံ့ပြန်လွယ် အေရျပား

D.A.F. Patent

Sensibio DS+ Creme

နီမြန်းမှုကို လျှော့ချပေးပြီး မှိုရောဂါကြောင့် အရေပြားအကြေးဖတ်များဖြစ်ခြင်းကို သက်သာစေသည်။

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်

နေ့စဉ်သုံးသန့်စင်ပစ္စည်း

ထိခိုက်လွယ်သောအသားအရေ ပုံမှန်အသားရေ

Micellar technology

Sensibio H2O

မူပိုင် မြင့်မားစွာသန့်စင်ထားသောရေ၊ အရေပြားကို သက်သာစေပြီး အညစ်အကြေးနှင့် မိတ်ကပ်အန္တရာယ်မှ ကင်းဝေးစေသည်။

ဘယ့်သူ့အတွက်လဲ?

လူကြီး, ဆယ်ကျော်သက်